The Virgin Way

''The Virgin Way''

by

Richard Branson

Virgin

TheVirgin လို့ခေါ်တဲ့ စီးပွားရေးလုပ်ငန်းကို စတင်တည်ထောင်သူ ဘီလီယံနာသူဌေး Richard Branson က သူဟာ သူ့ဘဝမှာ ခေါင်းဆောင်မှု (Leadership) နဲ့ ပတ်သက်လို့ ဘာစာအုပ်မှ မဖတ်ခဲ့ဖူးဘူးလို့ ဝန်ခံထားပါတယ်။ ဒါပေမဲ့ သူဟာ စီးပွားရေးကို စွန့်စားလုပ်ကိုင်လာတာ နှစ်ပေါင်း ၅၀ ကျော်ရှိပြီဆိုတော့ အဲဒီအတွေ့အကြုံတွေက သင်ခန်းစာတွေ လက်တွေ့ရခဲ့သူဖြစ်တယ်။ အခုသူရေးတဲ့စာအုပ်ထဲမှာ သူများတွေပြောတာကို တလေးတစားနားထောင်တတ်ဖို့နဲ့ လူမှန်နေရာမှန်ရွေးပြီး ဝန်ထမ်းခန့်တတ်ဖို့ လိုကြောင်းဖော်ပြထားတယ်။ သူ့ဘဝမှာအောင်မြင်မှုတွေနဲ့ ပတ်သက်လို့ရော၊ မအောင်မြင်ခဲ့မှုတွေနဲ့ ပတ်သက်လို့ပါ ရိုးရိုးသားသားတင်ပြထားတယ်။ ဥပမာအနေနဲ့ ၁၉၉၀ ပြည့် လွန်နှစ်တွေတုန်းက Virgin Cola ဆိုပြီး လုပ်ငန်းစတင်ဖို့ ကြိုးစားတဲ့အခါ အဲဒီအချိန်မှာ ထင်ရှားကျော်ကြားနေပြီဖြစ်တဲ့ Coca Cola ကုမ္ပဏီရဲ့ အရှိန်အဝါကို သူက လျှော့တွက်ခဲ့မိပါတယ်။