အလုပ်ရှင်တစ်ဦးသည် အလုပ်ခွင်တွင် အိမ်သာတက်ရင်း နောက်ဖေးသွားရာမှာ အားပါးတရညှစ်ရာမှ စိတ်ကူးတစ်ခုပေါ်ပြီး အိမ်သာနံရံပေါ်တွင် စာသားတစ်ခုရေးသားထားခဲ့သည်။ ယင်းစာသားမှာ 'မင်းတို့ဒီနေရာမှာ ကုန်းရုန်းညှစ်ထုတ်ပြီး ကြိုးစားသလောက်သာ ကုမ္ပဏီအတွက် ညှစ်ထုတ်ကြိုးစားကြမယ်ဆိုရင် ကုမ္ပဏီရဲ့ရည်မှန်းချက်ပန်းတိုင်ကို ခဏကလေးနဲ့ ရောက်နိုင်မှာပါပဲ' ဟု ဖြစ်သည်။ နောက်ရက် သူအိမ်သာတက်သောအခါ သူ့စာသားအောက်မှာ ကုမ္ပဏီဝန်ထမ်းတစ်ဦး ရေးသားခဲ့ဟန်တူသော စာသားတချို့ကို တွေ့ရလေသည်။ ယင်းမှာ 'ဒီလို ကုန်းရုန်းညှစ်ထုတ်ပြီး ကြိုးစားလိုက်သမျှ နေ့စဉ်ဘယ်လိုဟာတွေပဲ ထွက်ထွက်လာတယ်ဆိုတာ လူကြီးမင်းတို့ မျက်မြင်ကိုယ်တွေ့ပဲ မဟုတ်ပါလား ခင်ဗျား' တဲ့။
ဥပဒေသ ။ ။ အလုပ်ရှင်က သူ့ရှုထောင့်မှ တစ်ဖက်သတ်ကြည့်မြင်ပြောနေသမျှသည် အလုပ်သမားဘက်မှ ခံစားရှုမြင်ပုံနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတတ်သည်။ ယင်းအမြင်နှစ်ခုကို အပြန်အလှန်လေးစားစွာ စာနာခံစား နားလည်စိတ်ဖြင့် ညှိနှိုင်းကြရမည်ဖြစ်သည်။
ရီနေနိုင်