ကုမ္ပဏီတစ်ခုမှာ HR ထားခြင်း၊ မထားခြင်းရဲ့ အကျိုးနဲ့ အပြစ်များ

HR ကို Family Business လို All in One လုပ်တဲ့ ကုမ္ပဏီတွေ၊ Organization သေးတဲ့ကုမ္ပဏီတွေ၊ Private Owned ကုမ္ပဏီတွေထဲက တချို့ဟာ ကုမ္ပဏီမှာ HR ထားလေ့ မရှိကြပါဘူး။ ဒါပေမဲ့ သူက Admin ၊ Finance ကိုတော့ လိုနေမှာဖြစ်ပါတယ်။ ကုမ္ပဏီတွေဟာ Organization ကြီးလာလို့ ဝန်ထမ်း ၁၀၀၀ လောက် ဖြစ်လာတဲ့အခါမှာတော့ ဝန်ထမ်းတွေရဲ့ သာရေး၊ နာရေးတွေ၊ တိုးတက်မှုတွေ၊ အရေးယူမှုတွေ စတာတွေ ရှိလာမှာ ဖြစ်တဲ့အတွက် HR လိုအပ်လာပါတယ်။ အဲဒီအခါမှာ ကုမ္ပဏီရဲ့ Sized ပေါ်မှာ မူတည်ပြီးတော့ Local ပဲဖြစ်ဖြစ်၊ International ကုမ္ပဏီပဲဖြစ်ဖြစ် Business Strategy မှာ Support Function ကနေ Business ကို Business လို့ နားလည်ပြီးတော့ ဝန်ထမ်းတွေကို Treat လုပ်ဖို့အတွက် HR ဌာနက ရှိမှကိုဖြစ်မှာဖြစ်ပါတယ်။

ဥပမာအနေနဲ့ ပြောရရင် ကျွန်တော်သိတဲ့ Beverage လုပ်ငန်းကို လုပ်ကိုင်တဲ့ Local ကုမ္ပဏီတစ်ခုဆိုရင် သူ့မှာရှိတဲ့ Investor တွေကလာပြီး သူ့ရဲ့ Business Plan တွေကိုကြည့်ပြီး Yes ၊ No မပြောဘဲ ပြန်သွားကြတယ်။ နောက်ဆုံးမှာ ကုမ္ပဏီတစ်ခုက HR ရဲ့ Business Plan ကိုတောင်းကြည့်ပြီးမှ သဘောတူသွားတာတွေကို ကြည့်ရခြင်းအားဖြင့် HR ရဲ့ အသုံးဝင်မှုကို သိနိုင်ပါတယ်။

HR1

ဒါကြောင့် ဝန်ထမ်းတွေရှိနေသမျှ ကာလပတ်လုံး ဝန်ထမ်းရေးရာဌာန (HR) ရဲ့ အရေးပါမှုက တကယ်ကို အကျိုးရှိတယ်လို့ မြင်ပါတယ်။ ကုမ္ပဏီမှာ HR မထားဘူးဆိုရင် ဝန်ထမ်းတွေရဲ့ Performance ကို မသိနိုင်တော့ဘူး။ သူတို့တွေရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုတွေကို Moniter မလုပ်ဘဲ လျစ်လျူရှုမယ်ဆိုရင် ကိုယ့်ရဲ့ကုမ္ပဏီမှာ ရေရှည်ဆက်နေဖို့ တော်တော်နည်းတယ်လို့ ပြောချင်ပါတယ်။ သူတို့ကထွက်ရင် ကိုယ်ကပြန်ပြန်ခန့်နေရမှာဖြစ်တဲ့အတွက် ဂျာအေးသူ့အမေရိုက်တဲ့ ဇာတ်လမ်းမျိုးဖြစ်နေနိုင်ပါတယ်။ ဝန်ထမ်းရေးရာရဲ့ အရေးပါမှုက သူ့ရဲ့ Value ကို နားလည်တဲ့မူတည်ပါတယ်။ သူ့ရဲ့ Value ကို နားမလည်ဘူးဆိုရင် စောနကပြောတဲ့ Up and Down ကိစ္စတွေက ဖြစ်နေဦးမှာဖြစ်ပါတယ်။ ဝန်ထမ်းရေးရာက Strong ဖြစ်တယ်ဆိုရင် ကုမ္ပဏီအနေနဲ့ အောင်မြင်မှုရဖို့အတွက် ပိုပြီးနီးစပ်တယ်လို့ ပြောလို့ရပါတယ်။ အဲဒီအခါမှာ ကုမ္ပဏီရဲ့ Operation ကို HR က Directly Support ပေးသလို HR နဲ့ Customer Service က ၁၀၀ ရာခိုင်နှုန်း Link ရှိလာတယ်။

နောက်ဆုံးဖြေချင်တာကတော့ ကုမ္ပဏီမှာ HR ဟာ ဝန်ထမ်းရေးရာမှာ ကိုယ်လုပ်နေရတာလေးကိုတင် သိနေရုံနဲ့မရဘဲ Outside In လို့ခေါ်တဲ့ ပြင်ပကလာတဲ့ Political ၊ Environment ၊ Technological စတာတွေ အားလုံးကို အမြဲမပြတ်လေ့လာနေရပါမယ်။ ဥပမာ - နိုင်ငံရေးပြောင်းလဲမှုက ကိုယ့်ကုမ္ပဏီကို သက်ရောက်မှု ရှိနိုင်လား။ သက်ရောက်မှုက ဘာဖြစ်နိုင်မလဲ၊ ဝန်ထမ်းခန့်တဲ့ပေါ် မူတည်မှာလား၊ ဝန်ထမ်းတွေရဲ့ Talent Market ကရော ပြည့်စုံရဲ့လား၊ စီးပွားရေးအရ ကုမ္ပဏီသစ်တွေ ဝင်လာပြီလား၊ Competition က ဘယ်လိုနေလဲ၊ ကိုယ့် ရဲ့ဝင်ငွေ၊ ထွက်ငွေနဲ့ ဝန်ထမ်းတွေက ဘာလိုအပ်ချက်တွေ ရှိနေပြီလဲဆိုတဲ့ အပြင်က External Factor တွေကိုလည်း ကြည့်ပေးဖို့လိုပါတယ်။ တော်တော်များများကတော့ Internal နဲ့ Focus လုပ်တာများပြီးတော့ ကိုယ့်ကိုကိုယ်ဟုတ်လှပြီ ထင်နေကြတာတွေ များပါတယ်။ External Factor တွေက တကယ်ကို အကျိုးသက်ရောက်မှုရှိပါတယ်လို့ ပြောချင်ပါတယ်။

ဦးမျိုးသန်း - Head of Learning and Development, Puma Energy Myanmar Co Ltd