advertisement-image
Tourism

E-Visa ထပ်မံခွင့်ပြုလိုက်သော နိုင်ငံစာရင်းထုတ်ပြန်

ကမ္ဘာလှည့်ခရီးသွားတွေအဆင်ပြေစေဖို့ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ နိုင်ငံပေါင်း ၄၃ နိုင်ငံကို e-visa ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။ ယခု အောက်တိုဘာလ ၂ ရက်နေ့မှစတင်ကာ ကမ္ဘာလှည့်ခရီးသွား အများဆုံး ၀င်ရောက်တဲ့ နိုင်ငံ ၂၄ နိုင်ငံကိုလည်း e-visa ထပ်မံခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ ထပ်မံခွင့်ပြုပေးခဲ့တဲ့ နိုင်ငံတွေကတော့ သြစတြီးယား၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ အက်စတိုးနီးယား၊ ဂရိ၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ လူဇင်ဘတ်၊ မော်လတာ၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ ဆွီဒင်၊ မွန်ဂိုလီးယား၊ ကိုလမ်ဘီယာ၊ အာဂျင်တီးနား၊ ချီလီ၊ ပီရူး၊ ဗင်နီဇွဲလား၊ ပနားမား တို့ဖြစ်ပါတယ်။
Posted On October 20, 2014, By Editorial

၁၀ ကြိမ်မြောက် ASEAN Skill Competition 2014 မြန်မာနိုင်ငံ ၀င်ပြိုင်မည်

  ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်ကနေ ၂၉ ရက်အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပမယ့် ၁၀ ကြိမ်မြောက် အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ(ASEAN Skill Competition 2014) မြန်မာနိုင်ငံက တတိယအကြိမ် အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါပြိုင်ပွဲတွင် ကျွမ်းကျင်မှုပြိုင်ပွဲ ၂၅ မျိုးထဲမှ မြန် မာနိုင်ငံက စားသောက်ဆိုင်ဝန်ဆောင်မှုကျွမ်းကျင်မှု၊ အချက်အပြုတ်ကျွမ်းကျင်မှု၊ အီလက်ထရောနစ်ကျွမ်း ကျင်မှု၊ လျှပ်စစ်သွယ်တန်းကျွမ်းကျင်မှု၊ ပိုက်ပြင် ပိုက်ဆက်ကျွမ်းကျင်မှု၊ လက်သမားကျွမ်းကျင်မှုစတဲ့ ကျွမ်း ကျင်မှုအမျိုးအစား ခြောက်မျိုးကို ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ပြိုင်ပွဲကြိုတင်ပြင်ဆင်မှုအနေနဲ့ ပြီးခဲ့တဲ့ ဧပြီလကစပြီး ပြိုင်ပွဲတွေအဆင့်ဆင့် ရွေးချယ်ပြုလုပ်ပြီး နောက်ဆုံးမှာ လက်ရွေးစင်ပြိုင်ပွဲဝင် ခုနစ်ဦးနဲ့ ပညာရှင် ခုနစ်ဦးတို့ကို ရွေးချယ်ထားတယ်လို့ […]
Posted On August 19, 2014, By Editorial

Travel Agent အများဆုံစည်းရာ Thailand-Myanmar Table Top Sales and Gala Dinner

ဥက္ကဋ္ဌ Mr Sisdivachr Cheewarattanaporn  ရဲ့ဦးဆောင်မှုနဲ့  Association of Thai Travel Agents (ATTA)  ကအဖွဲ့ဝင် ၁၂၅ ယောက်ဟာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံရှိTourism Business Operator  များနဲ့ တွေ့ဆုံခဲ့ပါတယ်။ Project of AEC Explore  လို့ အမည်ပေးထားတဲ့သူတို့ရဲ့ခရီးစဉ်ကို ဧပြီလ၂၁ ကနေ ၂၆ ရက်နေ့အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၃ ရက်နေ့မှာ Table Top Sales  များနဲ့ရင်းရင်းနှီးနှီး ညစာစားသုံးခဲ့ ကြပါတယ်။ အခုလို ပွဲကျင်းပရတာဟာ ထိုင်းနဲ့မြန်မာနိုင်ငံကြား စီးပွားရေးလုပ်ငန်းများပိုမိုတိုးချဲ့လုပ်ကိုင် နိုင်စေဖို့ ရည်ရွယ်ခြင်းဖြစ်သလို မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံရဲ့အကျော်ကြားဆုံးဟိုတယ်တွေ၊ Ground Operator တွေ၊ ထိုင်းနိုင်ငံရဲ့ခေတ်အမီဆုံးTourist Destination  တွေသိရှိနိုင်စေဖို့နဲ့ Toursim Product […]
Posted On August 16, 2014, By Editorial

ဆိုက်ရောက်ဗီဇာ တိုးချဲ့ထုတ်ပေးမည့်နိုင်ငံများ (Visa On Arrival)

လက်ရှိ ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျက်ရှိသော နိုင်ငံများမှာ ကမ္ဘောဒီးယား၊ ကိုရီးယား  ၊  ဂျပန်  ၊ ဂျာမန်၊ စင်္ကာပူ၊ စပိန်၊ ဆွစ်ဇာလန်၊ ဆွီဒင် ၊ တရုတ်  ၊ ထိုင်း၊ ထိုင်ဝမ်  ၊  ဒိန်းမတ်  ၊  နယူးဇီလန် ၊ နော်ဝေ၊  ပြင်သစ်   ၊ ဖိလစ်ပိုင်  ၊ ဗီယက်နမ်  ၊  ဗြိတိန် ၊ ဘရူနိုင်း  ၊ မကာအို  ၊  မလေးရှား  ၊ လာအို  ၊  သြစတြေးလျ   ၊ ဟောင်ကောင်၊ အမေရိကန်  ၊ အင်ဒိုနီးရှား၊ အီတလီ၊ အိန္ဒိယတို့ဖြစ်ပါတယ်။ တိုးချဲ့ထုတ်ပေးမည့်နိုင်ငံများမှာ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဂရိ၊ စလိုဗက်ကီးယား၊ စလိုဗေးနီးယား၊  ဆိုက်ပရတ်စ်၊ နယ်သာလန်၊ ပေါ်တူဂီ၊  ပိုလန်၊  ဖင်လန်၊     ဘယ်ဂျီယံ၊ ဘူဂေးရီးယား၊ မော်လ်တာ၊  ရိုမေးနီးယား၊   လူဇင်ဘတ်၊ လက်ဗီးယား၊  လစ်သူရေးနီးယား၊ သြစတြီးလျား၊ ဟန်ဂေရီ၊ အစ္စရေး၊  အက်စ်တိုးနီးယား၊     အိုက်ယာလန်၊ နီပေါ၊  မြောက်ကိုရီးယား၊  ခရိုအေးရှား တို့ဖြစ်ကြောင်း […]
Posted On August 9, 2014, By Editorial

Food & Hotel Myanmar 2014

Food & Hotel Myanmar 2014 ဟာ မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပသော ထိပ်တန်းနိုင်ငံတကာအစားအသောက်နှင့် တည်ခင်းဧည့်ခံမှုလုပ်ငန်းဆိုင်ရာပွဲဖြစ်ပါတယ်။ အစားသောက်၊ အဖျော်ယမကာ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ မုန့်ဖုတ်လုပ်ငန်းနှင့် အစားအသောက်လုပ်ငန်းသုံး၊ ပစ္စည်းကိရိယာ၊ ပံ့ပိုးမှုနှင့် ၀န်ဆောင်မှုဆိုင်ရာနိုင်ငံတကာပြပွဲ (The International Exhibition for Food & Drink, Hotel, Restaurant, Bakery & Food Service Equipment, Supplies & Services) ကို ၂၀၁၄ ခုနှစ် ဇွန်လ ၁၈ ရက်မှတ ၂၀ ရက်ထိ မြန်မာကွန်ဗင်းရှင်းစင်တာ MCC Hall တွင် ကျင်းပသွားမှာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ကုမ္ပဏီပေါင်း ၂၅၀ ကျော်ပါဝင်ပြီး […]
Posted On May 30, 2014, By Editorial

Aureum Palace Hotels & Resorts ၏ Monsoon Special Package အစီအစဉ်

Aureum Palace Hotels & Resorts ၏ ၂၀၁၄ ခုနှစ် မေလ  ၁ရက်နေ့မှ စက်တင်ဘာလ ၃၀ရက်နေ့အထိ  ပြုလုပ်မည့် Monsoon Special Package အစီအစဉ်ကို ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။ Aureum Palace Hotel & Resort Bagan နှင့် Popa Mountain Resort ခရီးစဉ်သည် ၂ညအိပ် ၃ရက်ခရီးစဉ်ဖြစ်ပြီး ဈေးနှုန်းမှာ မြန်မာနိုင်ငံသားတစ်ဦးလျှင် (380,000 Ks) နှင့် နိုင်ငံခြားသားတစ်ဦးလျှင် (435 $) ဖြင့် စီစဉ်ထားရှိပါသည်။ Aureum Palace Hotel & Resort Bagan ၏ Deluxe အခန်းတွင် ၁ည ၊ Popa Mountain Resort ၏ Deluxe Garden View တွင် ၁ည တည်းခိုရမည်ဖြစ်သည်။ နေ့စဉ် မနက်စာနှင့် ညစာအပါအ၀င် ပုဂံနှင့် ပုပ္ပါး အသွားအပြန်ဝန်ဆောင်မှုလည်း ပေးမည်ဖြစ်ပြီး တစ်နေ့တာလုံး လည်ပတ်ခွင့်လည်း […]
Posted On May 21, 2014, By Editorial

Myanmar Treasure Resorts ၏ Drazzle Relax Package အစီအစဉ်

Myanmar Treasure Resorts ၏  ၂၀၁၄ခုနှစ် မေလ  ၁ရက်နေ့မှ စက်တင်ဘာလ ၃၀ရက်နေ့အထိ Drazzle Relax Package အစီအစဉ်တွင်ပါဝင်သော အစီအစဉ်များကို ပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါသည်။ Myanmar Treasure Resort Bagan နှင့် Popa Mountain Resort ခရီးစဉ်သည် ၂ညအိပ် ၃ရက်ခရီးစဉ်ဖြစ်ပြီး ဈေးနှုန်းမှာ မြန်မာနိုင်ငံသားတစ်ဦးလျှင်  (166,500 Ks) နှင့် နိုင်ငံခြားသားတစ်ဦးလျှင် (200 $) ဖြင့်  စီစဉ်ထားရှိပါသည်။ Myanmar Treasure Resort Bagan ၏ Superior အခန်းတွင် ၁ည ၊ Popa Mountain Resort ၏Deluxe တွင် ၁ည တည်းခိုရမည်ဖြစ်သည်။ နေ့စဉ် မနက်စာနှင့် ညစာအပါအ၀င် ပုဂံနှင့် ပုပ္ပါး အသွားအပြန်ဝန်ဆောင်မှုလည်း ပေးမည်ဖြစ်ပြီး တစ်နေ့တာလုံး လည်ပတ်ခွင့်လည်း ရရှိမည်ဖြစ်သည်။ လေဆိပ်နှင့် ဟိုတယ် အကြိုအပို့ ၀န်ဆောင်မှုလည်း ပါမည်ဖြစ်သည်။   Myanmar Treasure […]
Posted On May 21, 2014, By Editorial

THE HONGKONG AND SHANGHAI HOTELS နှင့် YOMA STRATEGIC HOLDINGS တို့ THE PENINSULA YANGON စီမံကိန်း လုပ်ဆောင်ရန် အတွက်သဘောတူစာချုပ် ချုပ်ဆို

Hongkong and Shanghai Hotels, Limited (HSH) နှင့် Yoma Strategic Holdings Ltd တို့က ယခင် မြန်မာမီးရထားကုမ္ပဏီရုံးချုပ်အား The Peninsula Yangon ဟိုတယ်အဖြစ် ပြင်ဆင် မွမ်းမံရန် မတ်လ ၁၀ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဆိုပါသဘောတူညီချက်အရ ၁၈၀၀ ပြည့်နှစ်ကာလများကတည်းကတည်ရှိခဲ့တဲ့ ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်တစ်ခုလည်းဖြစ်တဲ့ ကိုလိုနီခေတ်ဗိသုကာလက်ရာ အဆောက်အဦးကို ပြန်လည်ပြုပြင်အစားထိုးမွမ်းမံနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ အဲဒီအဆောက်အဦးဟာ ရန်ကုန်မြို့လယ်စီးပွားရေးအချက်အချာကျတဲ့ ဗိုလ်ချုပ်လမ်းမပေါ်၊ ရန်ကုန်မြစ်မြောက်ဘက် တစ်ကီလိုမီတာအကွာ၊ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ရာနေရာတစ်ခုဖြစ်တဲ့ စကော့ဈေး(ဗိုလ်ချုပ်ဈေး)နှင့် ကပ်လျက်မှာရှိနေတာပါ။ HSH ရဲ့ Managing Director နဲ့ Chief Executive Officer ဖြစ်သူ Mr Clement K.M. Kwok က “မြန်မာနိုင်ငံက ကမ္ဘာ့စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ထင်ရှားပေါ်ထွက်လာတဲ့ […]
Posted On March 12, 2014, By Editorial

ဧည့်သည်အကြိုက် ၀န်ဆောင်မှုပေးတဲ့ CROWN PRINCE HOTEL

မြန်မာရှေးဟောင်းအမွေအနှစ်တွေနဲ့လှပသာယာနေတဲ့ ပုဂံညောင်ဦးဒေသဆိုရင် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်တွေသာမက နိုင်ငံတကာအသိုင်းအ၀ိုင်းက သမိုင်းကိုစိတ်ဝင်စားသူတွေ၊ လေ့လာ နေကြသူတွေ၊ သုတေသနပြုလုပ်လိုသူတွေ လာရောက်ချင်တဲ့ဒေသအဖြစ် ကမ္ဘာ့အလယ်မှာ ထင်ရှားကျော်ကြားလှပါတယ်။ ဒီလိုပြည်တွင်း၊ ပြည်ပက ခရီးသွား၊ ဘုရားဖူးဧည့်သည်တွေ ပုဂံဒေသကို လာရောက် လည်ပတ်တဲ့အခါ မရှိမဖြစ်လိုအပ်တာက ခေတ္တခဏခိုနားရာ နေရာထိုင်ခင်းနဲ့ အစားအသောက်ပဲဖြစ်ပါတယ်။ ခရီးသွားတဲ့အခါ နေရာ ထိုင်ခင်းနဲ့ အစားအသောက် အဆင်မပြေရင် အရာအားလုံးလည်း အဆင်မပြေနိုင်ဘူးဆိုတာကို ခရီးသွားဖူးသူတိုင်းခံစားနားလည် ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ထင်ရှားကျော်ကြားလှတဲ့ ပုဂံနေပြည်တော်ကြီးကို တစ်ခါတစ်ခေါက် အလည်ရောက်တုန်း ပြည်ပဧည့်သည်တွေအတွက်သာမက ပြည်တွင်း ဧည့်သည်တွေအတွက်လည်း ၀န်ဆောင်မှုမလျော့ကျရလေအောင် ဧည့်သည်အကြိုက် ပြင်ဆင်ပေးပြီး ၀န်ဆောင်မှုပေးတယ်ဆိုတဲ့ CROWN PRINCE HOTEL ရဲ့ Sales & Marketing Manager မသီရိကျော်ဇင်နဲ့ […]
Posted On February 25, 2014, By Editorial

ပထမအကြိမ် မြန်မာ ဟိုတယ်၊ စားသောက်ကုန်နဲ့ ခရီးသွားလုပ်ငန်း ကုန်စည်ပြပွဲနဲ့ ဒုတိယအကြိမ် မြန်မာဧည့်ဝန်ဆောင်မှုနဲ့ ခရီးသွားလုပ်ငန်းညီလာခံ

ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ဦးဆောင်မှုနဲ့ စင်ကာပူနိုင်ငံအခြေစိုက် Sphere Conferences နဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့ပူးပေါင်းပြီး မြန်မာဟိုတယ်၊ စားသောက်ကုန်နဲ့ ခရီးသွားလုပ်ငန်းကုန်စည်ပြပွဲနဲ့ ဒုတိယအကြိမ် မြန်မာဧည့်ဝန်ဆောင်မှုနဲ့ ခရီးသွားလုပ်ငန်းညီလာခံနဲ့ မြန်မာခရီးသွားလုပ်ငန်းပြပွဲကို ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်နဲ့ မြန်မာကွန်ဗင်းရှင်းခန်းမတို့မှာ ကျင်းပခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကုန်စည်ပြပွဲကြီးကို မြန်မာကွန်ဗင်းရှင်းခန်းမ မှာ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက် ကနေ  ၁၉ ရက်နေ့ထိ ကျင်းပခဲ့ပြီး 2C2P, Aztam, Astir Power, Asia Trade & Commerce, Frontiir, Hanvico, Design Alliance (Architect 108), Myanmar Kowa, K.H.T Central Supply, Scent Co, P.L.Y, UbiQ Global, Aroma […]
Posted On February 21, 2014, By Editorial