အရင်းမစိုက် လစ်ရင်နှိုက်

YNN1

စီမံခန့်ခွဲမှုသင်တန်းတစ်ခုတွင် ဖြစ်သည်။ ဆရာဖြစ်သူက ဈေးကွက်နှင့်အရောင်း စီမံခန့်ခွဲမှုဘာသာကို သင်ကြားနေ ခိုက် ရုတ်တရက် မေးခွန်းတစ်ခုထုတ်လိုက်သည်။

''ထုတ်ကုန်ပစ္စည်းတစ်ခုကို ဈေးအသက်သာဆုံး ရောင်းနိုင်သူဟာ ဘယ်သူဖြစ်မလဲ၊ မူရင်းကုန်ပစ္စည်း ထုတ်လုပ်သူလား၊ ဒီပစ္စည်းကို ဖြန့်ဖြူးသူလား၊ လက္ကားရောင်းတဲ့သူလား၊ လက်လီရောင်းသူလား၊ ဒါမှမဟုတ် ဝန်ထမ်းများများမခန့်ဘဲ လူနည်းနည်းနဲ့ တိုက်ရိုက်ဝန်ဆောင်မှုပေးနိုင်တဲ့ အွန်လိုင်းအရောင်းသမားလား''

ဆရာ့မေးခွန်းကို ဖြေမည့်သူမရှိဘဲ တိတ်ဆိတ်နေခိုက် စာသင်သားအချင်းချင်း တီးတိုးဆွေးနွေး အဖြေပေးလိုက်ပုံပေါ်သော စကားတစ်ခွန်းက စာသင်ခန်းနောက်ဘက်မှ ရုတ်တရက်ထွက်လာသည်။ ''အဲဒါတွေ တစ်ခုမှမဟုတ်ပါဘူး။ သူတို့ထက်ဈေးသက်သာအောင် ရောင်းတဲ့လူရှိတယ်။ အဲဒါဂိုဒေါင်စောင့်လေ'' တဲ့။

ဥပဒေသ။ ။ စည်းကမ်းထိန်းချုပ်မှု ပျက်ယွင်းနေသော လူ့အဖွဲ့အစည်း၏ ဈေးကွက်တွင် စီးပွားရေးသီအိုရီများထဲတွင်မရှိသော လက်တွေ့အဖြေများ ရှိနေတတ်သည်။ ယင်းတို့ကို မထိန်းချုပ်နိုင်သရွေ့ မည်မျှခေတ်မီကောင်းမွန်သော သီအိုရီမူဝါဒများကို ချမှတ်သည်ဖြစ်စေ ထိရောက်လိမ့်မည်မဟုတ်ပေ။

အပြုံးနှင့်စီမံ အပြုံးနှင့် နာခံနိုင်ကြပါစေ။

ရီနေနိုင်