စီးပွားရေးအဘိဓာန် ၁၀၇

ExportExpense Account အသုံးစရိတ်စာရင်း။

ရုံး၏ပြင်ပ၌ စီးပွားရေးလုပ်ငန်းလုပ် ဆောင်စဉ်ကုန်ကျခဲ့သည့် အလုပ်နှင့်ဆိုင်ရာအသုံးများ ဥပမာခရီးစရိတ်၊ ဧည့်ခံစရိတ်စ သည့် အထူးသုံးစွဲငွေများ စာရင်းရှင်းတမ်းဖြစ်သည်။ ပုံမှန်အားဖြင့် ထိုသို့သောစရိတ်များ ပြန်လည်ဖြည်ထုတ်မပေးမီ ခွင့်ပြုချက်ရှိရသည်။

Exponential နှစ်ထပ်ကိန်း ညှိနှိုင်းချက်။

အချက်အလက်များကို ပြီးခဲ့သည့်အတိတ် အတွေ့အကြုံများထက်မကြာမီဖြစ်ရပ်များ ရောင်ပြန်ဟပ်စေပြီး ကြိုတင် ခန့်မှန်းရာ၌ ပိုမိုအသုံးဝင်ထိရောက်စေရန် ပြုလုပ်သည့်စာရင်းအင်းပညာ နည်းနိဿယတစ်ခုဖြစ်သည်။ ဥပမာ-ကုန်စည် ထိန်းချုပ်ရာ၌ ရက်သတ္တတစ်ပတ်အတွက် ကုန်စည်အသုံးကို ၈၀ မှန်းထားပြီးအမှန်အသုံးက ၉၀ ဖြစ်ခဲ့၏။ ပျှမ်းမျှ လိုအပ်ချက်တွက်ရာ၌ ပျှမ်းမျှဟောင်းကို လက်ငင်းဦးရေအတွက် ဖော်မြူလာသုံးသည်။

ပျှမ်းမျှသစ် = ပျှမ်းမျှဟောင်း + အေ (လက်ငင်းလိုအပ်ချက်- ပျှမ်းမျှဟောင်း)

          အေသည် ပုံသေတစ်စိတ်ဖြစ်ပြီး စိတ်မှန်းသတ်မှတ် ဝ.၁။ ထို့ကြောင့် ပျှမ်းမျှသစ်သည် ၈၀ + ဝ.၁ (၉၀-၈၀) = ၈၁ ထို့နောက် နောက်အပတ်တွက် လိုအပ်ချက် သည် ၇၅ သို့ ကျဆင်းသွားပါက၊ ပျှမ်းမျှသစ်သည် ၈၁ + ဝ.၁ (၇၅-၈၁) = ၈၀.၄ ဖြစ်သည်။ နှစ်ထပ်ကိန်းညှိနှိုင်းခြင်းသည် သိုလှောင်ရေးပြဿနာကြိုသိသာစွာလျှော့နိုင်သည်။ အကြောင်းမှာ ကုန်စည်လို အပ်ချက်နှင့်စပ်လျဉ်း၍ လက်ငင်းဦးရေကို ထည့်စဉ်းစားသည်။ တွက်ချက်မှုရှုပ်ထွေးသည့်ဖြစ်စဉ်ပါ နှစ်ထပ်ကိန်း ညှိနှိုင်းခြင်းကွန်ပျူတာသုံးလာ၍ ပိုမိုလွယ်ကူစေခဲ့သည်။

Export ပြည်ပပို့ကုန်။

ပြည်ပနိုင်ငံသို့ ရောင်းချသည့် ကုန်စည်၊ သို့မဟုတ် ဝန်ဆောင်မှုကို ဆိုသည်။ ပြည်ပပို့ကုန်သည် နိုင်ငံခြားငွေရရန် လိုအပ်သော်လည်း အချို့သော ဘောဂဗေဒပညာရှင်များက ဖွံ့ဖြိုးမှုအထူးသဖြင့် ဖွံ့ဖြိုးနိမ့်နိုင်ငံတစ်ခုအတွက် ပြည်ပပို့ကုန်ပေါ်တည်မှီခြင်းကို အန္တရာယ်ရှိဟု ယုံကြည်ကြသည်။ အကြောင်းမှာ ပြည်တွင်းစီးပွားရေးနှင့် လူမှုရေးတိုးတက်မှုအတွက် လစ်လျူရှုတတ်သော အလားအလာကြောင့်ဖြစ်သည်။ ဥပမာ- အာဂျင်တီးနားသည် ၁၈ ရာစုနောက်ပိုင်းမှ ၁၉၃၀ ပြည့်နှစ်များဆီအထိ အမြတ်အစွန်းများစွာရှိ အမဲသားဦးရေများစွာ ဂရိတ်ဗြိတိန်သို့ ပို့ဆောင်ခဲ့သည်။ ရောင်းချရရှိငွေများအား အာဂျင်တီးနား နွားမွေးမြူရေးအတွက်သော်လည်းကောင်း အခြားအာဂျင်တီးနား စက်မှုကဏ္ဍများအတွက်သော်လည်းကောင်း သုံးစွဲခဲ့ခြင်းမရှိခဲ့ပေ။ ဗြိတိသျှက အမဲသားကို ၁၉၃၀ ပြည့်နှစ်စီကစ၍ အခြားမှရယူခဲ့သဖြင့် အာဂျင်တီးနားစက်မှုကဏ္ဍ ကျဆင်းပြီး၊ ၁၉၇၀ ပြည့်နှစ်ဆီမှစ၍ စဉ်ဆက်မပြတ်အကြပ် အတည်းဆိုက်ရောက်ခဲ့ရသည်။ အပေးအယူရှင်းတမ်း Balance of Payments၊ ကုန်သွယ်မှုရှင်းတမ်း Balance of Trade၊ ပို့ကုန်ကိုယ်တာ Export quota၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု International Investment ၊  မမြင်နိုင်သောအမယ်များ Invisible Items ၊ ကုန်သွယ်မှုဆိုင်ရာ အတိုင်းအတာသတ်မှတ်ချက်များ Terms of Trade တို့ကိုလည်းကြည့်ပါ။Export Import Bank of the United States အမေရိကန်ပြည်ထောင်စု၏ ပို့ကုန်သွင်းကုန်ဘဏ်။ Eximbank အိပ်ဇင်းဘဏ်လည်းဖြစ်သည်။

          ၁၉၃၄ ခုနှစ်က တည်ထောင်ခဲ့သော လွတ်လပ်သည့် အမေရိကန်အစိုးရ၏ ပြည်ပကုန်သွယ်မှုမြှင့်တင်ရန် အေဂျင်စီဖြစ်သည်။ အေဂျင်စီက နိုင်ငံခြားသားများအား အမေရိကန်တွင် သုံးစွဲရမည့် ချေးငွေများထုတ်ပေးပြီး  အမေရိကန်ဒေါ်လာဖြင့်ပင် ပြန်လည်ပေးဆပ်ရသည်။  ကြီးမားသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများအား ငွေကြေးထောက်ပံ့ရန် ပထမဦးဆုံးသော ပြည်သူ့အေဂျင်စီဖြစ်သည်။ ဘဏ်က အမေရိကန်ပို့ကုန်များ လှုံ့ဆော်နိုးထစေရန် အမေရိကန်တည်ဆောက်ရေး ကိရိယာပစ္စည်းများနှင့် ဝန်ဆောင်မှုများဝယ်ယူနိုင်ရန် ငွေချေးပေးသည်။ဘဏ်တွင် မတည်ငွေဒေါ်လာတစ်ဘီလီယံရှိပြီး အမေရိကန်ငွေတိုက် ဘဏ္ဍာရေးဌာနမှ ခြောက်ဘီလီယံနှင့်အထက် ချေးယူရနိုင်သည်။ မည်သည့်အချိန်၌မဆို ဘဏ်သည် ထုတ်ချေးထားငွေ၊ အာမခံချက်ပေးထားချက်နှင့် အာမခံထားရန် ဘီလီယံလေးဆယ်ထိ ထုတ်ပေးထားနိုင်ပြီး ပုဂ္ဂလိကရင်းနှီးငွေနှင့်တော့ ပြိုင်ဆိုင်ရမည်မဟုတ်ပေ။ ကုန်သွယ်မှုတိုးမြှင့်ပေးရန်အပြင် ၎င်း၏ချေးငွေများပေါ် အတိုးများကောက်ခံကာ ယင်းအတိုးရငွေများက အမေရိကန်ငွေတိုက် ဘဏ္ဍာရေးဌာနအတွက် သိသိသာသာထည့်ဝင်ပေးသည်။

Cosco Oakland front 2

Exportlicense ပို့ကုန်လိုင်စင်။

သတ်မှတ်ကုန်စည်များ သတ်မှတ်နိုင်ငံတစ်ခုသို့ တင်ပို့ခွင့်လိုင်စင်ဖြစ်သည်။ ပို့ကုန်ကိုတာ Export Quota စီမံခန့်ခွဲရာ၌ ကာလတစ်ခုအတွင်း သီးသန့်ကန့်သတ်ချက် ချမှတ်ခြင်း၊ စစ်ကာလအတွင်း ကြားနေနိုင်ငံများသို့   သင်္ဘောတင်ပို့မှုများကန့်သတ်ခြင်း၊ သို့မဟုတ် စက်လက်နက်ပစ္စည်းများ၊ သို့မဟုတ် အခြားအရေးကြီးပစ္စည်းများ၊ အနုပညာကုန်စည်စသည့် ပို့ကုန်များ ကန့်သတ်ခြင်းတို့ ဖြစ်သည်။

Export Multiplier ပို့ကုန်မြှောက်ဖော်ကိန်း။

ပို့ကုန်မြှောက်ဖော်ရေးမူဝါဒ Multiplier Principle, def.2 အောက်ကြည့်ပါ။

Export Quota ပို့ကုန်ကိုတာ။

၁။       သတ်မှတ်အမယ်တစ်ခု၏ ပြည်ပတင်ပို့ရောင်းချ ပမာဏကို ဖော်ပြထားကာလတစ်ခုအတွင်း ကန့်သတ်ထားခြင်းကို သာမန်အားဖြင့် ပြည်တွင်းစက်မှုကဏ္ဍတစ်ခုအား အကာအကွယ်ပေးရန် ပြုလုပ်ခြင်းဖြစ်သည်။ ဥပမာအဖြစ် အမေရိကန်ပြည်ထောင်စု၌ သစ်လုံးများတင်ပို့ရောင်းချခြင်းကို အမေရိကန်သစ်စက်များအတွက် ဈေးနှုန်းများသက်သာရန် ကန့်သတ်ထားသည်ကို တွေ့နိုင်၏။

၂။       မိမိသဘောဖြင့် ပြည်ပတင်ပို့ရောင်းချမှု ကန့်သတ်ချက် “Voluntary” Export Quota ။ သွင်းကုန်များ ပြည်တွင်းဈေးကွက်အတွင်း ဝေစုကြီးမားစွာမရှိရန်၊ သို့မဟုတ် ပြည်တွင်းစက်မှုကဏ္ဍတွင် ကုန်ကြမ်းအ လုံအလောက်ရှိရန် ဆောင်ရွက်သော နည်းတစ်ခုဖြစ်သည်။ ပထမဖော်ပြသည့် ကန့်သတ်ချက်ကို အမေရိ ကန်ပြည်ထောင်စု၌ တစ်ချိန်ကဂျပန်အား ၎င်း၏အထည်အလိပ်နှင့် သံမဏိတင်ပို့မှုကို ကန့်သတ်ချက် သဘောတူညီလက်ခံစေခဲ့သည်။ ဂျပန်ကလည်း ယင်းသို့ မိမိသဘောနှင့် ပို့ကုန်မကန့်သတ်ခဲ့ပါက မလွဲမသွေလိုက်နာရမည့် ကန့်သတ်ချက်ပေါ်လာမည်ကို စိုးရိမ်၍ လိုက်နာဆောင်ရွက်ခဲ့သည်၊ အလားတူ အမေရိကန်ပြည်ထောင်စုက မိမိသဘောဖြင့်ရော မဖြစ်မနေသံနှင့်သံမဏိအတိုအစများ ပြည်ပတင်ပို့ ရောင်းချခြင်းကို ပြည်တွင်းလုပ်ငန်းများဈေးနှုန်း သက်သာစွာဖြင့် ကုန်ကြမ်းရရှိစေရန် ဆောင်ရွက်ခဲ့သည်။

Express Warranty လျင်မြန်ရေးအာမခံ။

အာမခံပေးခြင်း Warranty အောက်ကြည့်ပါ။

Expropriation သိမ်းယူခြင်း။

အစိုးရ၏ ပုဂ္ဂလိကပိုင်ပစ္စည်းကို ပိုင်ရှင်သို့ လျော်ကြေးအမြဲပေးခြင်းမပြုဘဲ သိမ်းယူခွင့်ကို ဆိုသည်။ သိသာပေါ် လွင်သောမူဘောင် Eminent Domain တွင်လည်း ကြည့်ပါ။

Ex-Rights ရပိုင်ခွင့်မကြ။

စတော့ရှယ်ယာပိုင်ရှင်တစ်ဦးသည် ကုမ္ပဏီက ယင်းကဲ့သို့ အလားတူစတော့ရှယ်ယာအသစ်ထုတ်ဝေရာ၌ ရှယ်ယာကြိုလျှော့ဈေးဖြင့် ဝယ်ယူခွင့် Rights ရှိသည်။ ထိုသို့သော ရပိုင်ခွင့်မပါ ရောင်းချသည့် စတော့ရှယ်ယာကြိုဆိုသည်။ ရပိုင်ခွင့်ပါ Cum Rights ဝေါဟာရကို ရှယ်ယာအသစ် ထုတ်ဝေရာတွင်ပါရှိကသုံးသည်။

Extended Bond တိုးချဲ့ငွေချေးစာချုပ်။

ငွေချေးစာချုပ် Bond def.1 အောက်ကြည့်ပါ။

Extended Coverage တိုးချဲ့အကျုံးဝင်ပါရှိမှု။

ပစ္စည်းအာမခံ Property Insurance အောက်ကြည့်ပါ။

 

ဒေါက်တာဦးမော်သန်း (ပါမောက္ခ (ငြိမ်း))

 (၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် CEO မဂ္ဂဇင်း)