advertisement-image
Tourism

THE HONGKONG AND SHANGHAI HOTELS နှင့် YOMA STRATEGIC HOLDINGS တို့ THE PENINSULA YANGON စီမံကိန်း လုပ်ဆောင်ရန် အတွက်သဘောတူစာချုပ် ချုပ်ဆို

Hongkong and Shanghai Hotels, Limited (HSH) နှင့် Yoma Strategic Holdings Ltd တို့က ယခင် မြန်မာမီးရထားကုမ္ပဏီရုံးချုပ်အား The Peninsula Yangon ဟိုတယ်အဖြစ် ပြင်ဆင် မွမ်းမံရန် မတ်လ ၁၀ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဆိုပါသဘောတူညီချက်အရ ၁၈၀၀ ပြည့်နှစ်ကာလများကတည်းကတည်ရှိခဲ့တဲ့ ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်တစ်ခုလည်းဖြစ်တဲ့ ကိုလိုနီခေတ်ဗိသုကာလက်ရာ အဆောက်အဦးကို ပြန်လည်ပြုပြင်အစားထိုးမွမ်းမံနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ အဲဒီအဆောက်အဦးဟာ ရန်ကုန်မြို့လယ်စီးပွားရေးအချက်အချာကျတဲ့ ဗိုလ်ချုပ်လမ်းမပေါ်၊ ရန်ကုန်မြစ်မြောက်ဘက် တစ်ကီလိုမီတာအကွာ၊ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ရာနေရာတစ်ခုဖြစ်တဲ့ စကော့ဈေး(ဗိုလ်ချုပ်ဈေး)နှင့် ကပ်လျက်မှာရှိနေတာပါ။ HSH ရဲ့ Managing Director နဲ့ Chief Executive Officer ဖြစ်သူ Mr Clement K.M. Kwok က “မြန်မာနိုင်ငံက ကမ္ဘာ့စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ထင်ရှားပေါ်ထွက်လာတဲ့ […]
Posted On March 12, 2014, By Editorial

ဧည့်သည်အကြိုက် ၀န်ဆောင်မှုပေးတဲ့ CROWN PRINCE HOTEL

မြန်မာရှေးဟောင်းအမွေအနှစ်တွေနဲ့လှပသာယာနေတဲ့ ပုဂံညောင်ဦးဒေသဆိုရင် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်တွေသာမက နိုင်ငံတကာအသိုင်းအ၀ိုင်းက သမိုင်းကိုစိတ်ဝင်စားသူတွေ၊ လေ့လာ နေကြသူတွေ၊ သုတေသနပြုလုပ်လိုသူတွေ လာရောက်ချင်တဲ့ဒေသအဖြစ် ကမ္ဘာ့အလယ်မှာ ထင်ရှားကျော်ကြားလှပါတယ်။ ဒီလိုပြည်တွင်း၊ ပြည်ပက ခရီးသွား၊ ဘုရားဖူးဧည့်သည်တွေ ပုဂံဒေသကို လာရောက် လည်ပတ်တဲ့အခါ မရှိမဖြစ်လိုအပ်တာက ခေတ္တခဏခိုနားရာ နေရာထိုင်ခင်းနဲ့ အစားအသောက်ပဲဖြစ်ပါတယ်။ ခရီးသွားတဲ့အခါ နေရာ ထိုင်ခင်းနဲ့ အစားအသောက် အဆင်မပြေရင် အရာအားလုံးလည်း အဆင်မပြေနိုင်ဘူးဆိုတာကို ခရီးသွားဖူးသူတိုင်းခံစားနားလည် ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ထင်ရှားကျော်ကြားလှတဲ့ ပုဂံနေပြည်တော်ကြီးကို တစ်ခါတစ်ခေါက် အလည်ရောက်တုန်း ပြည်ပဧည့်သည်တွေအတွက်သာမက ပြည်တွင်း ဧည့်သည်တွေအတွက်လည်း ၀န်ဆောင်မှုမလျော့ကျရလေအောင် ဧည့်သည်အကြိုက် ပြင်ဆင်ပေးပြီး ၀န်ဆောင်မှုပေးတယ်ဆိုတဲ့ CROWN PRINCE HOTEL ရဲ့ Sales & Marketing Manager မသီရိကျော်ဇင်နဲ့ […]
Posted On February 25, 2014, By Editorial

ပထမအကြိမ် မြန်မာ ဟိုတယ်၊ စားသောက်ကုန်နဲ့ ခရီးသွားလုပ်ငန်း ကုန်စည်ပြပွဲနဲ့ ဒုတိယအကြိမ် မြန်မာဧည့်ဝန်ဆောင်မှုနဲ့ ခရီးသွားလုပ်ငန်းညီလာခံ

ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ဦးဆောင်မှုနဲ့ စင်ကာပူနိုင်ငံအခြေစိုက် Sphere Conferences နဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့ပူးပေါင်းပြီး မြန်မာဟိုတယ်၊ စားသောက်ကုန်နဲ့ ခရီးသွားလုပ်ငန်းကုန်စည်ပြပွဲနဲ့ ဒုတိယအကြိမ် မြန်မာဧည့်ဝန်ဆောင်မှုနဲ့ ခရီးသွားလုပ်ငန်းညီလာခံနဲ့ မြန်မာခရီးသွားလုပ်ငန်းပြပွဲကို ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်နဲ့ မြန်မာကွန်ဗင်းရှင်းခန်းမတို့မှာ ကျင်းပခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကုန်စည်ပြပွဲကြီးကို မြန်မာကွန်ဗင်းရှင်းခန်းမ မှာ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက် ကနေ  ၁၉ ရက်နေ့ထိ ကျင်းပခဲ့ပြီး 2C2P, Aztam, Astir Power, Asia Trade & Commerce, Frontiir, Hanvico, Design Alliance (Architect 108), Myanmar Kowa, K.H.T Central Supply, Scent Co, P.L.Y, UbiQ Global, Aroma […]
Posted On February 21, 2014, By Editorial

မြန်မာနိုင်ငံသားများ အတွက် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက multiple-entry ဗီဇာထုတ်ပေး

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ မြန်မာနိုင်ငံသားများအတွက် ဂျပန်နိုင်ငံကို အကြိမ်ကြိမ် ၀င်ထွက်သွားလာနိုင်တဲ့ multiple-entry ဗီဇာကို ဇန်န၀ါရီလ ၁၅ ရက်ကနေ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်နိုင်ငံကို မြန်မာနိုင်ငံသားများ ပိုမိုလာရောက်နိုင်စေရန်နဲ့ ဂျပန်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်မြောက် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံဆက်ဆံရေး ချဲ့ထွင်နိုင်ရန် ယခု အစီအစဉ်ကို အကောင်အထည်ဖော်တာဖြစ်တယ်လို့ ဂျပန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ယခု ထုတ်ပေးနေတဲ့ ဗီဇာအမျိုးအစားဟာ သက်တမ်း သုံးနှစ်ရှိမှာဖြစ်ပြီး၊ ခရီးတစ်ကြိမ်အတွင်း ဂျပန်နိုင်ငံမှာ ၁၅ ရက်ကြာ နေထိုင်နိုင်မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံနဲ့မြန်မာနိုင်ငံတို့ကြားမှာ မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်တစ်ခု တည်ဆောက်ရေး၊ မီးရထားလမ်းများ အဆင့်မြှင့်တင်ရေးနဲ့ တခြားအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဂျပန်အစိုးရအနေနဲ့ ယန်း ၆၃ ဘီလီယံချေးပေးမည်ဟု ၀န်ကြီးချုပ် ရှင်ဇိုဘာဘေးက သမ္မတဦးသိန်းစိန်နဲ့ တိုကျိုမြို့မှာ ၂၀၁၃ ခုနှစ် […]
Posted On January 16, 2014, By Editorial

လာမယ့် ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားသားအရေအတွက် ၂ သန်းပြည့်ကာနီးဟု ဟိုတယ်ခရီးဝန်ကြီးဌာနက ခန့်မှန်း

ယခု ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားဧည့်သည် အရေအတွက် သည် ၁.၉ သန်းရှိနေပြီဖြစ်ရာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ရည်မှန်းထားသော အရေအတွက် ၂ သန်းပြည့်ကာနီးပြီဟု ဟိုတယ်ခရီးဝန်ကြီးဌာနက ဆိုပါသည်။ ဒီဇင်ဘာ ၂၅ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ဝင်ပေါက်အသွယ်သွယ်မှ လည်ပတ်ကြသော နိုင်ငံခြား ခရီးသွား ဧည့်သည် အရေအတွက် ၁.၉ သန်းရှိခဲ့ခြင်းကြောင့် ရည်မှန်းထားသော အရေအတွက်နှစ်သန်းမှာ လုံးဝဖြစ်နိုင်ချေ ရှိကြောင်း နှင့် ယခုဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် အချိန်လေးလကျန်သေးကြောင်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင့်ထွန်းအောင် က ပြောကြားသည်။ “မျှော်လင့်ချက်ပြည့်မှီဖို့အတွက် ဒီကိန်းဂဏန်းက လုံးဝလုံလောက်မှုရှိပါတယ်။ လာမယ့် ဘဏ္ဍာရေးနှစ်မှာ ဧည့်သည် သုံးသန်းကို ကြိုဆိုဖို့အတွက်လည်း ကျွန်တော်တို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်” ဟု ၎င်း ကပြောဆိုသည်။ […]
Posted On December 31, 2013, By Editorial

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ-အောက်တိုဘာ : မြန်မာနိုင်ငံကို ၀င်ရောက်ခဲ့တဲ့ နိုင်ငံခြားသား အရေအတွက် (Country Wide)

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီကနေ အောက်တိုဘာလအထိ မြန်မာနိုင်ငံကို ၀င်ရောက်ခဲ့တဲ့ နိုင်ငံခြားသား အရေအတွက်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာရင်းလုပ်ဖော်ပြထားတာဖြစ်ပါတယ်။
Posted On November 20, 2013, By Editorial

၂၀၁၃ ခုနှစ် အောက်တိုဘာလ : မြန်မာနိုင်ငံကို ၀င်ရောက်ခဲ့တဲ့ နိုင်ငံခြားသား အရေအတွက်

  ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ အထိ မြန်မာနိုင်ငံကို ၀င်ရောက်ခဲ့တဲ့ နိုင်ငံခြားသား အရေအတွက်ကို နိုင်ငံအလိုက် စာရင်းနဲ့ တင်ပြထားတာဖြစ်ပါတယ်။
Posted On November 20, 2013, By Editorial

Yoma ကုမ္ပဏီက အဆင့်မြင့်တန်ဖိုးမြင့် Luxury ခရီးသွားလုပ်ငန်းသို့ ၀င်ရောက်လာမည်

Balloons over Bagan, Myanmar   စင်ကာပူ၊ ၁၈ မတ် ၂၀၁၃ – Yoma Strategic Holdings Ltd. (ရိုးမကုမ္ပဏီများအုပ်စု “祐玛战略控股有限公司”) ဖက်စပ်ကုမ္ပဏီအသစ်တစ်ခု ဖွဲ့စည်းတည်ထောင်လိုက်ကြောင်းနှင့် မြန်မာနိုင်ငံတွင် Luxury ခရီးသွားလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာပါသည်။   ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ဖက်စပ်ကုမ္ပဏီသစ် ရိုးမကုမ္ပဏီများအုပ်စုသည် Serge Pun & Associates (Myanmar) Limited(SPA) ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော First Myanmar Investment Co Ltd (FMI) နှင့် ပူးတွဲ၍ Chindwin Holdings Pte Ltd ကို ဖွဲ့စည်းတည်ထောင်လိုက်ပါသည်။ ရိုးမအုပ်စုက ချင်းတွင်းကုမ္ပဏီသစ်၏ ရှယ်ယာ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး […]
Posted On November 18, 2013, By Editorial