
2014 ခုနှစ် ဇွန်လ ၁၂ ရက်ကနေ ဇူလိုင်လ ၁၃ ရက်နေ့ အထိ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကနေ ကျင်းခဲ့တာဖြစ်ပါတယ်။ လေးနှစ်တစ်ကြိမ် ကျင်းပ တာကြောင့် လွန်ခဲ့တဲ့လေးနှစ် ၂၀၁၀ပြည့်နှစ်က တောင်အာဖရိက မှာကျင်းပစဉ်က အမှတ်တရအဖြစ် Waka Waka သီချင်းနဲ့ ဗူဗူဇီလာခရာတို့က တစ်ကမ္ဘာလုံးမှာ စွဲကျန်ခဲ့ပါတယ်။ ဘော လုံးကစားနည်းဟာ ကမ္ဘာ့လူကြိုက်အများဆုံး အားကစားဖြစ်တဲ့ အတွက် အိုလံပစ်တို့၊SEA Games တို့လိုပွဲတွေမှာ ဘောလုံး ပွဲစဉ်ပြီးသွားရင် ကျန်တဲ့အားကစားပြိုင်ပွဲတွေမှာ စိတ်ဝင်စားမှု လျော့ကျသွားတာပါပဲ။ ဒါကြောင့်လည်း ကုမ္ပဏီကြီးတွေက စီးပွားရေးဈေး ကွက်ဖော်ဆောင်မှုတွေကို ကမ္ဘာ့ဖလားပွဲမှာ အသွင်အမျိုးမျိုးနဲ့ ပါဝင်ဆောင်ရွက်လာတာတွေ့ရပါတယ်။ ဘောလုံးနဲ့ တွဲဖက် ဖော်ဆောင်တဲ့ Marketing တွေ၊ ကုန်ပစ္စည်း Promotion တွေက စီးပွားရေးလုပ်ငန်းကြီးတွေအတွက် မြိုးမြိုးမြက်မြက် ရှိရုံသာမက ၂၀၁၀ ပြည့်နှစ်တောင်အာဖရိကပွဲဆိုရင်လည်း FIFA အတွက် ဝင်ငွေ စံချိန်အတင်ဆုံးဖြစ်ခဲ့ပါတယ်။ ဒီနှစ် အိမ်ရှင်အဖြစ် လက်ခံကျင်း ပမယ့်ဘရာဇီးနိုင်ငံမှာလည်း ဘယ် သူတွေ ဘယ်လိုဝင်ငွေ၊ ဘယ်လိုအကျိုးအမြတ်ရနိုင်မလဲဆို တာ မှန်းဆတွက်ဆမှုတွေ ပေါ်ထွက်နေပါပြီ။ အရင်ပွဲရဲ့ကိန်း ဂဏန်းတွေကို စကြည့်ရအောင်ပါ။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ ၂၀၁၀ ပြည့်နှစ် တောင် အာဖရိက ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင်ငွေ
တောင်အာဖရိကမှာကျင်းပ ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာဝင်ငွေ ဒေါ်လာ ၃.၇ ဘီလီယံရရှိခဲ့ တယ်လို့ FIFA က ထုတ် ပြန်ကြေညာခဲ့ပါတယ်။ ဝင် ငွေအများစုကို ရုပ်သံထုတ် လွှင့်ခွင့်ရောင်းချရမှုကနေ ရရှိခဲ့တာဖြစ်ပြီး ဒေါ်လာ ၂.၄ ဘီလီယံ ရရှိခဲ့ပါတယ်။ Marketing နဲ့ ှSponsorship ရောင်းချရမှုကနေ ဒေါ်လာ ၁.၁ ဘီလီယံ ရရှိခဲ့ပါတယ်။ FIFA ဟာ အမြတ်အနေနဲ့ ဒေါ်လာ ၆၃၁ သန်းရရှိခဲ့ပါတယ်။ တောင်အာဖရိကကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ဘောလုံးပွဲစဉ် ၆၄ ပွဲကစားခဲ့ပြီး လက်မှတ် ရောင်းချရမှုနှုန်း ၇၉ ရာခိုင်နှုန်းရှိခဲ့ကာ လက်မှတ်ရောင်းရငွေ ဒေါ်လာသန်းသုံးရာရရှိခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် FIFA ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အခုအချိန်ထိ ကျင်းပပြီးခဲ့တဲ့ပြိုင်ပွဲ တွေထဲမှာ အမြတ်ရရှိမှု အများဆုံးပြိုင်ပွဲအဖြစ် ရပ်တည်နေ ပါတယ်။
FIFA ရဲ့ ၂၀၁၃ ခုနှစ်ဘဏ္ဍာရေးထုတ်ပြန်ချက် အရ FIFA ရဲ့ အကြီးမားဆုံးဝင်ငွေအရင်းအမြစ်ကတော့ ပြိုင်ပွဲတွေ ကျင်းပတာကနေ ရရှိတဲ့ဝင်ငွေတွေဖြစ်ပြီး စုစု ပေါင်းဝင်ငွေရဲ့ ၈၀ ရာခိုင်နှုန်းဖြစ်တဲ့ဒေါ်လာ ၁,၂၂၀ သန်း ရရှိခဲ့ပါတယ်။ အဲဒီပမာဏထဲက ဒေါ်လာသန်း ၆၃၀ ဟာ ရုပ်မြင်သံကြား ထုတ်လွှင့်ခွင့်ရောင်းချမှုကနေ ရရှိထားတာ ဖြစ်ပြီး ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ရုပ်သံထုတ်လွှင့်ခွင့်ရောင်းချရမှုကချည်းပဲ ဒေါ်လာ ၆၀၁ သန်းရရှိခဲ့ပါ တယ်။ ပြိုင်ပွဲတွေကျင်းပတာနဲ့ဆယ်နွှယ်ပြီး ဈေးကွက်ထိုးဖောက်ခွင့်ရောင်းချမှု (Marketing Rights Sales) ကနေ ရရှိတဲ့ဝင်ငွေ ဒေါ်လာ ၄၁၃ သန်းမှာ ဒေါ်လာ ၄၀၄ သန်း က ၂၀၁၄ ခုနှစ် FIFA ကမ္ဘာ့ဖလားအတွက် ရောင်းချရမှု ကနေ ရရှိထားပါတယ်။
အိမ်ရှင်တောင်အာဖရိကအတွက် တွက်ခြေကိုက်၊ မကိုက်
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပထမဆုံး အကြိမ် လက်ခံကျင်းပခဲ့တဲ့ တောင်အာဖရိကနိုင်ငံအတွက် တော့ ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ မျှော်မှန်းထား သလောက် စီးပွားရေးအရ အောင်မြင် မှုမရရှိခဲ့ပါဘူးတဲ့။ ကမ္ဘာ့လှည့်ခရီးသည် ၄၅၀,၀၀၀ လာရောက်မယ်လို့ ခန့် မှန်းခဲ့ပေမဲ့ ၃၀၉,၅၅၄ ဦးပဲလာရောက်ခဲ့ပါတယ်။ တောင် အာဖရိကနိုင်ငံဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ဝင်ငွေ ဒေါ်လာသန်းကိုးရာရ မယ်လို့ခန့်မှန်းခဲ့ပေမဲ့ ခန့်မှန်းချက်ရဲ့ ၆၀ ရာခိုင်နှုန်း (ဒေါ်လာ ၅၁၃ သန်း) ပဲ ရရှိခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပဖို့အတွက် ဘောလုံးကွင်း တွေနဲ့ အခြေခံအဆောက်အအုံတွေကို တည်ဆောက်ပြုပြင် မွမ်းမံဖို့အတွက် ဒေါ်လာ ၄.၅ ဘီလီယံအသုံးပြုခဲ့ပြီး ရင်း နှီးမြှုပ်နှံမှုရဲ့ ၁၁ ရာခိုင်နှုန်းကိုပဲ ပြန်လည်ရရှိခဲ့ပါတယ်။
ကမ္ဘာ့ဖလား ၂၀၁၄ ကြောင့် အိမ်ရှင်ဘရာဇီးနိုင်ငံအတွက် မျှော်လင့်နိုင်တဲ့ အကျိုး အမြတ်များ
၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြောင့် ဘရာဇီး နိုင်ငံအနေနဲ့ ဝင်ငွေ ဘရာဇီးရီရယ် ၆၂.၁ ဘီလီယံခန့် (ဒေါ်လာ ၂၇.၇ ဘီလီယံ) ရရှိနိုင်တယ်လို့ ဘရာဇီးခရီး သွားလုပ်ငန်းဝန်ကြီးဌာနက ခန့်မှန်းထား ပါတယ်။ လောလောဆယ်မှာတော့ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့အတွက် ရင်းနှီးမြှုပ်နှံမှု အထွေထွေကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံရှိနေပါတယ်။ ဝင်ငွေတွေကိုတော့ ကဏ္ဍအလိုက် ခုလိုခန့်မှန်းထားပါတယ်။
၁။ လက်မှတ်ရောင်းချမှု
၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စုစုပေါင်းလက်မှတ် အရေအတွက် ၃,၃၃၄,၅၂၄ ရောင်းချမယ်လို့ ဖီဖာက ခန့်မှန်း ထားပါတယ်။ လက်မှတ်အများစုကိုတော့ ဖီဖာရဲ့စီးပွားဖက် အဖွဲ့အစည်းတွေ၊ ဧည့်ဝန်ဆောင်မှုအဖွဲ့ အစည်းတွေ၊ မီဒီယာ ရပိုင်ခွင့်ကိုင်ဆောင်ထားသူတွေနဲ့ VIP တွေကို ဖြန့်ဝေထား ပါတယ်။ လက်မှတ်အရေအတွက် ၁၁ သိန်းခန့်ကိုတော့ ပရိသတ်တွေကိုရောင်းချမှာဖြစ်ပြီး ဘရာဇီးမှာ နေထိုင်သူ တွေအတွက် လက်မှတ် အရေအတွက် လေးသိန်း၊ နိုင်ငံ တကာပရိသတ်တွေနဲ့ ဘရာဇီးနိုင်ငံသားတွေအတွက် လက် မှတ်အရေအတွက် ခုနစ်သိန်းခွဲတမ်းသတ်မှတ်ထားပါတယ်။ [caption id="attachment_10858" align="alignnone" width="720"]

ကမ္ဘာ့ဖလားလာဘ်ကောင်သည်ရုပ်သည် ဘရာဇီးနိုင်ငံရှိ မျိုးတုန်းလုနီးပါးဖြစ်နေသော Armadillo သတ္တဝါကို ကိုယ်စားပြုထားခြင်းဖြစ်သည်။[/caption]
၂။ ခရီးသွားလုပ်ငန်း
၂၀၁၄ ခုနှစ်မှာ ဘရာဇီးနိုင်ငံကို ကမ္ဘာလှည့်ခရီးသည် ခုနစ်သန်း လာရောက်မှာဖြစ်ပြီး နိုင်ငံတကာကခရီးသည် တွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုတည်းမှာပဲ ဒေါ်လာ ၉.၂ ဘီလီယံ သုံးစွဲကြလိမ့်မယ်လို့ ဘရာဇီးခရီးသွား လုပ်ငန်း ဘုတ်အဖွဲ့ Embratur က ခန့်မှန်းထားပါတယ်။

၃။ Sponsorship
FIFA ကခန့်မှန်းထားတဲ့ Sponsorship ကနေ ရရှိမယ့် ဝင်ငွေဟာ တောင်အာဖရိကမှာကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ကမ္ဘာ့ ဖလားပြိုင်ပွဲတုန်းကထက် ၁၀ ရာခိုင်နှုန်း မြင့်တက်လာပါ တယ်။ ကုမ္ပဏီ ၂၀ နဲ့ Sponsorship စာချုပ် ချုပ်ဆိုမှု ကနေ ဒေါ်လာ ၁.၄ ဘီလီယံရရှိမယ်လို့ ခန့်မှန်းထားပါ တယ်။ Sponsorship ကိုတော့ Partners ၊International Sponsors နဲ့ National Sponsors ဆိုပြီး အမျိုးအစား သုံးမျိုး ခွဲထားပါတယ်။
ပထမအမျိုးအစားဖြစ်တဲ့ Partners အုပ်စုထဲမှာ Adidas ၊ Coca-Cola ၊ Hyundai ။ Kia ၊ Emirates ၊ Sony နဲ့ Visa တို့ပါဝင်ပါတယ်။ ဒုတိယအမျိုးအစားဖြစ် တဲ့ International Sponsors အုပ်စု ထဲမှာ Budweiser ၊ Castrol ၊Continental ၊ Johnson & Johnson ၊ Oi ၊ Mc Donalds ၊Moy Park နဲ့ Yinglisolar တို့ ပါဝင်ပါ တယ်။ တတိယအမျိုးအစားဖြစ်တဲ့ National Sponsors အုပ်စုထဲမှာတော့ ApexBrasil ၊ Centauro ၊ Garoto ၊ Itau ၊ ူLiberty Seguros နဲ့ WiseUp တို့ ပါဝင်ပါတယ်။Partners အုပ်စုဟာ Sponsorship ရပိုင်ခွင့်အတွက် ဒေါ်လာ သန်း၇၃၀၊ International Sponsors အုပ်စုက ဒေါ်လာ သန်းငါးရာနဲ့ National Sponsors အုပ်စုက ဒေါ်လာ သန်း ၁၇၀ သုံးစွဲမယ်လို့ ခန့်မှန်းထားပါတယ်။ AmBev ၊ Coca-Cola ၊ BancoItau ၊Jhonson & Jhonson ၊ Hyundai ၊ Nestle စတဲ့ ကုမ္ပဏီတွေဟာ Sponsorship စာချုပ်အတွက် ကုမ္ပဏီတစ်ခုကို ဒေါ်လာ ၇၃ သန်းစီ FIFA ကို ပေးရပါတယ်။
၄။ ရုပ်သံထုတ်လွှင့်ခွင့်လိုင်စင်
ဒေါ်လာ ၂.၆ ဘီလီယံ (ယူရို ၁.၉၅ ဘီလီယံ) ကို ကမ္ဘာ တစ်ဝန်းမှာ ဘောလုံးပွဲစဉ်တွေအတွက် ရုပ်သံလွှင့်ခွင့်ရောင်း ချရမှုကနေရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ရုပ်သံထုတ် လွှင့်ခွင့်ကို FIFA ကနေ တိုက် ရိုက်ရောင်းချသလို ရုပ်သံ ထုတ်လွှင့်ခွင့်လိုင်စင် ရောင်းချခွင့်ရထားတဲ့ EuropeanBroadcasting Union၊ International Media Content ၊ Dentsu ၊ RS International Broadcasting Management တို့ကနေရောင်းချပါတယ်။ ဘောလုံးပွဲစဉ်တွေအတွက် ရုပ်သံ ထုတ်လွှင့်ခွင့်ကို နိုင်ငံပေါင်း ၁၂၇ နိုင်ငံမှာရှိတဲ့ ရုပ်သံ လိုင်းတွေကိုရောင်းချထားပြီး ရေဒီယိုအသံလွှင့်ခွင့်ကိုတော့ နိုင်ငံပေါင်း ၄၆ နိုင်ငံကို ရောင်းချထားပါတယ်။ မြန်မာ နိုင်ငံအတွက် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ရုပ်သံထုတ်လွှင့်ခွင့် ကို Sky Net ရုပ်သံလိုင်းက ရရှိထားပါတယ်။
ဘောလုံးအသင်းများအနက် Sponsor ရရှိမှု
Euroamericas Sporsts Marketing ရဲ့လေ့လာချက်အရ တောင်အမေရိကဘောလုံး အသင်းခြောက်သင်းဟာ သူတို့ ကို Sponsor ပးတဲ့ကုမ္ပဏီတွေကနေ စုစုပေါင်းဒေါ်လာ သန်း ၁၈၀ ရရှိမှာ ဖြစ်ပါတယ်။ အဲဒီပမာဏဟာ ကမ္ဘာ့ ဖလားဘောလုံးပြိုင်ပွဲသမိုင်းမှာ အမြင့်မားဆုံး Sponsorhip ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် မယ့် ဥရောပဘောလုံးအသင်းများစွာရဲ့ ှSponsorhip တွေ ကိုကျော် လွန်သွားတယ်လို့ Euroamericas က ဆိုပါတယ်။ တောင်အမေရိက ဘောလုံးအသင်းခြောက်သင်းထဲက လေး သင်းဖြစ်တဲ့ အာဂျင်တီးနား၊ ချီလီ၊ ဥရုဂွေးနဲ့ အီကွေဒေါ အသင်းတွေရဲ့တရားဝင် Sponsor တွေထဲမှာ Coca-Cola လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အခုချိန်အထိ Sponsorship စာချုပ်အမြင့်ဆုံး ပမာဏရှိထားတဲ့နိုင်ငံတွေကတော့ အာဂျင်တီးနား၊ ဘရာဇီး၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ချီလီနဲ့ ဥရုဂွေးတို့ဖြစ်ပါတယ်။ [caption id="attachment_10845" align="alignnone" width="423"]

အဂွေရို[/caption] [caption id="attachment_10844" align="alignnone" width="423"]

မက်ဆီ[/caption] [caption id="attachment_10846" align="alignnone" width="423"]

နေးမား[/caption] [caption id="attachment_10847" align="alignnone" width="423"]

ဒီယေဂိုကော်စတာ[/caption] [caption id="attachment_10848" align="alignnone" width="423"]

ရော်နယ်လ်ဒို[/caption] [caption id="attachment_10849" align="alignnone" width="423"]

ဆွာရက်ဇ်[/caption]
ကမ္ဘာ့ဖလားနဲ့လောင်း
ဘောလုံးပွဲတွေနဲ့အတူ အခြားအကျိုးဖြစ်ထွန်းတဲ့သူတွေက တော့ လောင်းကစားဒိုင်တွေနဲ့ ဘောလုံးပွဲလောင်းသူတွေ ပဲဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ အကြီးဆုံးလောင်းကစားဒိုင် William Hill က ၂၀၁၄ ဖီဖာကမ္ဘာ့ဖ လားဘောလုံးပွဲ စဉ်တွေအားလုံးနဲ့ပတ်သက်ပြီး ဘောလုံးပွဲလောင်းသူတွေ အကောင်းဆုံး လောင်းနိုင်ဖို့အတွက်ဆိုပြီး သုံးသပ်ချက်တွေ ကို ထုတ်ပြန်ထားပါတယ်။ William Hill ရဲ့သုံးသပ်ချက် အရ ၂၀၁၄ ကမ္ဘာ့ဖ လားပြိုင်ပွဲမှာ တစ်ပြေးနေတဲ့အသင်း ကတော့ အိမ်ရှင်ဘရာဇီးအသင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားပြောင်မြောက်တဲ့ဘောလုံးစွမ်းရည်တွေ ပိုင်ဆိုင်ထား တဲ့ လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနား အသင်းနဲ့အတူ ဥရောပက အင်အားတောင့်တင်းတဲ့စိန်ခေါ်သူတွေကြောင့်၂၀၁၄ ကမ္ဘာ့ဖလားက အင်မတန်စိတ်လှုပ်ရှားဖို့ကောင်း မယ့်ပြိုင်ပွဲကြီး ဖြစ်လာလိမ့်မယ်လို့ William Hill က သုံး သပ်ထားပါတယ်။ ဥရောပအသင်းတွေထဲမှာ ဘယ်လ်ဂျီယံ၊ စပိန်၊ ဂျာမနီနဲ့ အင်္ဂလန်အသင်းတို့ကို ဗိုလ်စွဲနိုင်ခြေရှိတဲ့ အသင်းတွေအဖြစ် သုံးသပ်ထားပါတယ်။ လောင်းကစားဆိုင်ရာ ကျွမ်းကျင်သူတွေအသင်း က စုစည်းတည်ထောင်ထားတဲ့ www.worldcupodds.com ကလည်း ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခြေ ရှိတဲ့ အသင်းတွေနဲ့ ဂိုးအများဆုံး သွင်းနိုင်ခြေရှိ တဲ့ ဘောလုံးသမားတွေကို သုံးသပ်ပြထားပါတယ်။ ဂိုးအများဆုံးသွင်းနိုင်ခြေရှိတဲ့ဘောလုံးသမား (၁) လီယွန်နယ်မက်ဆီ (၂) ဂျူနီယာနေးမား (၃) ခရစ္စတီယာနိုရော်နယ်လ်ဒို (၄) ဆာဂျီယိုအဂွေရို (၅) ဒီယေဂိုကော်စတာ (၆) လူးဝစ်ဆွာရက်ဇ် ထိပ်တန်းလောင်းကစားဝက်ဘ်ဆိုက်ဆယ်ခု ့http://www.coral.co.uk http://www.bet365.com http://www.betfred.com http://www.skybet.com http://www.betvictor.com https://www.comeon.com http://www.totesport.com www.ladbrokes.com www.betfair.com http://www.betdaq.com Sponsor ပေးသော စီးပွားရေးကုမ္ပဏီများနှင့် ပြင်ဆင်ထားမှုများ Partners Adidas [caption id="attachment_10870" align="alignnone" width="720"]

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် Adidas မှထုတ်လုပ်ခဲ့သည့် ဘောလုံးအချို့[/caption] Adida ၁၉၇၀ ပြည့်နှစ်ကတည်းက FIFA နဲ့လက် တွဲခဲ့ပြီး ၂၀၃၀ ပြည့်နှစ်အထိ ဆက်လက် Sponsor ပေး သွားမှာ ဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော စေတနာ့ ဝန်ထမ်းတွေအတွက်လည်း ထူးခြားတဲ့ ဝတ်စုံတွေကိုထောက် ပံ့ပေးမှာ ဖြစ်ပါတယ်။ Adidas ဟာ ဖီဖာနဲ့တွဲပြီး FIFA Goal နဲ့ Football For Hope ဆိုတဲ့ ပရိုဂရမ်နှစ်ခုဆောင် ရွက်နေပါတယ်။ အဲဒီအစီအစဉ်တွေအရ ၂၀၀၈ ခုနှစ်ကတည်း ကစပြီး FIFA Goal ဘောလုံး ၁၅၀,၀၀၀ ကျော်ထုတ်လုပ် ပြီး FIFA အသင်းဝင်နိုင်ငံတွေကို ပေးခဲ့တာနဲ့ ဘောလုံး ကစားနည်းကို လူမှုရေးအခြေပြုတိုးတက်မှုအတွက် ဆောင် ရွက်နိုင်မယ့် Workshop တွေ၊ Seminar တွေကျင်းပပေး တာတွေ ပြုလုပ်ပါတယ်။

Coca-Cola ၁၉၅၀ ခုနှစ်မှာ Stadium Ad နဲ့ စတင်ပြီး ကမ္ဘာ့ဖလားပွဲ နဲ့လက်တွဲခဲ့တဲ့ Coca-Cola ဟာ ၁၉၇၄ ခုနှစ်မှာFormal Associate အဖြစ်၊ ၁၉၇၈ ခုနှစ်မှာ Official sponsor အဖြစ်၊ ၂၀၀၆ ခုနှစ်ကနေစပြီး ၂၀၂၂ ခုနှစ်အထိ Partner အဖြစ်ဆောင်ရွက်လာပါတယ်။ ကမ္ဘာ့ဖလား နဲ့ပတ်သက်ပြီး Coca-Cola ရဲ့ ထူးခြားတဲ့ဆောင် ရွက်ချက်နောက်တစ်ခုကတော့ ကမ္ဘာ့ဖလားဒိုင်းဆု ကြီးကို ကမ္ဘာ့နိုင်ငံတွေဆီ ကိုယ်ပိုင်လေ ယာဉ်နဲ့သယ် ယူပြီး ကမ္ဘာ့ဘောလုံးပရိသတ်ကို ကြည့်ရှုခွင့်ပေးတဲ့ ခရီးစဉ်ပဲဖြစ်ပါတယ်။အဲဒီခရီးစဉ်အရ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီးပါပြီ။ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားအတွက်ခရီးစဉ်မှာ နိုင်ငံ ပေါင်း ၉၀ (မိုင်ပေါင်း ၉၂,၀၀၀ အကွာအဝေး)ကို ကိုးလ အတွင်း သယ်ဆောင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ကျင်းပချိန်ရောက်တဲ့အခါ ဖီဖာအဖွဲ့ဝင်နိုင်ငံပေါင်း ၂၀၉ နိုင်ငံစလုံး ကိုရောက်ရှိပြီးဖြစ်အောင် ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။

[caption id="attachment_10873" align="alignnone" width="423"]

Coca Cola က ကမ္ဘာ့ဖလားအထိမ်းအမှတ် ထုတ်လုပ်ထားသည့် အချိုရည်[/caption] Hyundai/ Kia Hyunai Motor ကုမ္ပဏီဟာ FIFA World Cup ရဲ့ Official Partner အဖြစ် ၁၉၉၈ ခုနှစ်မှ စတင်ခဲ့ပြီး ၂၀၂၂ အထိ ဆောင်ရွက် သွားမှာဖြစ်တယ်။ Hyundai ရဲ့ ှSponsor ပေးမှုတွေထဲမှာ FIFA Confederations Cup ၊ Women's World Cup ၊ U-20 and U-17World Cups ၊ Beach Soccer World Cup နဲInter-active World Cup စတဲ့ ကမ္ဘာ့ ဖလားပွဲ Package တစ်ခုလုံး ပါဝင်ပါတယ်။

Emirates ကမ္ဘာအနှံ့ကို စိတ်လှုပ်ရှားစေတဲ့ လှပသောကစားပွဲကို ဂုဏ်ပြုဖို့အတွက် Emirates ဟာ FIFA ရဲ့ပထမဆုံး လေ ကြောင်းလိုင်း Partner အဖြစ် ၂၀၀၆ ခုနှစ်၊ ဂျာမနီကမ္ဘာ့ ဖလားပွဲမှာ စတင်ခဲ့ပါတယ်။ Skywards Member တွေအတွက်လည်း အထူး အခွင့်အရေးအနေနဲ့ ၂၀၁၄ ခုနှစ်၊ ဧပြီ ၄ ရက်ကနေ မေ ၃၁ ရက်ထိ ၂၀၁၄ ခုနှစ်အတွင်း စီးနင်းသူတွေကို ကမ္ဘာ့ ဖလားဘောလုံး ဗိုလ်လုပွဲလက်မှတ်နှစ်စောင် မဲဖောက် ပေးခဲ့ပါတယ်။ Emirates ဟာ Arsenal ၊ AC Milan ၊Real Madrid စတဲ့ နာမည်ကျော်ဘောလုံး အသင်းတွေကို အစဉ်တစိုက် ကူညီပံ့ပိုးသူလည်း ဖြစ်ပါတယ်။ လန်ဒန်မြောက်ပိုင်းမှာရှိတဲ့ Arsenal ဘော လုံးအသင်းရဲ့ အိမ်ရှင်ကွင်းကို Emirates Stadium လို့ အမည်ပေးထားပါတယ်။

Sony ၂၀၁၄ ခုနှစ် FIFA ကမ္ဘာ့ဖလားပြိုင်ပွဲကို HD Resolution ထက် လေးဆပိုမိုကောင်းမွန်တဲ့ 4K နည်းပညာနဲ့ ရိုက်ကူး ပြသဖို့ Sony က စီစဉ်ထားပါတယ်။ Sony နဲ့ FIFA က ဒီနှစ်ပွဲအစီအစဉ်မှာတော့ 3D ကို အသုံးပြုဖို့ မရည်ရွယ်ဘူး လို့ဆိုပါတယ်။ ၂၀၁၀ ပြည့်နှစ် World Cup မှာ ပွဲ ၂၅ ပွဲကို 3D နဲ့ ထုတ်လွှင့်ခဲ့ပါတယ်။

VISA ကမ္ဘာ့ဖလားပွဲလက်မှတ် ၁၃၀,၀၀၀ ကို VISA က ရောင်းချပေးပါတယ်။ VISA ရဲ့Football Experience အစီအစဉ်အရ သူ့ရဲ့ Fan 480 ကို တစ်သက်မှာ တစ်ခါပြန်ရတဲ့အတွေ့အကြုံတွေ ပေးသွားမယ်လို့ ဆိုပါ တယ်။ သူတို့တွေဟာ ကစားကွင်းအထဲ၊အပြင် အနှံ့လေ့လာ နိုင်သလို မက္ကဆီကိုနိုင်ငံအသင်းရဲ့ အဝတ်အစားခန်းထဲကို ပါဝင်ရောက်ကြည့်ရှုနိုင်ကြပါတယ်။ Visa ဟာ မက္ကဆီကို နိုင်ငံအသင်းကို အစဉ်တစိုက် ပံ့ပိုးပေး သူဖြစ်တာကြောင့် ဒီလိုအခွင့်အရေးမျိုး ရရှိတာပါ။ မြန်မာနိုင်ငံအတွက်လည်း ကမ္ဘာ့ဖလားပွဲအထိမ်းအမှတ်အဖြစ် ၂၀၁၉ ခုနှစ်အထိ သက် တမ်းရှိတဲ့ Visa ကတ် ၂,၅၀၀ ကနေ သုံးထောင်ကြားကို CB ဘဏ်ကနေ ထုတ်ရောင်းပေးနေပါတယ်။

Official Sponsor များ Budweiser ကမ္ဘာ့ဖလားအတွက် အကန့်အသတ် နဲ့ ထုတ်လုပ်ထားတဲ့ ရွှေရောင် Budweiser ပုလင်းကို နိုင်ငံပေါင်း လေးဆယ်မှာ တစ်ပြိုင်နက်တည်း ဖြန့်ဖို့ စီစဉ်ထားပါတယ်။

Castrol Castrol Footkhara လို့ အမည်ပေးထားတဲ့အစီအစဉ်မှာ ဘရားဇီးနိုင်ငံရဲ့ ဘောလုံးအကျော်အမော် Neymar နဲ့ ကမ္ဘာ့ပြိုင်ကားချန်ပီယံ Ken Block တို့ကို ပူးတွဲရိုက်ကူး ခဲ့ပါတယ်။ Continental Tires တစ်နာရီကို ၁၉၀ ကီလိုမီတာကနေ ၂၄၀ ကီလိုမီတာအထိ အကြမ်းခံမောင်းနှင်နိုင်တဲ့ Contipower Contact တာယာ ကို အရေအတွက်အကန့်အသတ်နဲ့ ထုတ်ဝေပြီး ရောင်းလို့ ရတဲ့အမြတ်ငွေတချို့တစ်ဝက်ကို FIFA ကမ္ဘာ့ဖလားရဲ့ အထိမ်းအမှတ်အရုပ် Mascot အဖြစ် အသုံးပြုထားတဲ့ Armadillo သတ္တဝါတွေ မျိုးတုံးပျောက်ကွယ်မှုမရှိအောင် ထိန်းသိမ်းတဲ့နေရာမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ Arma- dillo ကို ဘရာဇီးတစ်နိုင် ငံတည်းမှာပဲမြင်တွေ့နိုင်ပြီး လာ မယ့်နှစ် ၅၀ အတွင်း မျိုးတုံးပျောက်ကွယ်သွားနိုင်တဲ့အနေ အထားမှာ ရှိနေပါတယ်။

J & J Johnson & Johnson ကတော့ ကမ္ဘာ့ဖလားပွဲအတွက် Champion of Care Programe ကို အမေရိကားမှာ ဧပြီ ၆ ရက်ကစပြီး ဆောင်ရွက်ခဲ့ပြီး ဘဝမှာကြုံတွေ့ဖူးတဲ့ကြင် နာဂရုစိုက်မှုအပေးနိုင်ဆုံးလူ အကြောင်း ရေးဖွဲ့ပေးပို့သူတွေ ထဲက အမြင့်ဆုံးဆုရသူတစ်ဦးကို ဇူလိုင် ၁၃ ရက်မှာ ပြုလုပ်မယ့် ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲကို တက် ရောက်ကြည့်ရှုခွင့်ပြုမှာဖြစ်ပါတယ်။

Oi S.A ဘရာဇီးနိုင်ငံရဲ့ ထိပ်တန်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ် ငန်းကုမ္ပဏီဖြစ်တဲ့ Oi က ကမ္ဘာ့ဖလားပွဲအတွက် ဆက် သွယ်ရေးအခြေခံအဆောက်အအုံတွေ ထောက်ပံ့ဖြည့်တင်း ပေးဖို့ Sponsor ယူထားပါတယ်။

Mc Donald's ၁၉၉၄ ခုနှစ် FIFA ကမ္ဘာ့ဖလားပွဲကစပြီး ယခုအထိ Sponsor ပးခဲ့တဲ့ McDonald ဟာ ဒီနှစ်မှာလည်း သူ့ ရဲ့ Player Escorts အစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ အစီအစဉ်အရ ဘရာဇီးအပါအဝင် နိုင်ငံ ၇၀ က ခြောက်နှစ်ကနေ ဆယ်နှစ်အတွင်း ကလေး ၁,၄၀၈ ဦးကိုရွေးချယ်ပြီး ပြိုင်ပွဲကာလအတွင်း သူတို့နိုင်ငံက ကစားသမားတွေနဲ့ တွေ့ဆုံပေးမှာဖြစ်ပါတယ်။ ဒီအစီအစဉ် ကို ၂၀၁၂ ခုနှစ် ကမ္ဘာ့ဖလားပွဲမှစတင်ခဲ့ပြီး ခုဆိုရင် ကလေးပေါင်း ၆,၀၀၀ ကျော်ကို အလားတူအခွင့်အရေး တွေပေးပြီးပါပြီ။ ဒါ့အပြင် ကမ္ဘာ့ဖလားပွဲကာလအတွင်း ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း တစ်ရာကျော်က McDonald'sဆိုင်ပေါင်း ၃၄,၅၀၀ ကျော်မှာ ပရိသတ်တွေ တိုက်ရိုက် ကြည့်ရှုနိုင်အောင် ထုတ်လွှင့်ပေးထားမှာ ဖြစ်ပါတယ်။

Moy Park Customer တွေဟာMoy Park အမှတ်တံဆိပ်စားသောက် ကုန်တွေကို ဝယ်ယူတဲ့ဆိုင်၊ ဒါမှမဟုတ် သူ့ရဲ့ Website ဖြစ်တဲ့ moyparkchicken.com မှာ ဉာဏ်စမ်းမေးခွန်းတွေ ဖြေဆိုပြီး ယှဉ်ပြိုင်အနိုင်ရသူနှစ်ဦး ကို ရွေးပြီး ဆီမီးဖိုင်နယ် ပွဲစဉ်ကို ကြည့်ခွင့်ပေးမယ့်အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။

Ying Li Solar ၂၀၁၀ ပြည့်နှစ် တောင်အာဖရိကကမ္ဘာ့ဖလားမှာ ပထမဆုံး Renewable စွမ်းအင်ကုမ္ပဏီအဖြစ် စတင် Sponsor ပေးခဲ့ပါတယ်။ ကမ္ဘာ့အဆင့်ပွဲတော်က Sponsor ပေးတဲ့ ပထမဆုံးသော တရုတ်စီးပွားရေးလုပ်ငန်းကြီး လည်း ဖြစ်ပါ တယ်။

National Sponsor များ ဒီအုပ်စုမှာတော့ ဘရာဇီးနိုင်ငံရဲ့ ပြည်ပထုတ်ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အေဂျင်စီဖြစ်တဲ့ApexBrasi ၊ လက်တင်အမေရိကမှာ အားကစားနဲ့ ဆက်နွှယ်ကုန်ပစ္စည်း တွေလက်လီရောင်းချပေးတဲ့ အကြီးဆုံးသော Chain စတိုး လုပ်ငန်း Centaure ၊ Nestle ဘရာဇီးရဲ့ ချော့ကလက် အမှတ်တံဆိပ် Garoto ၊ ဘရာဇီးနိုင်ငံက အကြီးမားဆုံး လက်တင်အမေရိကားဘဏ်ဖြစ်တဲ့ Itau ၊ အာမခံကုမ္ပဏီLiberty Seguro နဲ့ဘရာဇီးနိုင်ငံတွင်း မြို့ပေါင်း ၇၉ မြို့ မှာ ဖွင့်လှစ်ထားတဲ့ဘာသာစကားသင်ကျောင်း Wise Up တို့ ပါဝင်ပါတယ်။ [caption id="attachment_10842" align="alignnone" width="720"]

ကမ္ဘာ့ဖလားအထိမ်းအမှတ် Garoto ချောကလက်[/caption]

တက်လမ်းအားကစားဂျာနယ်အယ်ဒီတာချုပ် ဦးချစ်ဝင်းမောင်ရဲ့ သုံးသပ်ချက် ၂၀၁၄ ခုနှစ်၊ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ဘရာဇီးလ်နိုင်ငံ ရဲ့မြို့ကြီး ၁၂ မြို့မှာ လာမယ့် ဇွန်လ ၁၂ ရက်ကနေ ဇူ လိုင် ၁၃ ရက်အထိကျင်းပတော့မှာဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတော်တော်များများက ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ တော်တော်လေး အာသီသပြင်းပြကြတာကို တွေ့ရပါတယ်။ အကြောင်းအရင်း ကတော့ ဒီလိုမျိုးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကိုအကြောင်း ပြုပြီး ကိုယ့်နိုင် ငံရဲ့ပုံရိပ်ကို ကမ္ဘာကို ထုတ်ပြနိုင်မှာဖြစ်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ၊ SEA Games ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပနိုင်ခဲ့တဲ့အတွက် ကိုယ့်နိုင်ငံရဲ့ပုံရိပ်ကို နိုင်ငံတကာက သိရှိသွားပါတယ်။

အထူးသဖြင့် နိုင်ငံကို Marketing လုပ်တယ်ဆိုတဲ့ နေရာမှာ အိမ်ရှင်အဖြစ်လက်ခံတဲ့နိုင်ငံတွေက ဒီအားကစား ပြိုင်ပွဲကို ပြိုင်ပွဲကိုအကြောင်းပြုပြီး နံပါတ်တစ်အချက်အနေနဲ့ ကမ္ဘာ လှည့်ခရီးသွားတွေ အများအပြား ဝင်ရောက် လာမှာဖြစ်ပြီး ဝင်ငွေအများကြီးရလာမှာ ဖြစ်တယ်။ ဒီပြိုင်ပွဲနဲ့ ဆက်စပ်ပြီး ဘောလုံးပွဲလာကြည့်တဲ့ ပရိသတ်တွေ အများကြီး ကိုယ့်နိုင်ငံကို ရောက်လာ တဲ့အခါမှာဟိုတယ်လုပ်ငန်းတွေ၊ ခရီး သွားလုပ် ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာ မှာဖြစ်ပြီး ဝင်ရောက်လာတဲ့အား ကစားပရိသတ်တွေကိုမူတည် ပြီးတော့ စီးပွားရေးလုပ်ငန်း တွေအတွက် အကျိုးအ မြတ်ဖြစ် ထွန်းပါတယ်။ စီးပွားရေးလုပ်ငန်းတွေ နဲ့ဆက်စပ်ပြီး နိုင်ငံရဲ့ Image ၊ ယဉ်ကျေးမှုတွေ ကို မြှင့်တင်နိုင်မှာဖြစ်ပါ တယ်။ တောင်အာဖရိက မှာ ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာဆိုရင် တောင်အာဖရိက ရဲ့ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ ချက်ချင်းဖွံ့ဖြိုးတိုး တက် သွားတာကို တွေ့ရတယ်။ တောင်အာဖရိကကို အရင်တုန်း က မသိခဲ့တဲ့သူတွေလည်း သိသွားပါတယ်။ ဘရာဇီးနိုင်ငံမှာ ၂၀၁၄ ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲလက်ခံကျင်းပဖို့အတွက် ၂၀၀၇ ခုနှစ်မှာ ခွင့်ပြုချက် ရရှိခဲ့ပါတယ်။ ဒီလိုအိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့အတွက် နိုင်ငံတွေအနေနဲ့ ယှဉ်ပြိုင်ရပါတယ်။ ၂၀၁၄ ခုနှစ် ကမ္ဘာ့ ဖလားပြိုင်ပွဲကို ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရတဲ့ အကြောင်းအရင်းကတော့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(FIFA) က ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို တိုက် ကြီးများအလိုက် ကျင်းပခဲ့တာကြောင့်ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်မှာဆိုရင် တောင်အာဖရိက (အာဖရိကတိုက်)၊ ၂၀၀၆ ခုနှစ်မှာဆိုရင် ဂျာမနီ (ဥရောပတိုက်)၊ ၂၀၀၂ ခုနှစ်မှာဆိုရင် ဂျပန်နဲ့တောင်ကိုရီးယား (အာရှတိုက်) တို့ မှာ ပူးတွဲကျင်းပသွား တာကို တွေ့ရမှာဖြစ်ပါတယ်။ တိုက် ကြီးများအလိုက် ခွဲတမ်းချတဲ့စနစ်နဲ့သွားတဲ့အတွက် ဒီနှစ် မှာတော့ တောင်အမေရိကတိုက်က အိမ်ရှင်အဖြစ် အလှည့် ကျလာတော့ ကိုလံဘီယာတို့၊ မက္ကဆီကိုတို့ကလည်း ဝင် ပြိုင်ကြပါတယ်။ နောက်ဆုံးတော့ ဘရာဇီးက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသွားပါတယ်။ ဒါဟာ ဘရာဇီးနိုင်ငံက ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ဒုတိယအကြိမ်မြောက် အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့်ရခဲ့တာဖြစ်ပြီး ၁၉၅၀ ပြည့်နှစ် တုန်းက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ဖူးပါတယ်။ ဒီလိုမျိုးအိမ်ရှင်နိုင်ငံဖြစ်ဖို့ နိုင်ငံတွေအား လုံးကြိုးပမ်းကြတဲ့နေရာမှာ FIFA က ရွေးချယ်ပေးလိုက်တဲ့ အနေအထားအရ ၂၀၁၄ ခုနှစ်မှာဆိုရင် ဘရာဇီး၊ ၂၀၁၈ ခုနှစ်မှာဆိုရင် ရုရှားနိုင်ငံ၊ ၂၀၂၂ ခုနှစ်မှာဆိုရင် ကာတာ နိုင်ငံတို့က ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခွင့်ရရှိထားပြီး ဖြစ်ပါတယ်။

ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်လာတဲ့ နိုင်ငံ ၃၂ သင်းဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အဲဒီ ၃၂ သင်းဟာ ၂၀၁၁ ခုနှစ်ကတည်းက ခြေစစ်ပွဲဝင်ပြိုင်လာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၂၀၈ နိုင်ငံရှိပြီး အဲဒီ၂၀၈ နိုင်ငံထဲက ၂၀၃ နိုင်ငံက ဒီကမ္ဘာ့ ဖလားခြေစစ်ပွဲကို ဇုန်အလိုက်ဝင်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခွင့်ရတဲ့အတွက် ခြေ စစ်ပွဲဝင်စရာ မလိုဘဲ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိထားပါတယ်။ ပြိုင်ပွဲတွေအတွက် မြို့ကြီး ၁၂ မြို့မှာ အားက စားကွင်းတွေတည်ဆောက်ဖို့ ဘရာဇီးအစိုးရက ဒေါ်လာ လေးဘီလီယံကျော်ကုန်ကျတယ်လို့ သိရပါတယ်။ ဖီဖာက ဒီနှစ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆုကြေးငွေ စုစုပေါင်းဒေါ် လာ ၅၇၆ သန်းချီးမြှင့်မှာဖြစ်ပြီး ပြီးခဲ့တဲ့တောင်အာဖရိက ကမ္ဘာ့ ဖလားမှာ ၤှုၤဗ က ဆုကြေးငွေက ဒေါ်လာသန်း ၄၂၀ ချီးမြှင့်ခဲ့ပါတယ်။၂၀၁၄ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါ ဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ အသင်းတိုင်း က ဒေါ်လာရှစ်သန်းစီ ဆုကြေးငွေရရှိမှာဖြစ်ပြီး ချန်ပီယံဖြစ်တဲ့အသင်းက ဒေါ်လာ ၃၅ သန်းနဲ့ ဒုတိယရတဲ့အသင်းက ဒေါ်လာ ၂၅ သန်း ဆုကြေးငွေ ရရှိမှာဖြစ်ပါတယ်။ ဖီဖာအနေနဲ့ စုစုပေါင်းဝင်ငွေရဲ့ ၆၀ ရာခိုင်နှုန်းကို ရုပ်သံထုတ်လွှင့်ခွင့်ရောင်းချရမှုကနေ ရရှိမှာဖြစ်ပါတယ်။ ဒီကမ္ဘာ့ဖလားကျင်းပတဲ့အချိန်မှာ ရုပ်သံကြည့်တဲ့ပရိသတ်က ဘီလီယံနဲ့ချီပြီးရှိပါတယ်။ရုပ်သံရိုက်ကူးရေးအ တွက် နည်း ပညာပိုင်းနဲ့ Equipment တွေကို SONY ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ FIFA ရဲ့ Organizing Committee က စီး ပွားရေးလုပ်ငန်းရှင်တွေအတွက် အထိမ်းအမှတ် Mascot အရုပ်တွေ၊ ကုန်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချခွင့်တွေပေး တော့ အိမ်ရှင်နိုင်ငံအတွက် Revenue န ရမှာဖြစ်တယ်။ တစ် ကမ္ဘာလုံးမှာရှိတဲ့လူတွေကလည်း ဒီပြိုင်ပွဲကို စိတ်ဝင်စားတဲ့ အတွက်ကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အခွင့် ကောင်းတစ်ရပ်လို့ ဆိုနိုင်ပါတယ်။

အိမ်ရှင် (Host Country) အဖြစ် လက်ခံကျင်းပ ခွင့်ရတဲ့နိုင်ငံတွေကတော့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ရပါ တယ်။ အခုကာတာနိုင်ငံဆိုရင် ၂၀၂၂ ခုနှစ်ကျမှ ကမ္ဘာ့ ဖလားကျင်းပခွင့်ရမှာဆိုပေမဲ့ အခုချိန်ကတည်းက ကြိုတင် ပြင်ဆင်မှုတွေလုပ်နေရပြီ။ သူတို့နိုင်ငံက ပူတဲ့တိုင်းပြည်ဖြစ် တဲ့အတွက် ခေတ်မီတဲ့အားကစားကွင်းတွေကို လုပ်သား အင်အားအများကြီးသုံးပြီး တည်ဆောက်နေပါတယ်။ အခု ချိန်ကတည်းက ဒေါ်လာဘီလီ ယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံနေရ ပြီဖြစ်တယ်။ အိမ်ရှင်ဖြစ်ပြီဆိုတာနဲ့ D Infrastructure တွေကို အတတ်နိုင်ဆုံး တည်ဆောက်ရတော့မှာဖြစ်တယ်။ အဲဒီတည်ဆောက်လိုက်ရတဲ့အားကစားကွင်းတွေနဲ့ ကုန်ကျ စရိတ်တွေပြန်ရတာနဲ့ ဘယ်လောက်ထိ ကာမလဲဆိုတာက အကျိုးအမြတ်အနေနဲ့ နိုင်ငံရဲ့ပုံရိပ်ကို ပိုမြှင့်တင်နိုင်မှာဖြစ် တယ်။ နိုင်ငံတကာက လူတွေ ဒီနိုင်ငံကိုလာလို့ ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့အခွင့်အလမ်းတွေရှိမယ်၊ အလုပ်လုပ်လို့ အဆင်ပြေတဲ့နိုင်ငံဖြစ်တယ်၊ ဒီနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရ တာကောင်းတယ်ဆိုတဲ့ အမြင်မျိုးရရှိသွားရင် နိုင်ငံရဲ့စီးပွား ရေးအတွက် အကျိုးအမြတ်တွေရရှိလာနိုင်ပါတယ်။ နောက် ပြီး ဟိုတယ်နဲ့ခ ရီးသွားလာရေးလုပ်ငန်းအတွက် အကျိုး အမြတ်တွေ ရှိလာနိုင်ပါတယ်။ Official Betting တွေက တစ်ကမ္ဘာလုံးမှာရှိပါ တယ်။ တချို့နိုင်ငံတွေမှာတော့ မရှိဘူး။ ဥရောပချန်ပီယံ လိဂ်၊ ယူရိုပါလိဂ်နဲ့ သက်ဆိုင်ရာနိုင်ငံအလိုက် ပြည်တွင်း ဘောလုံးပြိုင်ပွဲတွေမှာ လောင်းကစားဒိုင် Bookie တွေရှိပါ တယ်။ ဒီလိုမျိုး လေးနှစ်တစ်ကြိမ်လုပ်တဲ့ ကမ္ဘာ့ဖလားမှာ လည်း ဒီလို Betting တွေက တစ်ကမ္ဘာလုံးအတိုင်းအတာ နဲ့ ရှိနေမှာပဲ ဖြစ်ပါတယ်။