၁။ ကိုယ့်ထက်ပိုတော်သူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဝန်းရံပါ
----------------------------------
အလုပ်လုပ်ဆောင်ရာမှာနဲ့ လူတွေနဲ့ဆက်ဆံရာမှာ ထိခိုက်မှုရှိစေတဲ့ မလိုချင်တဲ့ စိတ်ဓာတ်၊ အမူအကျင့်တွေ ကိုယ့်မှာရှိတယ်လို့ယူဆရင် ကိုယ့်ပတ်ဝန်းကျင်မှာ လူကောင်းတွေ ဝန်းရံထားခြင်းဖြင့် ကိုယ်မလိုချင်တဲ့ စိတ်ဓာတ်၊ အမူအကျင့်တွေကို ဖယ်ရှားပြီးသားဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုတခြားသူတွေ လေးစားစေချင်လား၊ ဒါဆိုရင် ''ကိုယ်က ဘယ်သူတွေကို လေးစားသလဲ'' ဆိုတာကို ကိုယ့်ကိုယ့်ကိုယ်မေးကြည့်ပါ။ ကိုယ်လေးစားတဲ့သူ ပြောတဲ့၊ လုပ်တဲ့အရာအားလုံးကို စိတ်ဝင်တစားရှိပါ။ အလားတူပဲ လိုက်ပြုမူကြည့်ပါ။ မကြာခင် တခြားသူတွေရဲ့ လေးစားမှုကို ခံရမှာပါ။
၂။ သေးငယ်တဲ့ ပြဿနာဖြစ်ပါစေ၊ အချိန်တိုင်း အမှန်တရားကို မြတ်နိုးပါ
------------------
Albert Einstein က ''ကိစ္စသေးသေးလေးမှာ အမှန်တရားကို မျက်ကွယ်ပြုတဲ့ဘယ်သူမဆို အရေးကြီးကိစ္စတွေမှာ ယုံကြည်လို့မရပါ'' လို့ပြောပါတယ်။ လူဆိုတာ အမှားနဲ့မကင်းဘူးဆိုတာမှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ရိုးသားစစ်မှန်မှုရှိတာက အကျိုးဖြစ်ထွန်းမှုက မကောင်းရင်တောင် အဲဒါက လမ်းကြောင်းမှန်ဖြစ်ပါတယ်။ နှစ်နှစ်ဆယ်လောက် ခိုင်ခိုင်မာမာ တည်ဆောက်ထားတဲ့ နာမည်ကောင်းရရှိမှုကို ငါးမိနစ်စာလောက်ကျင့်ဝတ်ပျက်ပြားမှုက ဖျက်ဆီးပစ်နိုင်တယ်ဆိုတာကို သတိရပါ။
၃။ ကိုယ့်ရဲ့ပင်ကိုယ်စစ်မှန်မှုကို ပြသဖို့ လေ့ကျင့်ပါ
----------------------------------
ကိုယ့်ရဲ့ပင်ကိုယ်စစ်မှန်မှုဆိုတာ သူ့အလိုလိုဖြစ်လာတာ မဟုတ်ပါ။ ကိုယ့်ရဲ့ပင်ကိုယ်စစ်မှန်မှုကို ပြသချင်တယ်ဆိုရင် ကိုယ့်အတွက် အထောက်အကူမပြုတော့တဲ့ အကျင့်တွေကို ဖယ်ရှားဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ပင်ကိုယ်စစ်မှန်မှုရဖို့က သင်ထားတဲ့အရာတွေကို ကိုယ့်ရဲ့မှတ်ဉာဏ်ထဲက နုတ်ပစ်ရပါမယ်။