စနစ်အမြင်အတွေးက လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ် ဘယ် သူမှ သီးခြားကျွန်းလေးတွေမဟုတ်တာကို ဖော်ထုတ်စဉ်းစား လက်ခံတာ ဖြစ်ပါတယ်။ တစ်ခုနဲ့တစ်ခု၊ တစ်ယောက်နဲ့တစ် ယောက်ဟာ ချက်ချင်းကြီးမသိသာပေမယ့် လူမှုရေးအရ၊ သဘာဝဖြစ်စဉ်တွေအရ ချိတ်ဆက်ပတ်သက်နေတာပါ။
Systems Thinking ရဲ့ ဆန့်ကျင်ဘက်လို့ ပြော နိုင်တာကတော့ တစ်ဖြောင့်တည်း၊ တစ်ကြောင်းတည်းကို စဉ်းစားတဲ့ Linear Thinking ပါ။ Linear Thinking မှာက A ကနေ စလုပ်ရင် B၊ ပြီးရင် C လို့ ယူဆတယ်။ System Thinking မှာတော့ A က B ကို လုပ်လိုက်ရင် D နဲ့ E ကိုပါ အကျိုးသက်ရောက်ပြီး F ဖြစ်လာမယ်။ ဒါပေမဲ့ ဖြစ်ပေါ်ဖို့က အချိန်ကြာနိုင်တယ်။
Systems Thinking က Computer Engineer, Jay Forrester ရဲ့ Systems Dynamics ကနေ ၁၉၅၈ ခုနှစ်လောက်က ထွက်ပေါ်လာတဲ့ စာတမ်းဖြစ်ပါတယ်။ Systems Thinking က လူမှုအဖွဲ့ အစည်းတွေပါ အကျုံးဝင်သက်ရောက်လို့ လူတွေပါဝင်လုပ် ကိုင်ရာမှာပါ Harmony ရှိတဲ့အတွက် Learning Organization ဖြစ်လာနိုင်တယ်။ စီမံခန့်ခွဲမှုပညာအနေနဲ့လည်း Enterprise ကို System အမြင်နဲ့ ဒီဇိုင်းလုပ်ရမယ်လို့ လက်ခံလာကြတယ်။ OD (Organization Design) အသုံး အနှုန်းအတွေးအခေါ်တွေ ကျယ်ပြန့်လာပါတယ်။ System မှာ လူတွေ၊ အဖွဲ့အစည်းတွေ၊ ဖြစ်စဉ်တွေဟာ ဆက်နေတယ်။ တစ်ခုအပေါ်တစ်ခု အကျိုးသက်ရောက်မှု ရှိနေတယ်။ ဖြောင့်တန်းတဲ့ဆက်စပ်မှု မဟုတ်ဘဲ 'Feedback ' လို့သုံးတဲ့ နောက်ကပြန်တက် လာတဲ့သတင်းဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဝယ်သူတွေဆီကလာတဲ့ သတင်းမျိုးမဟုတ်ဘဲ တစ်ဦးအပေါ်တစ်ဦး သက်ရောက်တဲ့ ကြောင်းကျိုးဆက် စပ်မှုပါပဲ။
စီမံခန့်ခွဲမှုကို ပိုမိုပြည့်စုံစွာ နားလည်မှုရအောင် ကြိုးစားရာကနေ Systems Dynamics ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။ အဖွဲ့အစည်းကြီးတွေအတွင်းက Systems တွေ ပိုပြီးရှုပ်ထွေးတတ်ပါတယ်။ Dynamic Complexity အခြေအနေတွေမှာ Cause and Effect က သိမ်မွေ့လွန်းပြီး ကြားဝင်ဖျန်ဖြေမှု (Interventions) ရဲ့ အကျိုးသက်ရောက်မှုမှာ အချိန်ကြာတဲ့အထိ သိသာထင်ရှားမှု ရှိချင်မှ ရှိပါမယ်။
Systems Thinking အတွေးအမြင်ကို ပြောင်းလဲ ဖို့မှာ စိတ်ပါပြောင်းလဲနိုင်ဖို့ လိုပါတယ်။ အကြောင်းနဲ့အကျိုး ကို ဖြောင့်ဖြောင့်တန်းတန်းအနေနဲ့ စဉ်းစားတာကနေ Interrelationships ဆက်စပ်ပြောင်းလဲမှုတွေနဲ့ ပြောင်းလဲမှု ဖြစ်စဉ်ကိုပါ သတိရှိနေရပြီး Snapshot အချိန်တစ်ချိန်ရဲ့ ပုံသေရုပ်ပုံထက် ပိုအရေးကြီးပါတယ်။
ဒေါက်တာေဒါ် ရီရီမြင့် (ပါမောက္ခ (ငြိမ်း)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)