• Home
  • About Us
  • Blog
  • Job
  • Advertise With Us
  • Multimedia
  • Print Edition
  • Contact
  • Job
  • Register
  • Log In
facebook
linkedin
twitter
google_plus
  • News
    • ASEAN
    • BRICS
    • Events
      • MEF
      • Seminar
    • International News
    • Local News
  • Articles
    • Ethics
    • Executive Q & A
    • Feature
    • Health
  • Profile
    • Interviews
    • New Business
  • Tourism
    • Tourist Arrival
  • Trade & Investment
    • FDI
  • Property
  • Management
  • Technology
  • Books
  • Leisure
    • Executive Cartoon
    • Golf
    • Karaoke & Club
    • Spa
  • Opinion
    • Commentary
    • Editor’s letter
    • Letters to Editor
  • About Us

U Zaw Htut

Posted On 12 Jul 2016
By : Editorial
Comment: 0

မြန်မာ့အင်တာနက် Myanmars.net

MD & CTO

U Zaw Htut

UZawHtut

စီးပွားရေးလုပ်ငန်းများအတွက် အမျိုးမျိုးသော E-Business ၀န်ဆောင်မှုတွေပေးနေတဲ့ Myanmar's Net ရဲ့ Chief Technical Officer တစ်ဖြစ်လဲ Managing Director ဖြစ်သူ ဦးဇော်ထွဋ်ဟာ ပုံမှန် Executive-level Management ကိစ္စတွေနဲ့ Research & Business Development အပိုင်းကိုလည်း အဓိကထား တာဝန်ယူသူတစ်ယောက်ပါ။ သူနဲ့ တွေ့ဆုံမေးမြန်းခွင့်ရခိုက်မှာ လုပ်ငန်းခွင်အတွေ့အကြုံတွေအပါအ၀င် Myanmar's Net အကြောင်း လေ့လာဖြစ်ခဲ့ပါတယ်။

ပညာရေးနဲ့ပတ်သက်လို့ . . .

အတိုပြောရရင် ဂျပန်မှာ နှစ်နှစ်၊ အီတလီမှာ သုံးနှစ်၊ အမေရိကန်မှာ လေးနှစ်လောက် ပညာသင်ယူခဲ့ဖူးပါတယ်။ အီတလီက ပြန်ရောက်ရောက်ချင်းလောက်မှာ ဆယ်တန်း ပထမအကြိမ်ဖြေတော့ ဂုဏ်ထူးထွက်တဲ့ ဘာသာထွက်ပြီး ၊ ကျတဲ့ဘာသာကျခဲ့ပါတယ်။ နောက်တစ်နှစ် ထပ်ဖြေတယ်။ အောင်တော့ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ရခဲ့ပါတယ်။ ဆယ်တန်းကို နှစ်ခါဖြေလို့ဆိုပြီး ဆုပေးအဖွဲ့က ငြင်းပယ်တာ ခံခဲ့ရပါတယ်။ Bachelor ဘွဲ့ကတော့ ဖွင့်တစ်လှည့် ပိတ်တစ်လှည့်နဲ့ International Relation ဘာသာအထူးပြုနဲ့ ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်အောင်မြင်ခဲ့ပါတယ်။ ပထမနှစ်မှာ ပညာရေးဝန်ကြီးဌာနကပေးတဲ့ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) အတွက် လူရန်ချွန်ဆုကိုလည်း ရရှိခဲ့ပါတယ်။ Computer Science နဲ့ Master Degree ကိုလည်း အမေရိကန်ပြည်ထောင်စုမှာ အလုပ်လုပ်ရင်း ကျောင်းတက်ခဲ့ပါတယ်။ ဒါပေမဲ့ မပြီးခဲ့ပါဘူး။

အခု ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ Executive MBA 13th Batch မှာ တက်တုန်းပါ။ 3L (Life- Long Learning) ပေါ့ဗျာ။ ကြုံတုန်းလေး လူငယ်တွေ ပညာကို တန်ဖိုးပိုထားလာအောင် Share လုပ်ချင်တာက ကံဆိုတာ Luck လို့ ဘာသာပြန်လို့ရပါတယ်။ ပါဠိမှာ 'အလုပ်' လို့ ဘာသာပြန်တယ်။ ရှေးဘ၀ ကံမကောင်းခဲ့ရင်၊ အဲဒီကံကို အလုပ်နဲ့တည်ဆောက်လို့လည်း ရတယ်ဆိုတာကို မမေ့စေချင်ဘူး။ Knowledge is Power ပါ။ Powerဆိုတာကို အမျိုးမျိုး ဘာသာပြန်နိုင်ပါတယ်။ အာဏာ၊ စွမ်းအင်၊ တန်ခိုး စသဖြင့်ပေါ့။ ကျွန်တော်က ဒီနေရာမှာ 'တန်ခိုး' လို့ ဘာသာပြန်ပါတယ်။ ဗဟုသုတ၊ ပညာပြည့်စုံရင် လူတစ်ယောက်ဟာ တန်ခိုးရှိတဲ့ လူလိုဖြစ်လာတယ်လို့ ပညာသင်ဆဲလူငယ်တွေကို အားပေးချင်ပါတယ်။

လုပ်ငန်းအတွေ့အကြုံ . . .

ကျွန်တော့်တစ်သက်မှာ ပထမဆုံးဝင်ငွေရဖူးတဲ့အလုပ်က သင်္ကြန်ရုံးပိတ်ရက်မှာ လုပ်ငန်းရှင်တစ်ယောက်ကို ကွန်ပျူတာနဲ့ပတ်သက်သမျှ သိချင်သမျှ ဖြေပေးရတဲ့ Consultation အလုပ်ကို ရေသွားမကစားဘဲ ပထမဆုံး လုပ်ဖြစ်ခဲ့ပါတယ်။ ရတဲ့ငွေကို အဖေအမေကို ကန်တော့ခဲ့ပါတယ်။ သင်တန်းပြီးသွားတာနဲ့ ဆရာဦးသိန်းဦးက (အဲဒီတုန်းက MCC မှာတုန်းကပါ) ကျွန်တော့်ကို Assistant Programmer အဖြစ် အလုပ်ခန့်ပါတယ်။ SDSS (Software Development Support System) ဆိုတဲ့ 'Program တွေရေးပေးတဲ့ Program' ကို ရေးပေး ရတာဖြစ်ပါတယ်။ Programmer တွေက ကလစ်လုပ်ရုံနဲ့ ရေးပြီးသား COBOL Program တွေ ထွက်လာတာမျိုးပါ။ Visual Basic ၊ Visual C လို Repid Development Environment မျိုးကို COBOL Programming အတွက် ထွက်လာအောင် လုပ်ပေးနိုင်တဲ့ Research Project တစ်ခုပါ။

MCC မှာ လပိုင်းပဲ အလုပ်လုပ်လိုက်ရပါတယ်။ ကျွန်တော့်အမေလုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) မှာ စာမေးပွဲဝင်ဖြေလိုက်တာ ရသွားလို့ အလုပ်ပြောင်းခဲ့ရပါတယ်။ DG ဦးအေးလွင်ရဲ့ Research ဌာနမှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပထမဆုံး XT ကွန်ပျူတာလေး တစ်လုံးနဲ့ ကွန်ပျူတာဌာန စတည်ထောင်ဖြစ်ခဲ့ပါတယ်။ နိုင်ငံခြားသွားခါနီး နိုင်ငံခြားရေးဝန်ထမ်းတွေကို ကွန်ပျူတာအခြေခံ သင်ပေးခဲ့ရတယ်။ Visa Black List စစ်တဲ့ System အပါအ၀င် ရုံးတွင်းသုံးတဲ့ Software Application သုံးခုလောက် ရေးပေးခဲ့ဖူးပါတယ်။ အဲဒီပြည်ဝင် Visa Black List စစ်တဲ့ System ဟာ နောက်တော့ မြန်မာသံရုံးတွေ၊ ကာကွယ်ရေး၊ လ၀က တွေမှာပါ အသုံးဝင်တဲ့ စနစ်တစ်ခုဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်မှာ ကျွန်တော့်ဘ၀ အပြောင်းအလဲ တစ်ခုဖြစ်ခဲ့တာက မြန်မာ့သမိုင်းမှာ ပထမ၀င်းဒိုးစ်အ တွက် Win Myanmar ဆိုတဲ့ မြန်မာစာစနစ်ကို တီထွင်နိုင်ခဲ့ခြင်းပါပဲ။ MCC မှာ အလုပ်လုပ်တုန်းကတည်းက Research လုပ်ခဲ့တဲ့ Dream တစ်ခုဟာ နှစ်နှစ်လောက် အကြာမှာ Reality ဖြစ်လာခဲ့ပါတယ်။ MCC က စာချုပ်ချုပ်ပြီး ရောင်းပေးခဲ့တဲ့နောက်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စမှန်းမသိ စဖြစ်ခဲ့တာ ၁၉၉၂ ခုနှစ်က တည်းကပါပဲ။

Win Innwa ၊ Win Kalaw ၊ Win Researcher စတဲ့ ကျွန်တော်တို့ရဲ့ Win ကွန်ပျူတာမြန်မာစာလုံးတွေကို အခုခေတ်မှာ လက်ညှိုးထိုးမလွဲ တွေ့နေရပါပြီ။ မှတ်ပုံတင်ကတ်ပြားပေါ်ကနေ သတင်းစာ၊ ဂျာနယ်တွေထဲမှာ ရိုက်ထားတဲ့ မြန်မာစာလုံးတွေ၊ လွှတ်တော်ဥက္ကဋ္ဌ  နောက်ကျောနံရံပေါ်က ပြည်သူ့လွှတ်တော်ဆိုတဲ့ စာလုံးတွေအထိ ကျွန်တော်ဆွဲခဲ့တဲ့ စာလုံးတွေကို အသုံးပြုနေ ကြတာတွေ့ရတာ ကျွန်တော်ဂုဏ်ယူပါတယ်။ (တူဒေး စာအုပ်တိုက်ကလည်း ၁၉၉၂ ခုနှစ်ကတည်းက ကျွန်တော့် Customer ပဲလေ။) မြန်မာပြည်သူသန်းပေါင်းများစွာက Win စာလုံး၊ Zawgyi စာလုံးတွေကိုသုံးပြီး ရိုက်ထားတဲ့စာတွေဖတ်တိုင်း ကျွန်တော် ကုသိုလ်နည်းနည်းတော့ ရမယ်ထင်ပါတယ်။ နောက်တော့ MOFA ထဲမှာ Promotion စာမေးပွဲဖြေတဲ့အခါမှာ အဆင့်တစ်ရလို့ ဆိုပြီး Assignment ကို အမေရိကန်ပြည်ထောင်စုမြို့ တော် ၀ါရှင်တန်က မြန်မာသံရုံးကို လွှတ်လိုက်ပါတယ်။ လေးနှစ်နီးပါးလောက် Myanmar Diplomat တစ်ယောက်အနေနဲ့ မြန်မာသံရုံး၊ ၀ါရှင်တန်မှာ Attaché (Information) ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၀ါရှင်တန်မှာ အခြားဘယ်နေရာနဲ့မှမတူတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့အကြောင်းအရာတွေကို နားလည်ခဲ့ရတယ်။ အတွေ့အကြုံတွေ အများကြီးရခဲ့ပါတယ်။ အဲဒီတုန်းက လောဘတကြီး လေ့လာခဲ့ရတဲ့အကျိုးကြောင့် ကျွန်တော့်ဘ၀၊ ကျွန်တော့်အမြင်တွေ အများကြီးပြောင်းလဲခဲ့ပါတယ်။

Myanmar's Net ရဲ့ အစ . . .

မြန်မာပြည်ပြန်လာပြီး မကြာခင်အရင်က Plan လုပ်ထားတဲ့အတိုင်း ကိုယ်ပိုင်အလုပ်လုပ်ဖို့ အစိုးရအလုပ်ကနေ ထွက်လိုက်ပါတယ်။ ဇနီးဖြစ်သူ အလုပ်လုပ်နေတဲ့ ယူဂိုဆလားဗီးယားနိုင်ငံမှာ လိုက်ရင်း၊ ၀ါရှင်တန်မှာတုန်းကတည်းက Myanmar Culture အကြောင်း ရေးထားတဲ့ AOL ပေါ်က Web Page ကို www.myanmars.net အဖြစ် ၁၉၉၈ ခုနှစ်မှာ ပြောင်းလဲတည်ထောင်ခဲ့ပါတယ်။ မြန်မာပြည်မှာ အင်တာနက်မရသေးတဲ့အချိန် ရန်ကုန်မှာ Marketing တာဝန်ယူပေးတဲ့ Partner တစ်ယောက်နဲ့ ပူးတွဲစလုပ်ခဲ့တာပါ။ ယူဂိုဆလားဗီးယားမှာ အိမ်ရှင်ထီး အဖြစ်နဲ့နေတုန်း စာတွေဖတ်ပြီး အများကြီးထပ်ရေးခဲ့ရာကနေ Myanmars.NET ဟာ မြန်မာပြည်ကို လာလည်မယ့် Tourist တွေအတွက် အတော်အသုံးဝင်တဲ့ Website တစ်ခုဖြစ်လာခဲ့ပါတယ်။

Myanmar's Net ရဲ့ လုပ်ငန်းနယ်ပယ်တွေက . . .

ကျွန်တော်တို့ မြန်မာနက်မှာ SBU (Strategic Business Unit) လေးခုရှိပါတယ်။ e-business Development (Web, e-commerce) ၊ e-tourism Development (mti,yti) ၊ Software Development (Language Software ၊ Booking Engines, etc) နဲ့ Online Advertising တို့ပါ။

Web Development ဆိုတဲ့နေရာမှာ E-Business မျိုးစုံ၊ Requirement အမျိုးမျိုးပေါ်မူတည်ပြီး ကျွန်တော်တို့ ၀န်ဆောင်မှုပေးနေတဲ့ လုပ်ငန်းအမျိုးအစား ၄၄ မျိုးရှိပါတယ်။ နောက်တစ်ခုက E-Tourism လုပ်ပေးပါတယ်။ Electronically မြန်မာပြည်ကို Tourism Promotion လုပ်ပေးပါတယ်။ မြန်မာပြည် Tourism ကို Promote လုပ်တဲ့ Product တွေကို ကျွန်တော်တို့ ထုတ်ပါတယ်။ အဲဒါတွေကို ၂၀၀၄ ခုနှစ်ကတည်းက ကျွန်တော်တို့ စထုတ်ခဲ့တာဖြစ်ပါတယ်။ Website ၊ Ebook, Printed Book စတာတွေ လည်းရှိပါတယ်။ အရင်တုန်းကတော့ အင်တာနက်နှေးတဲ့အချိန်မှာ ကျွန်တော်တို့ပေးတာက Multimedia Content ဖြစ်တာကြောင့် CD ထုတ်ခဲ့ပါသေးတယ်။ နောက်ပိုင်း CD ရပ်လိုက်ပြီးတော့ App တွေဖြစ်သွားပါတယ်။ အဲဒီမှာလည်း မြန်မာနိုင်ငံကိုမလာခင်သုံးဖို့ Product နဲ့ လာပြီးမှသုံးဖို့ Product ဆိုပြီးထုတ်ပါတယ်။ နောက်တစ်ခုကတော့ Online Advertising ပါ။ Online ရော၊ Printed Ad တွေမှာပါ ကြော်ငြာဖို့ကို Online ကနေတစ်ဆင့် ၀န်ဆောင်မှုပေးပါတယ်။

Myanmars.net ရဲ့ အမျိုးမျိုးသော ၀န်ဆောင်မှုအတွက် Website တွေအနေနဲ့ winmyanmar.myanmars.net ၊ Ad.myanmars.net (Internet Advertising)၊ myanmartravelinformation.com ၊ Myanmar Travel Info App (iOS & Android) ၊ Yangon Travel Info App (iOS & Android) ၊ mmpay.net (E-commerce Manager) ၊ တခြား Android App တွေကတော့ mmNews ၊ mmCar ၊ mmJob ၊ mmShop ၊ mmPhone ၊ mmGuide ၊ mmRate ၊ mmLove စသဖြင့် အမျိုးမျိုးရှိပြီး အသေးစိတ်ကိုတော့ Services.myanmars.net မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

၂၀၁၅ ခုနှစ်ကစပြီး ကျွန်တော်တို့ရဲ့ International Division ဖြစ်တဲ့ WebDesignWebDev.com က Google For Work Partner ဖြစ်လာခဲ့ပါပြီ။ Google Apps နဲ့ ပတ်သက်တဲ့ Google Services တွေကို ကျွန်တော်တို့ ၀န်ဆောင်မှုပေးနေပါတယ်။

Myanmar's Net အနေနဲ့ ရခဲ့ဖူးတဲ့ဆုတွေ  . . .

နိုင်ငံတော်အဆင့်ပေးတဲ့ Myanmar ICT Award ကတော့ ကွန်ပျူတာလောကမှာ အိုင်တီသမားတွေအတွက် အကယ်ဒမီဆုပါပဲ။ ကျွန်တော်တို့ မြန်မာနက်အနေနဲ့ အဲဒီဆုကို ၂၀၀၂ ခုနှစ်မှာတစ်ကြိမ်၊ ၂၀၀၄ ခုနှစ်မှာ တစ်ကြိမ် ဆွတ်ခူးရရှိခဲ့ပါတယ်။ ကျွန်တော်တို့ရုံးက Designer ၊ Developer တွေအနေနဲ့လည်း Web Design Award တွေလည်း အကြိမ်ကြိမ်ရခဲ့ဖူးပါတယ်။

ကမ္ဘာ့အဆင့်ဆိုရင်တော့ ၂၀၁၅ ခုနှစ်မှာတော့ Digital Innovations Asia Award 2014 ကို Digitalinnovationasia.com က ပေးတာကို လက်ခံရရှိခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်၊ ဇူလိုင်လထဲမှာ အမေရိကန် ပြည်ထောင်စုက ကမ္ဘာကျော် New York Times သတင်းစာက ဖုန်းဆက်ပြီး အင်တာနက်အသုံးပြုခွင့် ပိတ်ထားတဲ့ တိုင်းပြည်မှာ Website ဆောက်ပေးတဲ့အလုပ်ကို ထူးထူးခြားခြား ဘယ်လိုနေသလဲလို့ အင်တာဗျူးပြီး၊ ကျွန်တော်တို့မြန်မာနက်အကြောင်းကို New York Times သတင်းစာထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်ဝန်းကျင်က BBC Best Link ဆိုပြီး မြန်မာနက်ကို နှစ်နှစ်ဆက်တိုက် ရွေးချယ်ခံခဲ့ရဖူးပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်တဲ့သတင်းတွေ CNN မှာ ဖော်ပြတဲ့အခါမျိုးမှာလည်း Further Information ဆိုရင် www.myanmars.net ကို ကြည့်ဖို့ Recommend လုပ်ခံခဲ့ရတာလည်း မကြာမကြာ ရှိခဲ့ပါတယ်။

လက်ရှိကုမ္ပဏီမှာ ဘယ်လို Managment ပုံစံနဲ့ ၀န်ထမ်းတွေကို အုပ်ချုပ်နေပါသလဲ . . .

ကျွန်တော်ကတော့ Servant Leadership ကိုကျင့်သုံးမှန်းမသိ ကျင့်သုံးနေခဲ့ပါတယ်။ ဒါကို Servant Leadership လို့ ခေါ်ပါလားလို့ နောက်မှ သိလာရတယ်။ Efficient ဖြစ်ဖို့၊ Effective ဖြစ်ဖို့နဲ့ Transparency ရှိဖို့ Glass-wall Theory လည်း ဒီလိုပါပဲ။ လုပ်သင့်တယ်ထင်လို့ လုပ်နေတာ။ ကျွန်တော့်မိတ်ဆွေ လုပ်ငန်းရှင်တွေ အတော်များများက ကန့်ကွက်ဖူးတယ်။ ကျွန်တော့်ရုံးခန်းမှာ အခန်းကန့်မထားပါဘူး။ Ooredoo CEO သွားတွေ့တော့မှ သူလည်းဒီလိုပဲ၊ Glass-wall Theory ကျင့်သုံးတယ်ဆိုတာ တွေ့လာရတယ်။ Mark Zugergurg လည်း တိုက်တိုက်ဆိုင်ဆိုင် Facebook ရုံးချုပ်မှာ ဒီလို Glass-wall Theory သုံးတယ်ဆိုတာ မကြာသေးခင်ကမှ သိရတယ်။ ကျွန်တော်က techie ပါ။ အလုပ်သဘောအရ လူနဲ့ အလုပ်လုပ်တာနည်းပြီး၊ ကွန်ပျူတာနဲ့ လုပ်တာများတဲ့အတွက် လူမှုဆက်ဆံရေး အားနည်းလာခဲ့တယ်ဆိုတာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတိပြုမိတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် စိတ်တိုင်းမကျတာ အများကြီးပါ။ ကျွန်တော့်အမြင်နဲ့ မတူတိုင်း မှားတယ်လို့ မသတ်မှတ်ပါဘူး။ သူ့နည်း ကိုယ့်နည်းပေါင်းပြီး အကောင်းဆုံးနည်းကို ရွေးလုပ်တယ်။ Management Terminology နဲ့ဆို Theory-E နဲ့ Theory-O နှစ်ခုလုံးကို level ပေါ် မူတည်ပြီး သုံးဖြစ်ပါတယ်။

Myanmar's Net ရဲ့ Motto . . .

Motto ကတော့ We are your E-Business Partner ပါ။ နည်းပညာသုံးပြီးလုပ်တဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှအတွက် လက်တွဲဖော်ဖြစ်ပါတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

Myanmar's Net ရဲ့ Future Plan . . .

ဒီအကြောင်း ကျွန်တော်သိပ်မပြောပါချင်ဘူး။ အခုလောလောဆယ်မှာ ကျွန်တော်တို့ဟာ မြန်မာပြည်ရဲ့ အကြီးဆုံး e-business developer တစ်ခုဖြစ်ပါတယ်။ နိုင်ငံ ၃၀ ကျော်က လုပ်ငန်းပေါင်းများစွာအတွက် ၀န်ဆောင်မှုပေးနေပါတယ်။ မြန်မာပြည်ရဲ့အကြီးဆုံး Content Developer ဖြစ်ဖို့လည်း ကြိုးစားနေပါတယ်။ မြန်မာပြည်ရဲ့အကြီးဆုံး Internet Directory ကိုလည်း ကျွန်တော်တို့ Run နေပါတယ်။ http://dir.myanmars.net မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်သမျှ ၀က်ဘ်ဆိုက် ငါးထောင်လောက်ကို စုစည်းထားပါတယ်။

အနာဂတ်မှာ ကျွန်တော့်တို့ Myanmar's Net ကို Share ခေါ်ဖို့ရှိပါတယ်။ တခြား Publicly List လုပ်နိုင်ဖို့ကတော့ လိုဦးမယ်ထင်ပါတယ်။ ဒါပေမဲ့ အပြင် Share ရှင် Partner တွေခေါ်ပြီးတော့ Myanmar's Net ကို လုပ်ငန်းချဲ့သွားဖို့တော့ရှိပါတယ်။

တခြားပါဝင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်း . . .

MCIA (Myanmar Computer Industry Association) မှာ တွဲဖက်အတွင်းရေးမှူး တာဝန်ယူ ဆောင်ရွက်နေပါတယ်။ MCF (Myanmar Computer Federation), MCPA ၊ Myanmar Wikipedians ၊ UMTA ၊ Asia Internet Coalition တို့မှာလည်း အဖွဲ့ဝင်ဖြစ်ပါတယ်။ Myanmar Computer Emergency Response Team (mmCert) ၊ Unicode Technical Committee တွေမှာ ပါဝင်လုပ်ဆောင်ခဲ့ဖူးပါတယ်။ ခုတလောမှာ Alliance for Affordable Internet (A4ai) နဲ့လည်းပါဝင်ပြီး မြန်မာနိုင်ငံမှာ အင်တာနက်ကို အခုထက်ပို ဈေးသက်သက်သာသာနဲ့ သုံးနိုင်ဖို့ ပါဝင်ညှိနှိုင်းပေးနေပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်လို့ . . .

World Economic Forum က ခေါင်းဆောင်တွေရဲ့ အမြင်အရ ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးမှာ စီးပွားရေးတိုးတက်မှုနှုန်း အများဆုံးနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ မှန်းကြပါတယ်။ မှန်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဆယ်တိုးလာလာချင်း အတူတူ၊ တစ်ထောင်ရှိတဲ့သူက တစ်ဆယ်တိုးလာရင် ၁ ရာခိုင်နှုန်း တိုးတက်တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ တစ်ရာပဲ ရှိတဲ့သူက တစ်ဆယ်တိုးလာရင် ၁၀ ရာခိုင်နှုန်းတိုး တက်တယ်လို့ ဆိုကြတာဟာ ကိန်းဂဏန်းသဘောပါ။ အမှန်ဆုံး Economic Forecast တွေသိချင်ရင်တော့ ကျွန်တော်က Big Four က Report တွေ ရှာဖတ်ပါတယ်။

မြန်မာယူနီကုဒ်ဆိုတဲ့ Soft-infrastructure . . .

ဟိုတစ်နေ့က ကျွန်တော်နဲ့ကိုထွန်းသူရသက်ကို လူကြီးတစ်ယောက်က မေးတယ်။ 'ယူနီကုဒ်သုံးတာ ကမ္ဘာမှာ ဘယ်နှစ်နိုင်ငံရှိသလဲ' တဲ့။ အံ့သြပြီး ကျွန်တော်နဖူးကို လက်နဲ့ရိုက်မိတော့မလို့ပါပဲ။ Latin Alphabet မသုံးတဲ့ နိုင်ငံအားလုံး ယူနီကုဒ်ကိုပဲ သုံးကြပါတယ်။ ကွန်ပျူတာပေါ် ဖုန်းပေါ်မှာ မြင်နေရသမျှ ထိုင်း၊ တရုတ်၊ ဂျပန် အက္ခရာတွေအားလုံးဟာ ယူနီကုဒ်စံစနစ်ကို သုံးထားတဲ့ အက္ခရာတွေချည်းပါပဲ။ အဲဒီနိုင်ငံတွေအားလုံး ယူနီကုဒ်ကိုဘဲ သုံးကြတယ်ဆိုတာ သိစေချင်တယ်။

နောက်တစ်ခုက Unicode Standard ဆိုတာဟာ Soft-infrastructure ပါ။ လျှပ်စစ်မီးတို့၊ လမ်း၊ အင်တာနက်တို့ဆိုတဲ့ Infrastructure တွေရှိရင် အခြားလုပ်ငန်းတွေ အများကြီး လုပ်လာလို့ရသလိုပဲ၊ မြန်မာယူနီကုဒ် ပြောင်းသုံးကြပြီးရင် အခြားလုပ်လာလို့ရတာတွေ Business Opportunities တွေ အများကြီး အများကြီး ပေါ်ထွက်လာပါလိမ့်မယ်။ မြန်မာယူနီကုဒ်ဆိုတာ Inevidible ပါ။ ရှောင်လွှဲလို့ရမှာ မဟုတ်ပါဘူး။ လျှပ်စစ်မီး မမြင်ဖူး၊ မသုံးဖူးသေးတဲ့သူတစ်ယောက်ကို လျှပ်စစ်စွမ်းအင်ဆိုတာ ဘယ်လောက် အသုံးဝင်တယ်ဆိုတာ ပြောပြရခက်သလို ဖြစ်နေပါတယ်။

ဥပမာ – ကွန်ပျူတာပရိုဂရမ်မာတွေက ယူနီကုဒ်သုံးတဲ့အခါ မြန်မာလိုရှာရင် Search တစ်ခေါက်နဲ့ ပြီးရမယ့်အလုပ်က၊ ယူနီကုဒ် မသုံးသေးတဲ့စနစ်မှာ အများဆုံး ခြောက်ခါပြန် Search လုပ်ရတယ်။ ယူနီကုဒ် မသုံးဖြစ်သေးတဲ့ အဲဒီပရိုဂရမ်မာရဲ့ အလုပ်ပြီးမြောက်မှုက ၆ ဆ နှေးနေပါလေရော။ ကျွန်တော်တို့လူမျိုးတွေကို ပိုကောင်းတဲ့ နည်းပညာတွေကိုပဲ သုံးတာမြင်ချင်ပါတယ်။

မြန်မာ့နည်းပညာကဏ္ဍနဲ့ ပတ်သက်လို့ . . .

ဒါနဲ့ပတ်သက်လို့ ပြောစရာက အများကြီးပါ။ မြန်မာနိုင်ငံမှာ အခု e-business Boom စဖြစ်နေပါပြီ။ e-business အသစ်တွေ အများကြီးပေါ်ထွက်လာတာ ၀မ်းသာစရာပါ။ ပြောင်းလဲမှုတွေက မြန်လာပါပြီ။ လက်ရှိ လုပ်ငန်းရှင်တွေအနေနဲ့ နောက်ကျမကျန်ခဲ့ဖို့ အရေးကြီးပါ တယ်။ e-Commerce ၊ e-business တွေ အောင်မြင်ဖို့က Electronic Payment စနစ်တွင်ကျယ်ဘို့ လိုနေပါတယ်။ 'လက်ဆေးပါ' Campaign လိုမျိုးလောက်ကို အခြေခံကျကျ Electronic Payment ကို Educate လုပ်ဖို့ လိုနေပါတယ်။ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းအနေနဲ့လည်း Industry အတွက် အခုထက်ပိုလုပ်ပေးနိုင်အောင် Reform လုပ်နေပါတယ်။

Megatrend တစ်ခုဖြစ်တဲ့ Digital Convergence ကြောင့် Business Environment တစ်ခုလုံး စီးပွားရေး လုပ်ငန်းလုပ်ပုံကိုင်ပုံတွေ မကြာခင် သိသိသာသာ ပြောင်းလဲလာတော့မယ်လို့ မြင်ပါတယ်။ Broadband ပိုရလာရင် ပိုပြောင်းလာပါလိမ့်မယ်။ Telecommunicate လုပ်ပြီး အိမ်ကနေ အလုပ်လုပ်တဲ့လူတွေ ပိုများလာမယ်။ ZMOT (Zero Moment of Truth) ဆိုတာ မြန်မာပြည်မှာ စပြီး အသက်ဝင်လာပါလိမ့်မယ်။

ဖြူလဲ့မွန်

Email this page
  • google-share
Previous Story

ဖုန်းရဲ့ Data အသုံးပြုမှုကို ဘယ်လိုစီမံမလဲ

Next Story

နှလုံးကိုထိခိုက်နိုင်တဲ့ လုပ်ငန်း ၈ မျိုး

RECENT

POPULAR

COMMENTS

ဦးသန်းလွင်ထွန်း၊ Myanmar Service Chief, Voice of America

Posted On 28 Nov 2019

Interview with Alan Pearce

Posted On 28 Nov 2019

Interview with Jillian C. York

Posted On 28 Nov 2019

ဦးသန်းလွင်ထွန်း၊ Myanmar Service Chief, Voice of America

Posted On 28 Nov 2019

ရင်သွေးငယ်အာဟာရ သန္ဓေသားမှစ

Posted On 03 Jun 2013

ဝါသနာတူတွေ ဖွင့်လှစ်ထားတဲ့ Nawaday Alley Gallery

Posted On 03 Jun 2013

Subscribe Email

  • Advertise with Us

    Tag Cloud

    2014 article Asean ASEAN News Book BRICS business car CEO China Commentary CSR Dine & Wine ethics Executive Q&A Feature Golf health Highlight horoscope Hotel India International International News interview Investment IT Leisure Local local news Management Myanmar news opinion Profile Samsung Seminar Singapore Top Story tourism

    Contact Info

    အမှတ် (H) ၊ လှိုင်မြင်းမိုရ်ကန်လမ်း၊ ကန်ရိပ်မွန်အိမ်ရာ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
    ဖုန်း –၀၁ ၅၀၇၃၉၁ ~ ~၉၃ ၊ ဖက်စ် – ၀၁ ၅၀၇၃၉၀

    B(6) ၊ ၇၁ လမ်း၊ ၃၀ x ၃၁ လမ်းကြား၊ ဆောက်လုပ်ရေးတိုက်တန်း၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
    ဖုန်း – ၀၉၇၃၂၄၃၂၆၉ ၊ ၀၉၉၁၀၂၇၅၂၄

    Email : ceo.myanmar@gmail.com

    Print Edition

    Print Edition
  • Sitemap

    • About Us
      • Seminar
      • Advertise With Us
      • Local
      • ASEAN
      • BRICS
      • International
      • Events
      • MEF
      • News
    • Articles
      • Feature
      • Ethics
      • Executive Q & A
      • Health
      • Profile
      • New Business
      • Interviews
    • Tourism
      • Tourist Arrival
      • Property
      • Management
      • Technology
      • Books
    • Contact
      • Executive Cartoon
      • Horoscopes
      • Editor’s letter
      • Commentary
      • Letters to Editor
      • Opinion
      • Videos
      • Multimedia
      • Print Edition
  • Copyright © 2019 CEO Myanmar. All Rights Reserved.