ရေးသူ - John S. Hammond
စာမျက်နှာ - ၂၅၆ မျက်နှာ၊ ကတ်ထူဖုံး
ထုတ်ဝေသူ - Harvard Business Review Press; Reprint edition (25-8-15)
ISBN - 10:1633691047
ISBN - 13: 978-1633691049
'ဘယ်လိုနေရမလဲ'၊ 'အလုပ်သစ်ရှာဖို့ အချိန်တန်ပြီလား'၊ 'အလုပ်အတွက် ဘယ်လိုလူကို ငှားသင့်သလဲ'၊ 'လုပ်ငန်းနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်နည်းလုပ်ဟန်ကို ရွေးချယ်ရမလဲ' စသဖြင့် လူ့ဘဝမှာ ဆုံးဖြတ်ချက်ချစရာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ မှန်မှန်ကန်ကန်ဆုံးဖြတ်ချက် ချနိုင်တဲ့ ကျွမ်းကျင်မှုရှိသူတွေက သိပ်နည်းတယ်။
ဒီစာအုပ်ထဲမှာ စာရေးဆရာသုံးဦးက သူတို့ရဲ့ နှစ်ပေါင်းများစွာအတွေ့အကြုံတွေကို အခြေခံပြီး ဆုံးဖြတ်ချက်တွေ ဘယ်လို မှန်မှန်ကန်ကန် ထိထိရောက် ရောက်ချနိုင်တယ်ဆိုတာ တင်ပြထားတယ်။ သူတို့ရဲ့အကြံပြုချက်တွေထဲမှာ အောက်ပါတို့ ပါဝင်ပါတယ်။
- သင့်ရဲ့လုပ်ငန်းအစီအစဉ်တွေကို ဘယ်လိုအကျိုးရှိမယ်ဆိုတာ ချင့်တွက်ပါ။
- ဆုံးဖြတ်ချက်ချမယ့်ကိစ္စတွေကို အဓိကဖြစ်ခြင်း၊ အရေးကြီးခြင်းဆိုတဲ့အချက်တွေအလိုက် ခွဲခြားပါ။
- သင့်ရဲ့ဦးတည်ချက်တွေနဲ့ အဆက်စပ်ဆုံးလဲဖြစ်၊ အဓိကလည်း ဖြစ်တဲ့အချက်တွေကို ပီပီပြင်ပြင်သိအောင် လုပ်ပါ။
- စနစ်တကျတွေးခေါ်စဉ်းစားပါ။
- ဆုံးဖြတ်ချက်အမှန်ဆုံးဖြစ်ဖို့အတွက် မှန်ကန်တဲ့သတင်းအချက်အလက်တွေကို သုံးပါ။