ငွေရေးကြေးရေး မူဝါဒများ မှန်ကန်စွာ ချမှတ်နိုင်ရေး

monetary_policy

ဒေါက်တာစိန်မောင်

ဥပဒေများ၊ စီးပွားရေးမူဝါဒများ ပြုစုရေးသားရာတွင် လက်တွေ့ပကတိအခြေအနေများနှင့် ထင်ဟပ်မှသာ ပြည်သူလူထုကို အမှန်တကယ် အကျိုးပြုနိုင်သော၊ တရားမျတသော ဥပဒေနှင့်မူဝါဒများ ချမှတ်ပြဋ္ဌာန်းနိုင်မည် ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ပြည် ထောင်စုမြန်မာနိုင်ငံ၊ ကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ရုံး၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်တရားဥပဒေ    စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ကျင်းပသော အစည်းအဝေးတွင် ဤအကြောင်း အရာနှင့်ပတ်သက်၍ နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များက ပါဝင်ဆွေးနွေးကြပါသည်။ မြန်မာနိုင်ငံဘဏ်များအသင်း၏ကိုယ်စား စာရေးသူမှ ငွေရေးကြေးရေးမူဝါဒများ မှန်ကန်စွာချမှတ် နိုင်ရေးနှင့်ပတ်သက်သော လိုအပ်ချက်၊ အကြံပြုချက်များကို အောက်ပါအတိုင်း ဝင်ရောက်ဆွေးနွေးခဲ့ပါသည်။ ငွေရေးကြေးရေး ဘဏ္ဍာရေးမူဝါဒများ ချမှတ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များ တင်ပြချက်များသည် သက်ဆိုင်ရာ လုပ်ငန်းအသီးသီးတွင် အမှန်တကယ် ကြုံတွေ့နေရသော အခက်အခဲများ လိုအပ်ချက်များဖြစ်၍ ယင်းတို့ရှုထောင့်မှ ကြည့်လျင် သဘာဝကျပါကြောင်း၊ သို့ရာတွင် စီးပွားရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးရှုထောင့်များမှ ခြုံငုံသုံးသပ်လျင် နိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေများကိုပါ ထည့်သွင်း စဉ်းစားရမှာဖြစ်ကြောင်း သာဓကများအနေနှင့် ၂၀၁၃-၂၀၁၄ ခုနှစ် စီမံကိန်းတွင် ဂျီဒီပီ (GDP)  ကို ၈.၉ ရာ ခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားကြောင်း၊ သတ်မှတ်ထား သည့် စီးပွားရေးတိုးတက်မှုနှုန်းရရှိရန်မှာ နိုင်ငံတော်ပိုင် ကဏ္ဍမှ ၂၅.၅ ရာခိုင်နှုန်း၊ ပုဂ္ဂလိကကဏ္ဍမှ ၇၄.၅ ရာ ခိုင်နှုန်း ရင်းနှီးမြှုပ်နှံရမှာဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ပုဂ္ဂလိက ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုရရှိရန် ပြည်သူလူထုမှ ဘဏ်များတွင် ငွေပိုမိုစုဆောင်းလာရန် လိုအပ်ပါကြောင်း၊ ငွေစုစေရန် မက်လောက်သော ဘဏ်အတိုးနှုန်းပေးရမှာဖြစ် ကြောင်း တစ်ဖက်တွင်လည်း ပုဂ္ဂလိက ကဏ္ဍမှ လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများရရှိရန်မှာ ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် (Investment Climate)  ဖန်တီးပေးရန်လိုအပ် ပါသည်။ နိုင်ငံတော်၏ ၂၀၁၃-၂၀၁၄ ခုနှစ်အတွက် ရသုံး ခန့်မှန်းခြေစာရင်းတွင် လိုငွေမှာ ကျပ် ၂.၉ ထရီလီယံ (ကျပ် ၂၉ç၀၀၀) ဘီလီယံဖြစ်ပေါ်မည်ဟု ခန့်မှန်းထား ကြောင်း၊ အခွန်နှင့် ဂျီဒီပီအချိုးမှာ ၅ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း၊ ပြည်သူပိုင်ကဏ္ဍမှလည်း ရည်မှန်းထားသည့်  ရင်းနှီးမြှုပ်နှံမှုရရှိစေရန်နှင့် နိုင်ငံတော်၏စီမံကိန်းများ၊ စီမံ ခန့်ခွဲရေးလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန်အတွက် လုံလောက်သော အခွန်အကောက်များရရှိရန် လိုအပ်ပါသည်။ တစ်ဖက်တွင်လည်း အခွန်ကောက်ခံမှုသည် ပြည်သူလူထုပေါ် ဖိစီးမှုမဖြစ်စေရန်နှင့် တရားမျတမှုရှိရန် လိုအပ်ပါသည်။   အခြေခံစီးပွားရေး ရည်မှန်းချက်များ စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးမူဝါဒများမှာ အပြန်အလှန်ဆက်စပ်နေသဖြင့် အချိတ်အဆက်များ ခိုင်မာ ရန်လိုအပ်ပါသည်။ စီးပွားရေးမူဝါဒ၏ အဓိကရည်မှန်းချက်များမှာ (၁) စီးပွားရေးတိုးတက်မှုနှုန်း(GDP Growth)  မြန်ဆန်ရေး ၈.၉ ရာခိုင်နှုန်း၊ (၂) အလုပ်အကိုင်များ ဖြစ်ထွန်းပေါ် ပေါက်ရေး (Employment)  ၊ (၃) ဆင်းရဲနွမ်းပါးမှုလျော့ချ ရေး (Poverty Reduction)  နှင့် ဝင်ငွေကွာဟမှုလျော့နည်း စေရန်နှင့် မျတသော ဝင်ငွေများဖြစ်ပေါ်စေရေး (Inco me distribution)  စသည်တို့မှာ အရေးကြီးပါသည်။ အဓိက စီးပွားရေးရည်မှန်းချက်များရရှိအောင် မှန်ကန်သော ဘဏ္ဍာ ရေးမူဝါဒ(Fiscal Policy)  နှင့် ငွေရေးကြေးရေးမူဝါဒများ(Monetary Policy)  ချမှတ်အကောင်အထည်ဖော်ရန် လို အပ်လျက်ရှိပါသည်။   ဘဏ္ဍာရေးမူဝါဒ (Fiscal Policy) အခွန်ကောက်ခံမှု။                  ။ ဘဏ္ဍာရေးမူဝါဒတွင် ရင်းနှီး မြှုပ်နှံမှုအပါအဝင် အသုံးစရိတ်ပိုင်း ပြည်တွင်းပြည်ပချေး ငွေများကို စီမံခန့်ခွဲမှုအပိုင်းနှင့် အခွန်စနစ်၊ အခွန်ကောက်ခံ မှုတို့ ပါဝင်ပါသည်။ ငါးနှစ်စီးပွားရေးစီမံကိန်း၊ နှစ်စဉ်စီးပွား ရေးစီမံကိန်းများတွင် သတ်မှတ်ထားသော ရည်မှန်းချက်များ ကို အကောင်အထည်ဖော်နိုင်ရန် လိုအပ်သော ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုကို ရရှိရန်အတွက် မှန်ကန်သောဘဏ္ဍာရေး မူဝါဒများချမှတ်ရန် လိုအပ်ပါသည်။ ပြည်တွင်းပြည်ပမှ လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများရရှိစေရန်နှင့် တွန်းအားပေး ရန် လက်တွေ့ကျသောအခွန်ကောက်ခံမှုစနစ် ဖြစ်ထွန်းပေါ် ပေါက်လာရန် အလေးထားဆောင်ရွက်ရပါမည်။ ပကတိ အခြေအနေတွင် အခွန်ကောက်ခံမှု ဂျီဒီပီအချိုးမှာ(Tax/GDP Ratio)  မှာ အခြားဖွံ့ဖြိုးဆဲနိုင်ငံများနှင့် နှိုင်းယှဉ်လျင် အလွန်နည်းနေပါသည်။ လက်ရှိ ၅-၆ ရာခိုင်နှုန်းမှ အနည်း ဆုံး ၁၀-၁၅ ရာခိုင်နှုန်းအထိ တိုးတက်လာစေရန် ဆောင် ရွက်ရပါမည်။ အခွန်ကောက်ခံမှုစနစ်မှာ အလွန်အားနည်း(Loop-holes) နေပါသည်။ အခွန်ရှောင်မှု၊ အခွန်မဆောင် မှု (Tax Avoidance/ Tax Evasion)  အခွန်ကောက်ခံမှု တွင် မသမာမှု၊ လာဘ်စားမှုများ (Corruption) ပပျောက် အောင် အထူးစီမံကိန်းတစ်ရပ် ချမှတ်အကောင်အထည်ဖော် ရန်လိုအပ်ပါသည်။ ပြည်သူသန်းခေါင်စာ ရင်းကောက်သကဲ့ သို့ အခွန်ထမ်းစာရင်းတစ်ရပ်ပြုစုရန် လိုအပ်လျက်ရှိပါသည်။ နိုင်ငံတော်တွင် အခွန်အတုတ်များ တိုးတက်ရရှိစေရန်နှင့် တရားမျတသော အခွန်စနစ်ဖြစ်ပေါ်ရေးအတွက် ၁၉၉၀ ပြည့်နှစ်က စာရေးသူမှ Value-Added Tax    ကိုကျင့်သုံးရန် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း သို့စာတမ်းတင်ပြခဲ့ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံအချို့က Value-Added Tax  ကိုကျင့်သုံးလျက်ရှိပါသည်။ စာရေးသူ၏အကြံ ပြုချက်က ို IMF  မှ ကျွမ်းကျင်သူများကလည်း သဘောတူ ကြောင်း ပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှု ။  ။ ရင်းနှီးမြှုပ်နှံမှုများကို ဆုံးဖြတ်ရာတွင် (၁) နိုင်ငံတော်၏ သယံဇာတပစ္စည်း (Natural Resources)  အခြေအနေ၊ (၂) လူ့အရင်းအမြစ် (Human Resources) ၊ (၃) စီမံခန့်ခွဲရေးယန္တရား (Adminstrative capacity) ၊ (၄) သိပ္ပံနည်းပညာရပ်များ (Appropriate Technology)  စသည်တို့ကို အခြေခံကျကျ၊ လက်တွေ့ကျကျသုံးသပ်၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစီမံကိန်းကိုရေးဆွဲအတည်ပြုရန် လိုအပ် ပါသည်။ ဆင်ဖြူတော်စီမံကိန်းများ၊ အတိုးနှုန်းပင် မကိုက် သည့် ထုတ်လုပ်မှုစွမ်းအားနည်းသော (Non-Productive) လုပ်ငန်းစီးမံကိန်းစသည်များကို ရှောင်ကြဉ်ရန် လိုအပ်ပါ သည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို လက်ခံရာတွင်လည်း နိုင်ငံနှင့်ပုဂ္ဂလိက စီးပွားရေးကဏ္ဍတို့အတွက် ရေရှည်အကျိုး ဖြစ်ထွန်းနိုင်မှုတို့ကို အလေးပေးစဉ်းစားရန် လိုအပ်ပါသည်။ အလားတူပင် စီးပွားရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးပြု ပြင်ပြောင်းလဲမှုများကို ပြုလုပ်ရာတွင်လည်း အလျင်စလို ဆန္ဒစောလုပ်ဆောင်မှုများကို ရှောင်ကြဉ်၍ မြန်မာနိုင်ငံ၏ပကတိအခြေအနေအရပ်ရပ်နှင့် လိုက်လျောညီထွေဖြစ်စေရန် လက်တွေ့ကျကျဆောင်ရွက်ရပါ မည်။ ပြည်ပရင်းနှီးမြှုပ်နှံမှု များသည် ကောင်းကျိုးများဖြစ်ထွန်းနိုင်သကဲ့သို့ ဆိုးကျိုးများ ကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ Cyprus ၊ Greece နှင့် Spain နိုင်ငံတို့ ကြုံတွေ့နေရသော ပြည်ပကြွေးမြီပြဿနာ များကို သင်ခန်းစာယူသင့်ပါသည်။ နိုင်ငံအတွက် ရေရှည် အကျိုးဖြစ်ထွန်းစေမည့် လူ့အရင်း အမြစ်များဖြစ်ထွန်းလာရေး(Human Resource Development)  နိုင်ငံ၏ ပကတိအခြေ အနေနှင့် ဆီလျော်သောနည်းပညာများရရှိရေး (Acquisiton of Appropriate Technology) တို့ကို အထူးအာရုံစိုက်၍ လုပ်ဆောင်ရပါမည်။   ငွေရေးကြေးရေးမူဝါဒ ဆွေးနွေးပွဲတွင် ဘဏ်အတိုးနှုန်းနှင့် ငွေလဲလှယ်နှုန်းများကို လည်း တင်ပြဆွေးနွေးခဲ့ကြပါသည်။ စီးပွားရေးလုပ်ငန်းရှင် အချို့က မိမိတို့လုပ်ငန်းကုန်ကျစရိတ် သက်သာစေရန်ဘဏ် ချေးငွေအတိုးနှုန်းကို လျော့ချပေးရန် ဆွေးနွေးတင်ပြကြပါ သည်။ အတိုးနှုန်း လျော့ချရေးတွင် ဆက်နွှယ်နေသည့် အကြောင်းချင်းရာများကို ဓမ္မဓိဋ္ဌာန်ကျကျသုံးသပ်၍ စဉ်းစား ဆုံးဖြတ်ရန် လိုအပ်ပါသည်။   ဆက်စပ်နေသည့် အခြေခံစဉ်းစားရမည့် အချက်များမှာ ၁။       ဘဏ်များတွင် ငွေစုဆောင်းစေရန် လုံလောက်သော မက်လုံးပေးစွမ်းနိုင်မှု(Incentive) ၂။       ပုဂ္ဂလိကကဏ္ဍမှ စုဆောင်းငွေများ တိုးတက်ရရှိရန် လိုအပ်ချက် (Need for Private Sector Savings)  (ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုတွင် ပါဝင်ရမည့် အချိုး- ၇၄.၉ ရာခိုင်နှုန်း) ၃။       ငွေစုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်စပ်နေမှု (Saving /Investment function) ၄။       ငွေစုသူနှင့် ငွေချေးသူအကြား တရားမျတမှု ရှိ/မရှိ (Equity) ၅။       ဘဏ်များအတွက် အကျိုးဖြစ်ထွန်းမှု ရှိ/မရှိ (Profitability) ၆။       အထွေထွေကုန်ဈေးနှုန်းအခြေအနေ (CPI/ Asset Inflation) ၇။       ပြင်ပငွေတိုးနှုန်း (Parallel Market Interest Rate) စသည်တို့ ဖြစ်ပါသည်။ အတွေ့အကြုံ ။  ။ ရေနက်တွင်းများဖော်ထုတ်ပြီး များ မကြာမီ လုပ်ငန်းရှင်များ၏ စေ့ဆော်မှုကြောင့် ၂၀၁၁ ခုနှစ်၊ ရေနက်တွင်းများဖော်ထုတ်စဉ်က ဘဏ်အတိုးနှုန်းများကို တစ်ကြိမ်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် နှစ်ကြိမ်အတိုး နှုန်းများ လျော့ချခဲ့ပါသည်။ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များ မျော်လင့်သကဲ့သို့ လုပ်ငန်းယှဉ်ပြိုင်နိုင်မှု (Competitiveness)  မှာ တိုးတက်လာခြင်းမရှိပါ။ ကုန်ထုတ်လုပ်မှု/ ပို့ကုန်များ လည်း သိသာစွာ တိုးတက်လာခြင်းမရှိခဲ့ပါ။ အတိုးနှုန်းသည် လုပ်ငန်းကုန်ကျစရိတ်တွင် မည်မျအကျိုးသက်ရောက်မှုရှိ သည်ကို လက်တွေ့ကျကျစီးပွားရေးလုပ်ငန်းအလိုက် ဆန်း စစ်ရန်လိုပါသည်။ သို့မှသာ အခိုင်အမာတင်ပြနိုင်ပါသည်။ ပြည်ပလုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်ရန်မှာ နည်းပညာရရှိမှု၊ ကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှု၊ ကုန်ပစ္စည်းအရည်အသွေးနှင့် ဈေးနှုန်းယှဉ်ပြိုင်နိုင်မှု ဈေးကွက်သုတေသန စနစ်တကျ ဆောင်ရွက်နိုင်မှု စသည့် သွင်းအားစုများပေါ် မူတည်ပါ သည်။(Structural Problem)  ဖြစ်၍ လက်တွေ့သုတေသန(Empirical study)  ပြု၍ ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားရပါ မည်။ အတိုးနှုန်းတစ်ခုတည်းကို အကြောင်းမပြသင့်ပါ။ ဘဏ်များတွင် ငွေစုသူများရှိမှ ဘဏ်မှ ငွေထုတ်ချေးနိုင် ပါမည်။ ဘဏ်များမှ ငွေထုတ်ချေးနိုင်မှ ပုဂ္ဂလိက ကဏ္ဍအတွက် သတ်မှတ်ထားသော ရင်းနှီးမြှုပ်နှံမှုအချိုး ၇၄.၉ ရာခိုင်နှုန်းရရှိနိုင်ပါမည်။ ဘဏ်များသည်လည်း စီးပွားရေး လုပ်ငန်းများဖြစ်၍ ထိုက်သင့်သော အမြတ်အစွန်းများရရှိရန် လိုအပ်ပါသည်။   GDP တွင် ငွေရေးကြေးရေးကဏ္ဍ၏ ပါဝင်မှုအချိုး ၂၀၁၃ ခုနှစ်တွင် GDP တွင် ငွေရေးကြေးရေးကဏ္ဍ၏ ပါဝင်မှုအချိုး(Financial sector contribution to GDP)  မှာ ဝ.၂ ရာခိုင်နှုန်းသာ ရှိပါသည်။ ငွေရေးကြေးရေးကဏ္ဍ ပို၍ ကျယ်ပြန့်လာရန်နှင့် နက်ရှိုင်းလာစေရန် Needs Broadening and Deepening ဆောင်ရွက်ရမည့်အခြေ အနေ၊ အားပေးမြှင့်တင်ရမည့်အခြေအနေ ဖြစ်ပါသည်။ နှစ် ပေါင်းများစွာ ငွေရေးကြေးရေး (အတိုးအပါအဝင်) ထိန်းချုပ် ခဲ့သည့်  Financial Repression  ဒဏ်ရာဒဏ်ချက် ဖြစ်ပါ သည်။ ဘဏ်လုပ်ငန်းများမြှင့်တင်ရန် လိုအပ်ခြင်း မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းများတိုးတက်မှု နှေးကွေးနေရုံ သာမက အဆင့်အတန်းများမှာလည်း နိမ့်ကျနေပါသည်။ ဘဏ်လုပ်ငန်းများထိုက်သင့်သော အမြတ်အစွန်းများရရှိမှ သာ ဘဏ်လုပ်ငန်းအဆင့် အတန်းကို မြှင့်တင်နိုင်မည်ဖြစ်ပါ သည်။ ဘဏ်လုပ်ငန်းသည်လည်း အခြားစီးပွားရေးလုပ်ငန်း များကဲ့သို့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။ သာဓကအ နေနဲ့ ပထမပုဂ္ဂလိကဘဏ်သည် အစုရှင် ၆ç၅၀၀ ခန့်ဖြင့် ဖွဲ့စည်းထားသော အများပိုင်ကုမ္ပဏီဖြစ်ပြီး နှစ်စဉ်အစုရှင် များကို ထိုက်သင့်သောအမြတ်ဝေစုများပေးရပါသည်။ ဘဏ် များ ခေတ်မီအောင်ဆောင်ရွက်ရန် ကွန်ပျူတာနည်းပညာ များအတွက် အရင်းအနှီးများစွာလိုအပ်၍ မြတ်စွန်းမှသာ ဆောင်ရွက်နိုင်ပါမည်။ နိုင်ငံပိုင်ဘဏ်များသည် အရှုံးပင် ပေါ်နေပါသည်။ မက်လုံး။         ။ ၂၀၁၃-၂၀၁၄ စီမံကိန်းတွင် ပုဂ္ဂလိက ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုပါဝင်မှုအချိုးက ၇၅ ရာခိုင်နှုန်းခန့်သတ် မှတ်လျာထားပါသည်။ ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့်ငွေများ ကို ပြည်တွင်းပြည်ပရင်းနှီးမှုမှ ရရှိမည်ဟု မျော်မှန်းထားပြီး သတ်မှတ်လျာထားပါသည်။ ပြည်တွင်းပြည်ပရင်းနှီးမှုမှ ရရှိ မည်ဟုမျော်မှန်းထားရာ 'မှန်းချက်နှင့် နှမ်းထွက်' ကိုက်ညီရန် လိုအပ်ပါသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုကို သေချာပေါက် ထွက်ရန် ခက်ခဲနိုင်ပါမည်။ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကို ဇောင်းပေး ဆောင်ရွက်ရပါမည်။ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကို ရရှိရန် ပြည်တွင်းစုဆောင်းငွေကို အားပြုရပါမည်။ နိုင်ငံပိုင် ကဏ္ဍမှ စုဆောင်းငွေ  (Public Sector Saving) ကို အား ပြု၍ မရနိုင်ပါ။ ဘတ်ဂျက်လိုငွေ များစွာပေါ်ပေါက်နေ၍ (Deficit/Dissaving) ပုဂ္ဂလိက ကဏ္ဍမှ စုဆောင်းငွေကို အားပြုရပါမည်။ ပုဂ္ဂလိကကဏ္ဍမှ စုဆောင်းငွေများတိုး တက်လာစေရန်မှာ ဘဏ်မှပေးသည့် ဘဏ်စုငွေပေါ် အတိုး နှုန်းမက်လုံးကို (Incentive)  မောင်းနှင်အားအဖြစ် အသုံး ပြုရပါမည်။ လက်ရှိဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးအခြေအနေ ၂၀၁၃-၂၀၁၄ နိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်းတွင် လိုငွေမှာ ကျပ် ၂.၉ ဘီလီယံဖြစ်ပေါ်မည်ဟု(Budget deficit) ခန့်မှန်းထားခြင်း၊ ပြည်တွင်းလှည့်လည်သုံးစွဲငွေမှ(Money Supply)  မှာ ကျပ် ခုနစ် ထရီလီယံ ခုနစ်ထောင် ဘီလီယံ) ရှိနေခြင်း၊ ၂၀၁၃-၂၀၁၄ နှစ်တွင်လည်း ၂၃.၅ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားခြင်း၊ ပုဂ္ဂလိကဘဏ် များတိုးလာ၍ ဘဏ်များမှ ထုတ်ချေးငွေများ နှစ်စဉ်တိုး တက်နေခြင်း ၂၀၁၂-၂၀၁၃ တွင် ၄၈ ရာခိုင်နှုန်းတိုး တက်ခဲ့ခြင်း (Credit Expansion)  ၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံ ငွေ (FDI)  များ တိုးတက်နိုင်ခြင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၂ç၃၀၀ ဘီလီယံရှိရာမှ တဖြည်း ဖြည်း ၂၀၁၇-၂၀၁၈ တွင် အမေရိကန်ဒေါ်လာ ၃ç၄၀၀ ဘီလီယံထိ တိုးလာမည်ဟု ခန့်မှန်းထားခြင်း(IMF) ၊ ၂၀၁၃-၂၀၁၄ ခုနှစ်အတွက် ဝန်ထမ်းလစာများ တိုးမြှင့်ပေး ခဲ့ခြင်းများကြောင့် ငွေကြေးဖောင်းပွမှုအလားအလာများ (Inflationary Expectations) တိုးတက်လာမည်ဖြစ်ပါ သည်။ သို့ပါ၍ အထက်ပါလက်ရှိဖြစ်ပေါ်နေသော ငွေ ရေးကြေးရေအခြေအနေများကြောင့် အတိုးနှုန်းများလျော့ချ၍ ဘဏ်များမှ ငွေပေါပေါလောလောချေးငှားရန် သင့် မသင့် ကို စဉ်းစားရပါမည်။ Inflationary Expectations များရှိ နေချိန်တွင် အတိုးနှုန်းလျော့ချခြင်းမှ မှန်ကန်သောငွေရေး ကြေးရေးမူဝါဒ ဟုတ် မဟုတ် ချင့်ချိန်ရပါမည်။ ငွေကြေး ဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုတို့သည် ဆက်စပ်မှုရှိ သဖြင့် အတိုးနှုန်းလျော့ချခြင်းကို ဘက်စုံစဉ်းစား၍ ဆောင် ရွက်ရပါမည်။   အတိုးနှုန်းလျော့ချခြင်း၏ အကျိုးဆက်များ အတွေ့အကြုံအရ ဘဏ်တွင် ငွေစုသူအချို့သည် အတိုးနှုန်း လျော့ချသည့်အခါ ဘဏ်စုငွေများကိုထုတ်၍ အခြားဈေးနှုန်း များ (Asset Inflation)  တက်လာပါသည်။ လောင်းကစား (Speculation)  ပို၍ များလာပါသည်။ မလိုလားအပ်သော ဆိုးကျိုးများဖြစ်ပါသည်။ တစ်ဖက်တွင် ပုဂ္ဂလိကလုပ်ငန်း များသည် ထူးကဲသော အကျိုးရလဒ်များရရှိသည်ဟု မထင် ပါ။ ငွေပေါပေါချေးငှား၍ လောင်းကစား(Speculation)  ကိုအားပေးရာရောက်ခဲ့သည်မှာ ထင်ရှားပါသည်။ ယနေ့တိုင် အိမ်ခြံမြေဈေးများမှာ မတရား မြင့်တက် လျက်ရှိပါသည်။ ဘဏ်ချေးငွေကို ပေါပေါချေးငှား၍ရသည့် အကျိုးဆက်တစ်ခု ဖြစ်သည်ဟုဆိုနိုင် ပါသည်။ Asset Inflation  ကို ကူညီပံ့ပိုး ရာရောက်ပါသည်။ ရေရှည်တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်စေနိုင် ပါသည်။ Asset Inflation  နှင့် CPI Inflation  တို့သည် အပြန်အလှန်ဆက်စပ်မှုရှိပါသည်။ ယနေ့ အမေ ရိက၊ အင်္ဂလိပ်နှင့် ဂျပန်နိုင်ငံတို့သည် ယင်းတို့၏စီးပွားရေး အခြေအနေအရပ်ရပ်ကြောင့် ငွေ ပေါပေါလောလော ချေးနေ ကြသော်လည်း တစ်ချိန်ချိန်တွင် ကုန်ဈေးနှုန်းများမြင့်တက် လာမည့် အန္တရာယ်ရှိနေပါသည်။ သူ့အခြေအနေနှင့် သူ့ လုပ်ရပ်များဖြစ်ပါသည်။ ငွေစုသူများမနစ်နာရေး (Equity) ငွေစုသူအများစုမှာ လုပ်ငန်းရှင်မဟုတ်သည့် ဝင်ငွေနည်းသူ လခစားဝန်ထမ်းများ ဖြစ်ကြပါသည်။ ငွေချေးသူအများစုမှာ လုပ်ငန်းလုပ်ကိုင်သူများ ဖြစ်ပါသည်။ ဝင်ငွေနည်းလူတန်း စား ငွေစုသူများသည် အတိုးနှုန်းမှဝင်ငွေကို အားထားမှီခို သူများ ဖြစ်ကြပါသည်။ လုပ်ငန်းရှင်ငွေချေးသူများသည် ဘဏ်ချေးငွေ ပေါပေါရရှိပါက အမြတ်ပို၍ ရရှိကြပါသည်။ ငွေစုသူနှင့် ငွေချေးသူများအကြား တရားမျတမှု ရှိစေရန် ဆောင်ရွက်ပေးရပါမည်။ အတိုးနှုန်းကို မကစားသင့်ပါ။(Avoid politicization of interest rate)   ဘဏ်ပြင်ပအတိုးနှုန်းများနှင့် နှိုင်းယှဉ်ရန် ဘဏ်ချေးငွေအပေါ် အတိုးနှုန်းသည် ဘဏ်ပြင်ပတွင်ဖြစ်ပေါ် နေသော ရွှေပေါင်၊ အိမ်ပေါင်၊ နေ့ပြန်တိုး၊ သီးနှံကြိုပွိုင့် စသည့် အတိုးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျင် ငွေစုဘဏ် အတိုးမှာ များစွာနိမ့်ကျနေပါသည်။ ထို့အပြင် မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ဘဏ်များက ချေးယူသည့် (ငွေတိုက်စာချုပ် အပေါင်ဖြင့်) ငွေပေါ်အတိုး ၁၀ ရာခိုင်နှုန်းပေးရပါသည်။ ဘဏ်အချို့သည် ဘဏ်တွင် တစ်နှစ်အပ်သည့်အပေါ်တွင် ၁၀ ရာခိုင်နှုန်းအတိုးပေးပြီး ဘဏ်ချေးငွေပေါ်တွင် ၁၃ ရာခိုင်နှုန်းယူသဖြင့် အသားတင်အမြတ်မှာ ၂ ရာခိုင်နှုန်းခန့် သာရှိသဖြင့် ကုန်ပစ္စည်းရောင်းဝယ်ရာတွင် ပေးရသည့် ပွဲခမျသာရှိပါသည်။ အကြံပြုတင်ပြချက် သို့ပါ၍ ဘဏ်အတိုးနှုန်းများကို စဉ်းစားရာတွင် ဘက်စုံ တရားမျတစွာ ဓမ္မဓိဋ္ဌာန်ကျကျသုံးသပ်၍ စဉ်းစားဆုံးဖြတ် ရပါမည်။ ရေရှည်တွင် ဖြစ်သင့်သည်မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်မည့်နှုန်းအစား ဈေးကွက်က သတ် မှတ်သောအတိုးနှုန်း (Market-determined Rate)  ဖြစ် သင့်ပါသည်။ အကြံပြုလိုသည်မှာ ပို့ကုန်များတိုးတက်လာ စေရန် Export/Import Bank တစ်ခုကိုလည်းကောင်း စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရန်  Industrial Development  ကိုလည်းကောင်း Specialized Banks များ ကိုတည်ထောင်ရန် စဉ်းစားသင့်ပါသည်၊ သို့မဟုတ် ပို့ကုန် မြှင့်တင်ရေး၊ စက်မှုကုန်ထုတ်လုပ်ငန်းများကို အတိုးနှုန်း သက်သာစွာဖြင့် ငွေချေးငှားနိုင်ရန် မြန်မာနိုင်ငံဖွံ့ဖြိုးရေး ဘဏ်(Myanmar Development Bank)  ကို ထူထောင်ရန် စဉ်းစားသင့်ပါသည်။ ယင်းအဖွဲ့အစည်းများတွင် စီးပွားရေး လုပ်ငန်းရှင်များ၊ ဘဏ်များနှင့် နိုင်ငံတော်အစိုးရတို့မှ အစု ရှယ်ယာများထည့်ဝင်ပြီး၊ အတိုးနှုန်းသက်သာစွာဖြင့် ချေး ငှားရန်စီစဉ်သင့်ပါသည်။ ယင်းကဲ့သို့ စီစဉ်နိုင်ပါက ပို့ကုန် လုပ်ငန်းရှင်များနှင့် စက်မှုကုန်ထုတ်လုပ်ငန်းရှင်များကို အတိုး နှုန်းသက်သာစွာဖြင့် ငွေချေးငှားနိုင် မည်ဖြစ်ပါသည်။ ဒေါ်လာ-ကျပ် လဲလှယ်နှုန်း ဒေါ်လာကျပ်ငွေလဲလှယ်နှုန်းကို အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့၏ အကြံပေးချက်အရ ဗဟိုဘဏ်မှပြုလုပ်သည့်  နေ့စဉ်လေလံပေါ် အခြေခံ၍ နှုန်းရှင် (Managed Float)    သတ်မှတ်ပါသည်။ နိုင်ငံခြားငွေရောင်းဝယ်ခွင့်လိုင်စင် (Authorized Dealer Licence)  ရရှိသော ဘဏ်များတွင် မိမိတို့ရောင်းဝယ်လိုသော ဈေးနှုန်းနှင့် ပမဏကို မြန်မာ နိုင်ငံဗဟိုဘဏ်သို့တင်သွင်းရပါသည်။ ဗဟိုဘဏ်မှ တစ်ဖန် ပြင်ပ ဝယ်ဈေး၊ ရောင်းဈေးများနှင့် ဘဏ်များက တင်သွင်း သည့် ဈေးနှုန်းနှင့် ပမဏတို့ကို အခြေခံ၍ သတ်မှတ်ပါသည်။ ဗဟိုဘဏ်မှ နေ့စဉ်သတ်မှတ်သည့်နှုန်း (Reference rate) ပေါ်အခြေခံ၍ ±0.8  ရာခိုင်နှုန်းဘောင်အတွင်း ပုဂ္ဂလိက ဘဏ်များအား ဒေါ်လာများကို တရားဝင်ရောင်းဝယ်ခွင့်ပြု ပါသည်။ ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ၏ ဒေါ်လာဝယ်/ ရောင်းဈေးနှင့် ပြင်ပဒေါ်လာဈေးကွက်ရှိ ဝယ်ဈေးများပေါ် မူတည်၍ ဒေါ်လာ/ကျပ် လဲလှယ်နှုန်း ဖြစ်ပေါ်ပါသည်။   ဝေဖန်ဆွေးနွေးချက်များ ပို့ကုန်လုပ်ငန်းရှင်အချို့က လက်ရှိကျပ်ငွေတန်ဖိုးမှာ ပို့ကုန် လုပ်ငန်းရှင်များအတွက် အမြတ်အစွန်းနည်း၍ တွက်ခြေ မကိုက်ဟု ဝေဖန်သံများထွက်ပေါ်လျက်ရှိပါသည်။ ကျပ်ငွေ တန်ဖိုးကို US$ 1= MMK 1000 ဝန်းကျင်သို့ ပြောင်းလဲ မြှင့်တင်လိုကြပါသည်။ စဉ်းစားချက်မှာ ယင်းသို့ပြောင်းလဲ လိုက်ပါက ပို့ကုန်များမှ ရရှိလာမည့် ကျပ်ငွေများတိုးတက် လာမည်ဖြစ်၍ ကျပ်ငွေအမြတ်အစွန်းများပိုလာပြီး လယ်ယာ ထွက် သီးနှံဝယ်ဈေးမှာပိုမိုပေးနိုင်မည်ဖြစ်ကြောင်း တောင်သူ လယ်သမားများ၊ လယ်ယာထွက် သီးနှံဈေးနှုန်းများ၊ ဈေးပို ရ၍ ပိုမိုစိုက်ပျိုးနိုင်ဖွယ်ရှိကြောင်း၊ ပို့ကုန်များတိုးတက်လာ မည်ဖြစ်ကြောင်း တင်ပြဆွေးနွေးကြပါသည်။ ပို့ကုန်လုပ်ငန်း လယ်ယာထွက်သီးနှံများထုတ်လုပ်မှု တိုးတက်သင့်သလောက် မတိုးတက်ခြင်းတွင် လယ်ယာထွက်သီးနှံများ ဝယ်ဈေး၊ ပို့ ကုန်ဈေးနှုန်းများနှင့် အတိုင်းအတာတစ်ခုအထိ သက်ဆိုင်ပါ သည်။ လယ်ယာသီးနှံများထုတ်လုပ်ရာတွင် အခက်အခဲများ ဖြစ်သည့် မျိုးစေ့၊ ဓာတ်မြေသြဇာများရရှိမှု၊ ရေရရှိမှု၊ လယ် လုပ်ကိရိယာများ၊ စိုက်ပျိုးရေးနည်းစနစ်များ နည်းပညာ အသုံးပြုမှုတို့နှင့် ပို၍ သက်ဆိုင်ပါသည်။ (Supply Side Problems)  ။ သာဓကတစ်ခုမှာ မကြာမီက ဆန်ပို့ကုန် ဈေးနှုန်း (ပြည်ပမှဆန်ဝယ်ဈေးနှုန်း) များ တိုးတက်လာ၍ ဆန်တန်ချိန် တစ်သန်းကျော်ပို့နိုင်ပါသည်။ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဆန်ပို့ကုန်စံချိန်ဖြစ်ပါသည်။ လယ်ယာထွက် ပို့ကုန်များ ပြည်ပဈေးကွက်တွင် ဈေးကောင်းကောင်းရရှိရန် ပို့ကုန်များ၏ အရည်အသွေးကို မြှင့်တင်ရန်နှင့် ဈေးကွက် ရှာဖွေရန် လိုအပ်ပါသည်။ ပြိုင်ဘက်နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်မှု၊ ကုန်ပစ္စည်း ထုတ်လုပ်မှု၊ ပို့ကုန်တိုးမြင့်လာမှုတို့တွင် အခြေခံကျသော ပြဿနာများ(Structural Problems) နှင့် ထုတ်လုပ်မှုပိုင်း ဆိုင်ရာ ပြဿနာများ(Supply Side Problem)  ၏ အရေး ပါမှုတို့ကို မျက်ကွယ်ပြုရာရောက်ပါသည်။ သို့ပါ၍ ပို့ကုန် ပြဿနာ၊ ထုတ်လုပ်မှုပြဿနာနှင့် ယှဉ်ပြိုင်နိုင်မှု ပြဿနာ များ၏ အတိမ်အနက်ကို သုတေသနပြု၍ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်အဖြေရှာသင့်ပါသည်။ ဈေးကွက်ကို အခြေခံသော ငွေရေးကြေးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန် တွင် အဟန့်အတားဖြစ်စေမည့် ဗဟိုမှထိန်းချုပ်သော စီမံ ခန့်ခွဲရေးနည်းလမ်းများကို ရှောင်ရှားရပါမည်။ ဖြစ်သင့်သည် မှာ နိုင်ငံတော်၏ပံ့ပိုးမှုဖြင့် လွန်ခဲ့သည့်နှစ်များက စာရေးသူ မှ Myanmar Development Bank  အများပိုင်ကုမ္ပဏီ တစ်ခုတည်ထောင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ နှင့် ဗဟိုဥက္ကဋ္ဌတို့ ပါဝင်သောအစည်းအဝေးတစ်ခုတွင် တင် ပြခဲ့ဖူးပါသည်။ ယင်းဘဏ်တွင် နိုင်ငံတော်အစိုး ရပုဂ္ဂလိက ဘဏ်များ၊ လုပ်ငန်းရှင်များ အစုရှယ်ယာအချိုးကျ ထည့်ဝင် ပြီး ပို့ကုန်လုပ်ငန်းနှင့် လယ်ယာ၊ စက်မှုကုန်ထုတ်လုပ်ငန်း များကို အရင်းကျေစနစ်ဖြင့် အရှုံးမပေါ်စေဘဲ ငွေချေးငှား သင့်ပါသည်။   ငွေကြေးဈေးကွက်သို့ ဦးတည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ငွေကြေး ဈေးကွက်ဖြစ်ထွန်းပေါ်ပေါက်လာစေရန် လွှတ်တော်နှစ်ရပ်မှ ဆွေးနွေး၍ ှSecurity Exchange Law  ကို ပြဋ္ဌာန်းအတည် ပြုရန်လည်းကောင်း၊ ဗဟိုဘဏ်မှ IMF ၏ အကြံပြုချက် အရ ရန်ကုန်နိုင်ငံခြားသုံးငွေဈေးကွက် (Yangon Foreign Exchange Market)  ကို အကောင်အထည်ဖော်ဆောင်ရွက် နေချိန်တွင်လည်းကောင်း နောက်ကြောင်းပြန်ဗဟိုမှ စီမံခန့်ခွဲ ရေးနည်းစနစ်များဖြင့် အတိုးနှုန်းများ သတ်မှတ်ခြင်း၊ ဒေါ် လာ ကျပ်ငွေလဲလှယ်နှုန်းများကို ကစားခြင်း(Manipulate)  စသည့် လုပ်နည်းလုပ်ဟန်များကို ပြန်လည်အသက်မသွင်း သင့်ကြောင်း တင်ပြအပ်ပါသည်။ ငွေရေးကြေးရေးမူဝါဒနှင့် အကောင်အထည်ဖော်ရန် လိုအပ်သည့်လုပ်နည်းကိုင်နည်းများ ပီပီပြင်ပြင်ဖြစ်လာစေရန် ဆောင်ရွက်ရန်များ ရှိနေပါ သည်။ ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားရန် ကျပ်ငွေလဲလှယ်နှုန်းကို ချခြင်းဖြင့် (Devaluation) ပို့ကုန် များတိုးတက်လာဖွယ်ရာရှိသည်ဟု တင်ပြချက်မှာ အတိုင်း အတာတစ်ခုအထိ စီးပွားရေးသဘောတရားတစ်ခုအနေနဲ့ လက်ခံနိုင်ဖွယ်ရာရှိသော်လည်း အခြားတစ်ဖက်တွင် ကျပ်ငွေ ဖြင့် သင့်သည့် သွင်းကုန်ပစ္စည်းအားလုံး၏ (စာသုံးကုန်၊ ကြားကုန်၊ ရင်းနှီးကုန်များ) ကျပ်ငွေကုန်ကျစရိတ်များ ပိုမို တိုးလာမည်ဖြစ်ပါသည်။ သွင်းကုန်များ၏ ကျပ်ငွေကုန်ကျ စရိတ်တိုးတက်လာ၍ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ကဏ္ဍများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ၊ လောင်စာဈေးနှုန်းများမှာ လည်း ကုန်ကျစရိတ်အချိုးအစားထက်ပို၍ တိုးမြင့်လာပါ မည်။ ဤအချက်မှာ မရှောင်လွှဲနိုင်သော စီးပွားရေးလုပ်ငန်း များ၏ ဈေးနှုန်းသတ်မှတ်ခြင်းသဘောတရား ဖြစ်ပါသည်။ ၂၀၁၂-  ၂၀၁၃ (ဧပြီ-ဒီဇင်ဘာ) အထိသွင်းကုန်တန်ဖိုးများ မှာ ပို့ကုန်တန်ဖိုးထက်ပို၍ (USD 133 million)  နေချိန် တွင် ဒေါ်လာ /ကျပ်ငွေ တန်ဖိုးပြောင်းလဲမှု  (Devaluation/Depreciation)  မှ ပေါ်ထွက်လာမည့် အကျိုးအမြတ်နှင့် အခြားတစ်ဖက်တွင် ကုန်ဈေးနှုန်းများ မြင့်တက်လာမည့် အကျိုးဆက်များကို နှိုင်းယှဉ်ချိန်ထိုးရပါမည်။ သုတေသန ပြုရန်လိုအပ်ပါသည်။ ထို့အပြင် ဈေးကွက်ကိုအခြေခံသော စီးပွားရေးပြုပြင်ပြောင်း လဲမှုများပြုလုပ်နေချိန် ဒေါ်လာ ကျပ် ငွေလဲလှယ်နှုန်းကိုလည်း ဈေးကွက်ကို အခြေခံသောစနစ် (market rate)  သို့ ဦးတည်နေချိန်တွင် ကျပ်ငွေတန်ဖိုးကို ဗဟိုဆုံးဖြတ်ချက်ဖြင့် တစ်ဖက်သတ်ချမည်လောဟု မေးရန် ရှိပါသည်။ လက်တွေ့ကျကျစဉ်းစားရန် လိုအပ်ပါသည်။ ခြုံငုံသုံးသပ်ချက် သို့ပါ၍ စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် ပို့ကုန်လုပ်ငန်းရှင် အချို့က ဘဏ်ချေးငွေအတိုးနှုန်းလျော့ချပေးရေး ဒေါ်လာ/ ကျပ်လဲလှယ်နှုန်း ပြင်ဆင်ပေးရေးတို့နှင့်ပတ်သက်၍ ဆွေး နွေးတင်ပြချက်များမှာ ယင်းတို့၏ ရှုထောင့်မှ သုံးသပ်လျင် အတိုင်းအတာတစ်ခုအထိ အကျိုးရှိနိုင်သော်လည်း တစ် နိုင်ငံလုံးရှိ လုပ်သားပြည်သူများ၏ စားဝတ်နေရေးရှုထောင့်မှ ကြည့်လျင် ကုန်ဈေးနှုန်းများ ကြီးမြင့်လာနိုင်ခြင်း၊ ပုဂ္ဂလိက ဘဏ်လုပ်ငန်းတိုးတက်မှု အရှိန်အဟုန်ကို ထိခိုက်နိုင်ခြင်း၊  နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်သော ဘဏ်စုဆောင်း ငွေများလျော့နည်းကျဆင်းလာနိုင်ခြင်း၊ ဈေးကွက်ကိုအခြေခံ သောစီးပွာရေး၊ ငွေရေးကြေးရေး ပြုပြင်ပြောင်းလဲမှုကို ဟန့် တားရာရောက်ခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် ပို့ကုန်လုပ်ငန်းရှင်အချို့ တင်ပြသော ဘဏ်အတိုးနှုန်းလျော့ချရေးနှင့် ကျပ်ငွေတန်ဖိုး ချခြင်းတို့မှာ အတ္တဟိတ မမျသောတင်ပြချက်များသာဖြစ် ပါသည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးပြဿနာများကို ဖြေရှင်းရာတွင် ဘက်စုံရှုထောင့်အထွေထွေမှာ ဓမ္မဓိဋ္ဌာန် ကျကျ (Holistic Approach)  စဉ်းစားသုံးသပ်ရပါမည်။ စီးပွားရေးလုပ်ငန်းတစ်စု၊ လုပ်ငန်းစုတစ်စု (Interest Group)  အကျိုးစီးပွားအတွက် ကွက်၍စဉ်းစားခြင်းမျိုး မဖြစ်သင့်ပါ။ တစ်နိုင်ငံလုံး လူမှုအဖွဲ့အစည်းတစ်ခုလုံး စီးပွားရေးစနစ် တစ်ခုလုံးအတွက် ခြုံငုံစဉ်းစားမှသာလျင် ရေရှည်တည်တံ့ ခိုင်မြဲပြီး တရားမျတမှုရှိနိုင်မည် ဖြစ်ပါသည်။ အထူးသဖြင့် စီးပွားရေးမူဝါဒများချမှတ်ရာတွင် မက်ခရိုမိုင်ခရို (Macro-micro)  ရှုထောင့်များမှ ပြည့်ပြည့်စုံစုံစဉ်းစားပြီးမှ ဆောင် ရွက်သင့်ပါသည်။ မှန်ကန်သောငွေရေးကြေးရေးမူဝါဒ ချမှတ်နိုင်ရန် အကြံပြုချက် ငွေရေးကြေးရေးပုံစံ (Financial Paradigm)  ။     ။ ငွေ ရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးလာစေရန် ငွေရေးကြေးရေးအဖွဲ့ အစည်းများနှင့် ဘဏ်များကို ကြီးကြပ်မြှင့်တင်မည့် သီးခြား အဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်းရန် လိုအပ်ပါသည်။ အင်္ဂလန် နှင့် ဂျပန်နိုင်ငံများတွင် ငွေရေးကြေးရေးဝန်ဆောင်မှုအဖွဲ့(Financial Service Authority-FSA) ကို သီးခြားဖွဲ့စည်း  ဆောင်ရွက်ပါသည်။ များမကြာမီက အင်ဒိုနီးရှားနိုင်ငံမှာ လည်း အလားတူ အဖွဲ့တစ်ရပ်ကိုဖွဲ့ပြီး ဆောင်ရွက်လျက်ရှိ ပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်တို့နှင့် တွဲဖက် ၍ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင် ရွက်သည့်ပုံစံ (Paradigm)  ဖြစ်ပါသည်။ ဗဟိုဘဏ်မှ Monetary Policy အပိုင်းကိုအာရုံစိုက်ရန်ဖြစ်ပြီး FSA မှ ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးရေးနှင့် ဘဏ်များကြီးကြပ်ရေး ကိုတာဝန်ယူသင့်ပါသည်။ လေ့လာသင့်သည့်ပုံစံ ဖြစ်ပါ သည်။ ထို့အပြင် ဖော်ပြပါအဖွဲ့များတွင် ဦးဆောင်မည့်သူ များသည် အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရှိသူများ ဖြစ်သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။