ရေးသူ - Dale Russakoff
စာမျက်နှာ - ၂၅၆ မျက်နှာ၊ ကတ်ထူဖုံး
ထုတ်ဝေသူ - Houghton Mifflin (8-9-15)
ISBN-10: 0547840055
ISBN-13: 978-0547840055
အမေရိကန်ပြည်ထောင်စုရှိ Charter School ရှိတဲ့ ကျောင်းတွေဟာ အစိုးရက ဦးစီးဖွင့်လှစ်သင်ကြားတဲ့ကျောင်းတွေ မဟုတ်ကြပါဘူး။ ပုဂ္ဂလိက (ကျောင်းသားမိဘတွေ စီပွားရေးလုပ်ငန်း ရမှတ်တွေက) တည်ထောင်ဖွင့်လှစ်သင်ကြားတဲ့ ကျောင်းတွေဖြစ်တယ်။ အစိုးရက ပံ့ပိုးမှုလည်းရှိတတ်ပါတယ်။
အခုဒီစာအုပ်ထဲမှာ တင်ပြထားတဲ့အချက်တွေဟာ စာရေးသူက အဲဒီကျောင်းတွေရဲ့ ပညာသင်ကြားရေးကိစ္စတွေမှာ မအောင်မမြင်ဖြစ်နေတာတွေကို စေ့စေ့စပ်စပ် လေ့လာတင်ပြထားတာ ဖြစ်တယ်။ နယူဂျာဆီပြည်နယ်ရှိ Newark ဆိုတဲ့နေရာက ကျောင်းကိုလေ့လာထားတာဖြစ်တယ်။ ဒီကျောင်းမျိုးက ကလေးတွေကဆင်းရဲချို့တဲ့ကြတယ်။ ဒါကြောင့် Mark Zuckerberg လို ချမ်းသာကြွယ်ဝကြသူတွေက ဒီကလေးတွေရဲ့ပညာရေးကို အဆင့်အတန်းမီအောင်လုပ်နိုင်ရေးအတွက် ဒေါ်လာသန်းတစ်ရာ လှူဒါန်းခဲ့တယ်။ ဒါပေမဲ့ ဒီငွေတွေက လုပ်မှားကိုင်မှားတွေကြောင့် အကျိုးမရှိခဲ့ဘူး။
စာရေးသူဟာ ဝါရှင်တန်ပို့စ် သတင်းစာမှာ သတင်းထောက်အဖြစ် ၂၈ နှစ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး နိုင်ငံရေး၊ ပညာရေး စတဲ့သတင်းတွေကို ရေးသားခဲ့သူဖြစ်တယ်။