ကိုယ့်ရဲ့ကုမ္ပဏီပိုင်ရှင်သူဌေးနဲ့ ခရီးတစ်ခုကို ကားတစ်စီးတည်းနဲ့ သွားတဲအခါမှာ အရှေ့ခြမ်းမှာ ထိုင်သင့်လား၊ အနောက်ခြမ်းမှာထိုင်သင့်လားဆိုတာ . . .

etiquette1

ဒီလိုအခြေအနေမျိုးနဲ့ ကြုံရပြီဆိုရင် ကားဆီကို အပြေးအလွှား မသွားမိအောင် သတိပြုသင့်ပါတယ်။ ကိုယ်စီးရမယ့်ကားဆီကို ရောက်တဲ့အခါမှာလည်း ကိုယ့်ရဲ့လုပ်ငန်းရှင် (သူဌေး) က သူထိုင်ဖို့ စိတ်ကြိုက်နေရာကို ရွေးချယ်ပြီးတဲ့အထိစောင့်ပြီးမှ ကိုယ်နဲ့လည်းအဆင်ပြေသင့်တော်တဲ့ နေရာလွတ်တစ်ခုမှာ ရွေးထိုင်သင့်ပါတယ်။

ခရီးတစ်ခုကို ကိုယ့်ရဲ့သူဌေးနဲ့အတူတူ အငှားယာဉ်၊ ဒါမှမဟုတ် ကုမ္ပဏီရဲ့ ဇိမ်ခံကားနဲ့ သွားရမယ်ဆိုရင် သူဌေးကို ကားနောက်ခန်းမှာ ထိုင်ဖို့နေရာပေးတာက ပိုပြီးသင့်တော်ပါတယ်။ ကိုယ့်ရဲ့ စီနီယာတွေနဲ့အတူ ခရီးသွားတဲ့အခါမှာလည်း သူတို့နှစ်သက်တဲ့နေရာကို ရွေးချယ်ပြီးတော့ လွတ်တဲ့နေရာမှာသာ သင်ဝင်ရောက် နေရာယူသင့်ပါတယ်။

ဒီမှာ အသက်ငယ်ငယ် အလုပ်အမှုဆောင်တစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။ သူဟာ တခြားဝန်ထမ်းနှစ်ဦးပါ ပါဝင်တဲ့ ခရီးတစ်ခုကို သူ့ရဲ့ သူဌေးနဲ့အတူသွားတုန်းက သူဌေးကို ကားနောက်ခန်းမှာ တခြားဝန်ထမ်းနှစ်ဦးနဲ့အတူ ထိုင်ဖို့အတွက်နေရာပေးပြီး သူကရှေ့ခန်းမှာ ဝင်ထိုင်ခဲ့တဲ့အတွက် မျက်နှာမရဘဲ ခြေထောက်ရကိန်းဆိုက်ခဲ့ပါတယ်။ ဒါကြောင့် တခြားဝန်ထမ်းတွေ ပါလာတဲ့အခါမျိုးမှာ သူဌေးကို နောက်ခန်းမှာ နေရာမပေးမိအောင် သတိပြုသင့်ပါတယ်။

ဒဿနိကဗေဒပညာရှင်တစ်ယောက်က အစဉ်လိုက်နာမည်စီထားတဲ့နေရာဆိုတာ တကယ်တော့ မရှိပါဘူးလို့ ဆွေးနွေးပွဲတစ်ခုမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။ ကိုယ့်ရဲ့စီနီယာနဲ့ ခရီးသွားတဲ့အခါမှာ သူ့မှာ လုပ်ဖော်ကိုင်ဖက်အဖော်တစ်ယောက်ယောက် အဖော်ပါလာရင် တုံ့ဆိုင်းမနေဘဲ နေရာဖယ်ပေးရမလားဆိုပြီး မေးသင့်ပါတယ်။