News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ကျန်းမာရေးဆိုင်ရာ အမေးအဖြေအချို့
Editorial
October 26, 2014
Article
Health
ဆေးလိပ်ဖြတ်ရာမှာ အီလက်ထရောနစ်စီးကရက်ကို နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်သင့်ပါသလား။
ယခုထက်ပိုပြီး လေ့လာဆန်းစစ်မှုတွေ မပြုလုပ်သေးခင်တော့ မသတ်မှတ်သင့်သေးပါဘူး။ E-cigarette တွေဟာ ရိုးရိုးစီးကရက်တွေနဲ့ ပုံစံတူပေမယ့် ဓာတ်ခဲထည့်ပြီး အသုံးပြု ရတဲ့ပစ္စည်းမျိုးဖြစ်ပါတယ်။ ဆေးရွက်ကြီးနဲ့ တခြားအပင်တွေကရတဲ့ပစ္စည်းတွေ မပါဝင်ဘဲ နီကိုတင်းပဲပါဝင်ပါတယ်။ ထွက်လာတဲ့ ဆေးလိပ်ငွေ့ဟာ အထဲမှာပါတဲ့ နီကိုတင်းအရည်ကို အငွေ့ပျံစေခြင်းမှ ရရှိပါတယ်။ လောင်ကျွမ်းမှုလည်း မရှိ၊ ကတ္တရာ၊ ကာဗွန်မိုနောက်ဆိုဒ် စတဲ့ဓာတ်ငွေ့တွေနဲ့လည်း ရှူရှိုက်မှုမရှိနိုင်တဲ့အတွက် E-cigarette တွေဟာ ဘေးအန္တရာယ် သိပ်မရှိပါဘူးလို့ ထုတ်လုပ်ရောင်းချသူတွေက ဆိုပါတယ်။ ထုတ်လုပ်ရောင်းချနေသူတွေဟာ E-cigarette က ဆေးလိပ်ဖြတ်ရာမှာ အထောက် အကူပြုပါတယ်လို့ ပြောပေမဲ့ အဲဒီအဆိုကို သက်သေပြဖို့ အချက်အလက်တွေ နည်းပါးနေ ပါသေးတယ်။ လတ်တလော ပြုလုပ်ထားတဲ့ သုတေသနတွေအရတော့ ဒီ E-cigarette တွေဟာ ဆေးလိပ်ဖြတ်ရာမှာ တစ်နည်းနည်းနဲ့ အကျိုးရှိစေပါတယ်။ ဒါပေမဲ့ လေ့လာမှုတွေမှာ အား နည်းချက်တွေ အများအပြားရှိနေပြီး ဆေးလိပ်ဖြတ်ရာမှာလည်း အောင်မြင်မှု နည်းပါးနေပါ သေးတယ်။
E-cigarette တွေကို အသုံးပြုမယ်ဆိုရင် ဆေးလိပ် ငွေ့ကနေ ကင်ဆာဖြစ်စေမယ့် ဓာတုပစ္စည်းတွေ မပါဝင်ပေ မဲ့ နှလုံးနဲ့သွေးကြောအဖွဲ့အစည်းတွေဟာ နီကိုတင်းနဲ့တော့ ထိတွေ့မှုရှိနေတုန်းပါပဲ။ နီကိုတင်းဓာတ်တွေကို ဘယ်လိုနည်း နဲ့ပဲရရ နီကိုတင်းဟာ သွေးတိုးခြင်း၊ သွေးကြောကျဉ်းရောဂါနဲ့ နှလုံးရောဂါတွေကို ဖြစ်စေပါတယ်။ ဆေးလိပ်ကို ဘယ်လိုနည်း နဲ့ပဲသောက်သောက် ကျွမ်းကျင်တဲ့အကူအညီယူပြီး ဖြတ်ပစ်ဖို့ အကြံပေးပါရစေ။ အပ်စိုက်ကုထုံး၊ အိပ်ငွေ့ချကုထုံး စတဲ့ သဘာဝနည်းတွေလည်း အသုံးပြုလို့ရသလို တကယ်တမ်းဆေး လိပ်ဖြတ်မယ်ဆိုရင်တော့ မိမိစိတ်ကို မိမိနိုင်အောင်ထိန်းနိုင် ဖို့သာ အရေးကြီးဆုံးပါ။
ဘာကြောင့် အညိုအမည်းစွဲတာလွယ်ကူပြီး ပျောက်ကင်းဖို့ခက်ခဲ နေတာလဲ
ဒီမေးခွန်းမှာ ပြန်ဖြေဖို့အတွက် ဖြေရှင်းချက်တွေ အများအပြားရှိပါတယ်။ ပထမနားလည်ထားသင့်တာက ဘာတွေက ခန္ဓာကိုယ်မှာ အညိုအမည်းစွဲတာဖြစ်စေတတ် တာလဲဆိုတာပါ။ ထိခိုက်မှုတစ်ခုကြောင့် အရေပြား အောက်မှာရှိတဲ့ အလွန်သေးငယ်တဲ့သွေးကြောလေးတွေ ပျက် စီးသွားတာကြောင့် အညိုအမည်းစွဲရခြင်းဖြစ်ပါတယ်။ သွေး ကြောလေးတွေ ပျက်စီးသွားတဲ့အခါ အရေပြားအောက်မှာ ရှိတဲ့ တစ်သျူးတွေထဲမှာ သွေးတွေအောင်းသွားပြီး အညို အမည်းကွက်တွေ ပေါ်လာရခြင်းဖြစ်ပါတယ်။ အသက်အရွယ်ကြီးလာတဲ့အခါမှာ အရေပြားနဲ့ တစ်သျူးတွေ ပါးလွှာလာပြီး ကာကွယ်မှုကောင်းကောင်း မပေးနိုင်တော့ခြင်း၊ သွေးကြောမျင်တွေ ပျက်စီးမှုလွယ်ကူ လာခြင်းတို့ကြောင့် အရေပြားမှာ ညိုမည်းစွဲတာဟာ လွယ် ကူစွာ ဖြစ်ပွားနိုင်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသား တွေထက် အရေပြားပါးလွှာတဲ့အတွက် အညိုအမည်းကွက် တွေ ပိုမိုဖြစ်ပေါ်တတ်ပါတယ်။ Aspirin နဲ့ အခြားသွေး ကျဲစေတဲ့ဆေးဝါးတွေကလည်း သွေးခဲမှုကို လျော့ချတဲ့ အတွက် အညိုအမည်းစွဲတာတွေဖြစ်စေတတ်ပါတယ်။ Steroid ဆေးဝါးတွေဟာလည်း အညိုအမည်းစွဲမှုကို ပိုမို ဖြစ်ပေါ်စေတတ်ပါတယ်။
အသားဓာတ်နဲ့ သံဓာတ်ချို့တဲ့လို့ပဲဖြစ်ဖြစ်၊ နေ လောင်ထားတဲ့အရေပြားကြောင့်ပဲဖြစ်ဖြစ် အညိုအမည်းစွဲတာ ပိုမို ဖြစ်ပွားနိုင်တဲ့အတွက် အာဟာရပြည့်ဝတဲ့အစားအသောက် စားသောက်ဖို့နဲ့ နေလောင်ခံကရင်မ်တွေ လိမ်းဖို့ အမှတ်ရစေ ချင်ပါတယ်။ အညိုအမည်းလွယ်လွယ်ကူကူစွဲတတ်တဲ့သူဆိုရင် တော့ ဒါဟာ ခန္ဓာကိုယ်ရဲ့ ပုံမှန်ခံနိုင်ရည်ကြောင့် ဖြစ်ပါ လိမ့်မယ်။ ဒါပေမဲ့ ရုတ်တရက်ကြီးဖြစ်ပြီး နေထိုင်မကောင်း တာတို့ဖြစ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး သွေးရောဂါ ကြီးကြီးမားမား ရှိ မရှိကို ရှာဖွေရမှာပါ။
အညိုအမည်းစွဲတာကို လျင်လျင်မြန်မြန် ပျောက် ကင်းချင်ရင်တော့ ဖြစ်ပွားတဲ့ ၂၄ နာရီမှ ၇၂ နာရီအတွင်း ရေခဲအုပ်ထားနိုင်ပါတယ်။ ၂၄-၇၂ နာရီကျော်သွားရင်တော့ ရေနွေးနဲ့အုပ်မှသာ သွေးလည်ပတ်မှုပိုမိုကောင်းပြီး မြန်မြန် ပျောက်စေနိုင်မှာဖြစ်ပါတယ်။
မြင်ပြီးသားမျက်နှာတွေကို လုံးဝမမှတ်မိတဲ့အပြင် မှတ်လည်းမထားနိုင် ပါ။ ဘာကြောင့်ပါလဲ။
Hollywood ကြယ်ပွင့် Brad Pitt ဟာ Prosopagoosia ဆိုတဲ့ရောဂါတစ်ခုကြောင့် မျက်နှာတွေ ကို မှတ်မထားနိုင်ပါဘူး။ ဒီလိုရှားပါးတဲ့အာရုံကြောရောဂါ ရှင်တွေရဲ့ ၂ ရာခိုင်နှုန်းလောက်ဟာ မျက်နှာတွေကို မှတ်မိ နိုင်စွမ်းမရှိပါဘူး။ ဒီလိုဖြစ်ပွားရင်တော့ သင့်ရဲ့တစ်နေ့တာ လုပ်ငန်းဆောင်ရွက်မှုတွေမှာ အကြီးအကျယ်အခက်အခဲတွေ နဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ မျက်နှာတစ်ခုကို မှတ်ထားရတယ်ဆိုတာ အာရုံ ကြောတွေအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ ခက်ခဲတဲ့အာရုံခံအဖွဲ့ အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို စုစည်းပြီး မှတ်ထားရတာ ဖြစ်ပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးလာရင် တွေ့ဖူးတဲ့လူတွေ ရဲ့မျက်နှာတွေကို မမှတ်မိတော့တာပါ။ နာမည်တွေဆို မှတ်မိဖို့ ဝေလာဝေး ပေါ့။ Prosopagoosia ကတော့ သာမန်အခြေအနေတွေထက် ကွဲပြားပါတယ်။ ဒီရောဂါရှိပြီဆိုရင်တော့ မိသားစုတွေရော၊ သူငယ်ချင်းတွေကိုပါ မမှတ်မိနိုင်တော့တာပါ။
ဦးနှောက်ရဲ့အမြင်အာရုံပိုင်းဟာ အချက်အလက်တွေအများကြီးကို ဆောင်ရွက်နိုင်တာကြောင့် လူတွေမှာ Prosopayoosic ဆိုတဲ့ ပြဿနာထက် ရှုပ်ထွေးတဲ့ပြဿနာ မဖြစ်နိုင်ပါဘူး။ စိတ်ဝင်စား စရာအချက်က ဒီဆုံးရှုံးမှုဟာ တခြားအာရုံခံနိုင်မှုတွေကို မြှင့်တင်ပေးနိုင်ပါတယ်။ မျက်နှာကို မမှတ်မိ ဘူးဆိုရင် လူတစ်ယောက်ရဲ့ထူးခြားတဲ့အချက်တွေကို မှတ်သားထားနိုင်ပါတယ်။ ဥပမာ- အနံ့၊ ဝတ်စားပုံ တို့ကိုပါ။ မျက်နှာမမှတ်မိတဲ့ပြဿနာမှာ ဦးနှောက်ရဲ့ညာဘက်ဦးနှောက်ခြမ်းဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ညာဘက်ဦးနှောက်ခြမ်းကို ထိခိုက်ဒဏ်ရာရဖူးရင် ဖြစ်တတ်ပါတယ်။ ဒီမျက်နှာမမှတ်မိ တော့တဲ့အခြေအနေ ရုတ်တရက်ပေါ်ပေါက်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး ရောဂါကြီးကြီး မားမားရှိ မရှိ (ဥပမာ- လေဖြတ်ခြင်း) ကို တိုင်ပင်ကုသရမှာဖြစ်ပါတယ်။
သွင်ထူး
Facebook
Twitter
LinkedIn
RELATED POSTS
သဘာဝဘေးအန္တရာယ်အမျိုးမျိုးနဲ့ကြုံတွေ့တဲ့အခါမှာလုပ်ငန်းခွင်တိုင်းပြင်ဆင်ထားသင့်တဲ့အချက် ၃ ချက်နှင့်လုပ်ငန်းခွင်အတွင်း စာရွက်စာတမ်းများနဲ့ လုပ်ဆောင်မှုအစီအစဉ်များကိုဒစ်ဂျစ်တယ်စနစ်သို့ပြောင်းလဲထားနိုင်မယ့် Tools များ
Posted On July 12, 2025, By Editorial
သင့်ကိုယ်သင်ယုံကြည်မှု ပိုတက်စေဖို့ ပျိုးထောင်ရမယ့် အသေးအမွှားအလေ့အကျင့် ၈ ခု
Posted On July 12, 2025, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်အထိ တစ်ပတ်စာဟောစာတမ်း