ဂျပန်နိုင်ငံမှ Mitsubishi Corporation နှင့် စီးပွားဖက်အဖြစ်ပူးပေါင်းရန်အတွက် သဘောတူလက်မှတ် ရေးထိုးလိုက်သည့် Yoma Strategic

  YSH Signs Business Alliance with Mitsubishi at FMI Center 1_Credit to Yoma Strategic Holdings copy Post Img SPA နှင့် First Myanmar Investment Co.,Ltd(FMI) တို့၏ ပူးပေါင်းပါဝင်မှုနှင့်အတူ စင်ကာပူစတော့ဈေးကွက်စာရင်းဝင် လုပ်ငန်းစုကြီးဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း လုပ်ငန်းလည်ပတ်ဆောင်ရွက်လုပ်ကိုင်နေသည့် Yoma Stragegic Holdings သည် မြန်မာနိုင်ငံတွင် စီးပွားရေး အခွင့်အလမ်းများ ပူးပေါင်းရှာဖွေရန်အတွက် ဂျပန်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ရေးလုပ်ငန်းစုကြီးဖြစ်သည့် Mitsubishi Coporation နှင့် နားလည်မှုစာချွန်လွှာ(MOU)လက်မှတ်ရေးထိုးခဲ့ပါသည်။   Mitsubishi Corporation အတွက် ပထမဆုံးအကြိမ် သီးသန့်မဟုတ်သော အဆိုပါနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းသည် အနာဂတ်ကာလတွင်ပေါ်ပေါက်လာနိုင်ဖွယ်ရှိသည့် ပူးပေါင်းမှု အခွင့်အလမ်းများ အတွက် လမ်းဖွင့်ပေးသလိုဖြစ်သွားမည်ဖြစ်ကာ  လုပ်ငန်းအချင်းချင်းလက်ရှိရင်းနှီးဆက်ဆံမှုကို ပိုမိုနက်ရှိုင်း စေမည်ဖြစ်ပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာကြောင့်  Yoma Strategic၊ SPA နှင့် FMI တို့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံှမှုများပိုမိုပြုလုပ်နေသည့် Mitsubishi Corporation ၏ ဦးစားပေး မျက်စိကျခြင်းခံရသည့် စီးပွားဖက်လုပ်ငန်းများဖြစ်လာခဲ့ပါသည်။ Mitsubishi Corporation အနေဖြင့်လည်း လျှင်မြန်စွာဖွံ့ဖြိုးနေသည့် မြန်မာနိုင်ငံတွင် အားသာချက်ပိုမိုကြီးမားသော ဒေသဆိုင်ရာနားလည်တတ်ကျွမ်းမှု များကို ရရှိနိုင်ခြင်းကြောင့် အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။ Yoma Strategic သည် Mitsubishi ၊ Mitsubishi Motors တို့ ပူးပေါင်းပြီး ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှုစင်တာ (after sales service centre)ကို ရန်ကုန်တွင်ဖွင့်လှစ်ရန်အတွက် ပူးပေါင်းလုပ်ကိုင်မှု ရှိထားပြီးသားဖြစ်သလို မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်အဆင့်မြှင့်တင်ရန်နှင့် လည်ပတ်ဆောင်ရွက်ရန် အတွက် Mitsubishi Corporation ၊ JALUX Inc တို့နှင့်လည်း အကျိုးတူလုပ်ငန်းအုပ်စုအဖြစ် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ SPA သည်လည်း Mitsubishi Electric (MEC)၏ သီးသန့်တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် Mitsubishi အမှတ်တံဆိပ်ဓာတ်လှေကားနှင့် စက်လှေကားများကို မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ်ကတည်းက ရောင်းချခြင်း၊ တပ်ဆင်ခြင်းနှင့် ထိန်းသိမ်းခြင်းစသည့် ဝန်ဆောင်မှုများပြုလုပ်နေသည့် ကုမ္ပဏိဖြစ်ပါသည်။ ထို့အပြင် လက်ရှိ ဆက်ဆံရေးအခြေအနေကို ပိုမိုခိုင်မာတိုးတက်စေရုံသာမကဘဲ Yoma Strategic သည်  ဓာတ်လှေကား လုပ်ငန်းတွင် ပူးပေါင်းလုပ်ကိုင်ရန်အတွက် SPA ၊ MEC တို့နှင့် မကြားသေးမီက သဘောတူညီမှု ရယူထားပါသည်။ သဘောတူညီချက်အသစ်အရ MEC က အကျိုးအမြတ်ပမာဏ ၆၀ ရာခိုင်နှုန်း ဆက်လက် ရယူမည်ဖြစ်ကာ SPA နှင့် Yoma Strategic တို့က အကျိုးအမြတ်ပမာဏ ၂၀ ရာခိုင်နှုန်းစီ ရယူမည်ဖြစ်ပါသည်။ `အခုလိုစီးပွားဖက်အဖြစ်ပူးပေါင်းမှုဟာ လုပ်ငန်းအချင်းချင်းအကြားပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်စေမယ့် တန်ဆာပလာဖြစ်လာမှာဖြစ်သလို ကျွန်တော်တို့ရဲ့ စီမံကိန်းတွေ ဆက်လက်တိုးတက်မှုရှိနေမယ်ဆိုတာကိုလည်း သေချာစေတဲ့ ပူးပေါင်းမှုဖြစ်တယ်´ ဟု Yoma Strategic ၏ အမှုဆောင်အရာရှိချုပ် Andrew Rickards က ဆိုပါသည်။ Yoma Strategic သည် လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်နေသည့် မြန်မာ့နိုင်ငံ၏စီးပွားရေးနှင့် ထိတွေ့ခွင့်ရရှိရန် ဆောင်ရွက်ပေးနေသည့် တစ်ခုတည်းသော နိုင်ငံတကာစတော့ဈေးကွက်စာရင်းဝင် ကုမ္ပဏီဖြစ်ပါသည်။ Yoma Strategic သည် စင်ကာပူစတော့ဈေးကွက်တွင် မှတ်ပုံတင်ထားသည့်ကုမ္ပဏီဖြစ်ပြီး အိမ်ခြံမြေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ မော်တော်ကားလုပ်ငန်းနှင့် အဆင့်မြင့်ခရီးသွားလုပ်ငန်း စသည့်လုပ်ငန်းများကို လည်ပတ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ Mitsubishi Corporation သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်း၊ အခြေခံအဆောက်အအုံလုပ်ငန်း၊ စက်မှုလုပ်ငန်းဆိုင်ရာဘဏ္ဍာရေးလုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ သတ္တုပစ္စည်းလုပ်ငန်း၊ စက်ယန္တရားလုပ်ငန်း၊ ဓာတုပစ္စည်းလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း စသည့် လုပ်ငန်းများအပါအဝင် စက်မှုလုပ်ငန်းနယ်ပယ်မျိုးစုံ၌ လုပ်ငန်းများအကောင်အထည်ဖော် လည်ပတ်လုပ်ကိုင်ဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစုကြီး ဖြစ်ပါသည်။ နိုင်ငံပေါင်း ၉၀ ကျော်တွင် ရုံးခန်းနှစ်ရာကျော်နှင့် လုပ်ငန်းခွဲများဖွင့်လှစ်ထားသလို  အုပ်စုတွင်းကုမ္ပဏီပေါင်း ၆၀၀ ကျော်ပါဝင်သည့် ဆက်သွယ်မှုကွန်ယက်တစ်ခုနှင့်အတူ ဝန်ထမ်းဦးရေ ၆၀၀၀၀ နီးပါးရှိသည့် ကုမ္ပဏီဖြစ်ပါသည်။ မြန်မာနိုင်ငံသည် စီးပွားရေး၊ နိုင်ငံရေးနှင့် လှုမှုရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်အဖော် ဆောင်ရွက်လျက်ရှိပြီး McKinsey Global Institute ၏ မကြာသေးမီကထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ စီးပွားရေးတိုးတက်မှုအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် လက်ရှိပမာဏထက် လေးဆကျော် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံအထိ ကြီးထွားလာနိုင်သည့်အလားအလာရှိသော နိုင်ငံဖြစ်ပါသည်။ စီးပွားရေးပိတ်ဆို့မှုများဖြေလျှော့ပေးခြင်းရရှိထားမှုနှင့်အတူ မြန်မာနိုင်ငံ၏ အဆိုပါပြုပြင်ပြောင်းလဲမှုများသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံခွင့်ရရှိထားသည့် နိုင်ငံတကာကုမ္ပဏီကြီးများအား ဆွဲဆောင်လျက်ရှိပါသည်။