The White House - Branded Collections

whitehouse1

ဆိုင်တည်နေရာ

ဆိုင်တစ်ကိုတော့ အမှတ် - ၂၉၆၊ အခန်း ၆ ၊ မြေညီထပ်၊ ရွှေတိဂုံဘုရားလမ်းနဲ့ နဝဒေးလမ်းထောင့်၊ ဒဂုံမြို့နယ်ဖြစ်ပြီး ဆိုင်နှစ်ကတော့ အမှတ် ၁၇၃၊ အ ခန်း ၆ ရွှေဂုံတိုင်လမ်းနဲ့ ရေတာရှည်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။ ဖုန်းနံပါတ် ၀၉၅ ၀၄၁၂၈၆ ကို ဆက်သွယ်နိုင်ပြီး [email protected] နဲ့ www.facebook.com/knn.biz.gp မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဆိုင်ဖွင့်ချိန်

ဆိုင်ဖွင့်ချိန်က မနက် ၁၀  နာရီကနေ ည ၈ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

စတင်ဖွင့်လှစ်တဲ့ခုနှစ်နဲ့ ရည်ရွယ်ချက်

ဆိုင်တစ်ကို ၂၀၁၃   ခုနှစ်၊ ဒီဇင်ဘာလ  ၂၅ ရက်က ဖွင့်လှစ်ခဲ့ပြီး  ဒီရွှေဂုံတိုင်က ဆိုင်ကိုတော့ ၂၀၁၅  ခုနှစ်၊ စက်တင်ဘာလ၊ ၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီလုပ်ငန်းကို စိတ်ဝင်စားတာရယ်၊ အမေရိကားမှာ လူခံရှိနေတာရယ်ကြောင့် လုပ်မယ်ဆိုပြီး ဖြစ်သွားတာပါ။ 'We are Qualified to Make you Satisfied' ဆောင်ပုဒ်နဲ့အညီ Customer တွေကို ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

whitehouse2

ရနိုင်တဲ့ ပစ္စည်းအမျိုးအစား

TORY BURCH ၊ MICHAEL  KORS ၊ COACH ၊ CK ၊ DKNY ၊ Kate Spade စတဲ့ အမေရိကန် Branded ပစ္စည်းတွေရနိုင်ပါတယ်။ အမျိုးအစားအနေနဲ့တော့ အိတ်၊ ဖိနပ်၊ နာရီ ရေမွှေးနဲ့ အလှကုန်ပစ္စည်းတွေ၊ Clothing ပိုင်းတွေ၊ Accessories အနေနဲ့ဆို ပဝါ၊ နေကာမျက်မှန်၊ ခါးပတ်တွေ ရနိုင်ပါတယ်။ ပစ္စည်းအားလုံးကို အမေရိကန်နိုင်ငံကနေပဲ တိုက်ရိုက်တင်သွင်းပြီး တစ်လကို အနည်းဆုံးနှစ်ကြိမ်ကနေ လေးကြိမ်လောက်ထိ ပစ္စည်းအသစ်တွေ ရောက်ပါတယ်။

ဈေးနှုန်းအပိုင်း

အနိမ့်ဆုံး ငါးသောင်းလောက်ကနေ ဆယ်သိန်းကျော်လောက်ထိ အမျိုးအစားပေါ်မူတည်ပြီး အမျိုးမျိုး ရှိပါတယ်။

whitehouse3

Promotion ၊ Discount

ပွဲတော်ရက်ကာလတွေမှာ ပွဲတွေနဲ့ ကိုက်ညီတဲ့ ပွဲကိုင်အိတ်၊ ပွဲတက်အဝတ်အစား၊ အသုံးဆောင် စတာတွေကို အသားပေးပြီး Discount ပေးတာရှိပါတယ်။ Private Sales အနေနဲ့ Viber မှာ Custormer Group တစ်ခုလုပ်ထားပြီး သီးသန့် Special Promotion တွေပေးသလို Facebook ကနေ Special Weekend  Program အနေနဲ့ သတ်မှတ်ထားတဲ့ ပစ္စည်းတွေကို Discount ပေးပါတယ်။

အနာဂတ်အစီအစဉ်

နိုင်ငံခြားက၊ ဒါမှမဟုတ် ပြည်တွင်းက Branded ပစ္စည်းရောင်းဖို့ စိတ်ဝင်စားတဲ့၊ လုပ်ငန်းတူလုပ်ချင်တဲ့ Partner တွေနဲ့လည်း ပူးပေါင်းဖို့လည်း အစီအစဉ်ရှိပါတယ်။ ဈေးသင့်တော်ပြီး Branded ပစ္စည်းရောင်းတဲ့ Shopping Mall လိုပုံစံမျိုးလုပ်ဖို့တော့ ရှိပါတယ်။