CEO Magazine ကစီစဉ်ပြီး ဆရာကြီးဒေါက်တာအောင်ထွန်းသက်ဟောပြောတဲ့ "Work Smart & Work Hard" ခေါင်းစဉ်နဲ့ ဟောပြောပွဲတစ်ရပ်ကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာနိုင်ငံ စက်မှုလက်မှုကုန်သည်များ အသင်းချုပ်အဆောက်အအုံ (UMFCCI) မှာပြုလုပ်ခဲ့ပါတယ်။ လုပ်ငန်းခွင်ဝင်နေကြတဲ့ဝန်ထမ်းတွေအနေနဲ့ အလုပ်တစ်ခုတည်းမှာပဲ Work Hard လုပ်နေစရာမလိုဘဲ တစ်ဖက်ကလည်း Smart ကျကျစိတ်ကူးဉာဏ်ရှိဖို့ အစီအစဉ်ကောင်းတွေရှိဖို့လိုတဲ့အကြောင်း အဓိကအားဖြင့် Work Hard & Work Smart ကိုBalance ဖြစ်အောင်လုပ်သွားဖို့လိုတဲ့အကြောင်း ဆရာကြီးက ဟောပြောခဲ့ပါတယ်။ ဒါကြောင့် တက်ရောက်လာသူတွေရဲ့ ဒီနေ့ဟောပြောပွဲအပေါ် အမြင်တွေနဲ့ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေး လိုက်ပါတယ်။
[caption id="attachment_8680" align="alignnone" width="370"]
HR Manager
HR Department[/caption] ဦးရဲသန့် HR Manager HR Department ကျွန်တော်က CEO Magazineကို အမြဲတမ်းယူတယ်။ ယူရတဲ့အကြောင်းအရင်း ကလည်း ဆရာဒေါက်တာသာထွန်း ဦးရဲ့အာဘော်လေးတွေကိုလည်းကြိုက်တယ်။ မဂ္ဂဇင်းအနေ နဲ့ ကျွန်တော်တို့ရဲ့HR ဌာနကို အထောက်အကူပြုတယ်။ ဆရာကြီးဒေါက်တာအောင်ထွန်းသက်ရဲ့ပွဲတွေကို မလွတ်တမ်း အရင်ကတည်းကတက်ခဲ့တယ်။ အခု ကျွန်တော်တို့ကုမ္ပဏီက Managing Level လောက်ရှိတဲ့သူ ၂၅ ယောက်လောက် တက်တယ်။HR နဲ့ ပတ်သက်လို့ Work Smart & Work Hard အကြောင်းကို ဆရာကြီးကိုယ်တိုင်ကလည်း အမြဲတမ်း ပြောပါတယ်။ အမြဲတမ်းHard Working လည်း မလုပ်နဲ့ ှSmart Workingလုပ်ဖို့ပြောတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကုမ္ပဏီမှာလည်း ကိုယ့်အသိနဲ့ကိုယ် လုပ်ဖို့ပဲပြောပါတယ်။ မိမိအလုပ်က မိမိလုပ်မှပြီးမယ် ဆိုတာကိုပဲသတိပေးတယ်။ အဓိကဆရာကြီးပြောချင်တာကPhysical နဲ့ Mental ကို Balance ဖြစ်အောင်လုပ်ဖို့ ပြောချင်တာပါ။ ံHard ဆိုတာက Phyisical ၊Smart ဆိုတာက Mental ကို ရည်ရွယ်ပြီးပြောတာဖြစ်တယ်။ ကုမ္ပဏီမှာလုပ်မှမဟုတ်ပါဘူး။ ကိုယ့်ဘဝတစ်ခုလုံးမှာလည်း Physical နဲ့ Mental ကို မျတအောင်လုပ်ဖို့ လိုတယ် ဆိုတာကို ပြောချင်ပါတယ်။်။ [caption id="attachment_8678" align="alignnone" width="370"]


Project Director
Barons Group of Companies[/caption] ကိုထိန်လင်း Project Director Barons Group of Companies ကျွန်တော်တို့ကုမ္ပဏီက Management Level ရှိတဲ့သူအားလုံးကို ဒီ ှSeminar လာ တက်ခိုင်းတယ်။ ဘာလု့ိ လဲဆိုတော့ ကျွန်တော့်အောက်ကJunior လေးတွေကို ပြန် ပြီး Share ပေးနိုင်ဖို့အတွက်ပါ။ ဝန်ထမ်းတွေအနေနဲ့ ဆရာကြီး ဒေါက်တာအောင်ထွန်း သက် ပြောသွားသလို အလုပ်မှာ တစ်ချိန်လုံးလုပ်နေဖို့ မလိုသလို တစ်ဖက်ကလည်း Smart ဖြစ်ဖို့ လိုတယ်ဆိုတာလေးကို ပြောသွားတယ်။ စာဖတ်တာက ကိုယ့်ရဲ့အမြင်ပဲ ရတယ်။Seminar တက်တာက ဆရာကြီးရဲ့ သူ့အမြင်နဲ့ Exprenience ကိုတစ်ခါ တည်းရလိုက်တယ်။ ဆရာကြီးပြောသွားတဲ့အထဲက အချက်နှစ်ချက်ဆိုရင် ဆရာကြီး က ကျွန်တော်တို့ကိုDream လုပ်ဖို့ပြောတယ်။ ကိုယ့်ရဲ့Dream အတိုင်း ဆက်လက် အကောင်အထည် ဖော်ဖို့ပြောပါတယ်။ ကျွန်တော့်အနေနဲ့ ဆရာကြီးပြောထားတဲ့ အချက်တွေ၊Management စာအုပ်တွေကို ဖတ်ရှုလေ့လာပြီး လုပ်ငန်းခွင်ထဲမှာ ကျွန်တော့် Junior ညီလေး၊ ညီမလေးတွေကို စာပြန်သင်ပေးပါတယ်။ [caption id="attachment_8682" align="alignnone" width="370"]

jSale & Marketing Executive
တောင်ကြီးမောက်မယ်[/caption] ကိုကျော်မင်းထွဋ် Sale & Marketing Executive တောင်ကြီးမောက်မယ် ကျွန်တော်က CEO Member တစ်ယောက်ဖြစ်တာရယ် ကျွန်တော်တို့ ရုံးချုပ်ရဲ့ Management မှာ ပြန်လည်အသုံးချနိုင်ဖို့အတွက် လာရောက်တက်ဖြစ်တာပါ။ အများ အားဖြင့် ကုမ္ပဏီတွေတော်တော်များများမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေက ဆရာကြီး ပြောသွားတာတွေနဲ့ တစ်ထပ်တည်းကျပါတယ်။ ဒီအတွက် ကျွန်တော့်ရုံးကဝန်ထမ်း တွေကို ပြန်ပြီးပြောပြနိုင်မယ်ဆိုရင်တော့ လမ်းမှားနေတဲ့ဝန်ထမ်းတွေအတွက် လမ်းမှန်ရောက်သွားဖို့ မျော်လင့်ပါတယ်။

