ခရီးထွက်ဖို့ အဝတ်အစား ၊ ပစ္စည်းတွေထုပ်ပိုးရာမှာ မှားတတ်ကြတဲ့ အမှား ၅ မျိုး

travellingfalse1

အဝတ်တွေကို လိပ်ပြီးထည့်တာ

---------------

အဝတ်အစားတွေကို လိပ်ပြီးမှ အိတ်ထဲထည့်တာမျိုးက အဝတ်တွေကို တွန့်ကြေစေတဲ့အတွက် အင်္ကျီ၊ ဘောင်းဘီ သက်သက်စီထားပြီးမှ အတွင်းခံတွေကို အိတ်အသေးထဲထည့်ပါ။

travellingfalse2

ခရီးဆောင်အိတ်ထဲ ပစ္စည်းအများကြီးထည့်တာ

--------------------

အိတ်ထဲ ပစ္စည်းတွေများပြီး ရှုပ်နေတာမျိုးမဖြစ်အောင် မီးခိုး၊ အဖြူ၊ အမဲရောင်အဝတ်တွေပဲသယ်ပါ။ ရှူးဖိနပ်တွေအစား ဖိနပ်အပါးလေးတွေသယ်ပါ။

travellingfalse3

Compression Pad မသုံးတာ

---------------------

သင့်အိတ်ထဲက အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေ မတွန့်ကြေအောင် Compression Pad သုံးပါ။

travellingfalse4

ရှိသမျှပစ္စည်းတွေကို အိတ်ထဲမှာ စုပြုံပြီးထည့်တာ

---------------------

အိတ်ရဲ့ညာဖက်မှာ အဝတ်အစားတွေကိုထားပြီး ဖိနပ်နဲ့ တခြားလိုအပ်တဲ့အသုံးအဆောင်တွေကို ဘယ်ဘက်မှာ ထုပ်ပိုးထားလိုက်ရင် သင့်အဝတ်တွေလည်း မပေကျံတော့ဘူးပေါ့။

travellingfalse5

လေယာဉ်ပေါ်မှာ ဝတ်မယ့်အဝတ်တွေကို လက်ကိုင်အိတ်ထဲထည့်တာ

------------------------------------------

သက်သောင့်သက်တာရှိမယ့် အဝတ်တွေကိုဝတ်ပြီး ကျန်တာတွေကို လက်ကိုင်အိတ်ထဲသာ ထည့်ထားလိုက်ပါ။ မှန်းဆမရတဲ့ ရာသီဥတုအခြေအနေ၊ လေယာဉ်အပူချိန်တွေကိုကာကွယ်ဖို့ လည်စည်းပုဝါ၊ စောင်တွေကို လက်ကိုင်အိတ်ထဲထည့်ထားပါ။