VESTIGE

vestige1

ဆိုင်တည်နေရာ . . .

အမှတ် ၄၅၉၊ ပြည်လမ်း၊ Novotel Hotel ၊ သုံးလွှာ၊ အခန်း ၃၁၁ ဖြစ်ပြီး ဖုန်းနံပါတ်ကတော့ ၀၉-၄၂၀၀၉၉၆၄ ဖြစ်ပါတယ်။ ဆိုင်ခွဲပေါင်း ရှစ်ဆိုင်ရှိပြီးတော့ စိမ်းလန်းစိုပြည်နဲ့ ကျိုက်ဝိုင်းဘုရားလမ်း Junction 8 အနီးတို့မှာလည်း ရနိုင်ပါတယ်။

ဆိုင်ဖွင့်ချိန် . . .

ဆိုင်ဖွင့်ချိန်က မနက် ၉ နာရီကနေ ည ၈ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပါတယ်။

စတင်ဖွင့်လှစ်တဲ့ခုနှစ်နဲ့ ရည်ရွယ်ချက် . . .

စတင်တည်ထောင်တဲ့အချိန်က ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်မှာ အမှတ် ၁၂၊ အခန်း ၉၊ ၁၀၊ ၁၀ ရပ်ကွက်၊ ပါရမီလမ်း၊ မရမ်းကုန်းမြို့နယ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဧပြီလ ၃ ရက်မှာ Novotel မှာ ဖွင့်ခဲ့တာပါ။ မြန်မာမှုပစ္စည်းတွေကို မပျောက်ပျက်အောင်နဲ့ နိုင်ငံခြားသားတွေလာတဲ့အခါ မြန်မာမှုပစ္စည်းလေးတွေကို Product ကောင်းကောင်း၊ အရည်အသွေးကောင်းကောင်းတွေ ပေးနိုင်အောင် ထုတ်လုပ်ထားပါတယ်။

vestige2

ရနိုင်တဲ့ပစ္စည်းအမျိုးအစား . . .

အိတ်တွေ၊ စာအုပ်တွေ၊ ဦးထုပ်၊ အင်္ကျီ၊ ဘာပဲထည့်စားစား စားလို့ရတဲ့ ခရု၊ ကမာလေးတွေနဲ့ လုပ်ထားတဲ့ အုန်းမှုတ်ခွက်၊ အိတ်နဲ့ အင်္ကျီတွေက အဓိကဖြစ်ပြီးတော့ ဖိနပ်တွေလည်း ရနိုင်ပါတယ်။ Notebook ကိုတော့ ရေစိုခံစာအုပ်ပုံစံလေးတွေ လုပ်ပေးထားပါတယ်။

vestige3

ဈေးနှုန်းအပိုင်း . . .

ဈေးအများဆုံးက သားရေနဲ့လုပ်ထားတဲ့ပစ္စည်းက ဒေါ်လာ ၄၅ ရှိပြီး၊ အခြားပစ္စည်းတွေကတော့ ဒေါ်လာ ၂၅ နဲ့ ၂၀ ဆိုပြီး အစားစားရှိပါတယ်။ အင်္ကျီလေးတွေဆိုရင် ချည်သားစစ်စစ်နဲ့ လုပ်ပေးထားပြီး တန်ဖိုးက (၁၅) ဒေါ်လာပါ။

Targert Customer . . .

နိုင်ငံခြားသားရော မြန်မာလူမျိုးတွေပါ ကြိုက်နှစ်သက်မှာပါ။