ခေါင်းဆောင်တိုင်းလိုလို၊ မန်နေဂျာတိုင်းလိုလို စိတ်ဖိစီးမှုတွေများတဲ့အခါ၊ စိုးရိမ်ပူပန်စရာတွေများတဲ့အခါ ညဘက် အိပ်မပျော်တတ်တာမျိုး၊ သန်းခေါင်ကျော် တစ်ရေးနိုးမှာနိုးလာပြီး ပြန်အိပ်မရတော့တာမျိုး ကြုံကြရတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ ဘယ်လိုလုပ်လို့ရနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
အိပ်စက်ခြင်းနဲ့ပတ်သတ်တဲ့ ပညာရှင်တွေက အိပ်နေရင်းနဲ့ ညဘက်နိုးလာတဲ့အခါ ပြန်အိပ်လို့မရတော့ဘူးဆိုရင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာတွေကို ပြောပြထားပါတယ်။
- ညဘက်တစ်ရေးနိုးပြီး ပြန်အိပ်လို့မရတော့ဘူးဆိုရင် မလုပ်ရမယ့်အရာတွေ များစွာရှိပါတယ်။
- အိမ်သာသွားဖို့ မလိုအပ်ဘူးဆိုရင်မသွားပါနဲ့။ ဒါဟာ ကိုယ့်ရဲ့နှလုံးခုန်နှုန်းကို မြင့်တက်သွားစေနိုင်လို့ပါပဲ။
- သက်သောင့်သက်သာနေပါ။ နာရီကိုကြည့်ပြီး ဘယ်လောက်အိပ်စက်ချိန်လိုအပ်နေသေးလဲဆိုတာမျိုးတွေ မစဉ်းစားပါနဲ့။
အိပ်ပျော်နေရင်းနဲ့မှ နိုးလာပြီး ပြန်အိပ်စက်လို့ မရတော့တာလောက် ခက်ခဲတာမရှိပါဘူး။
အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူပညာရှင်ဖြစ်သလို http://www.thesleepdoctor.com/ ရဲ့ ပင်တိုင်ဆောင်းပါးရှင်တစ်ယောက်လည်းဖြစ်သူ Dr. Michael Breus ရဲ့ အကြံပြုချက်တွေကို ကျွန်တော်တို့ လေ့လာကြရအောင်။
တကယ်သွားဖို့ မလိုအပ်ဘူးဆိုရင် အိမ်သာကို မသွားပါနဲ့ . . .
Breus ရဲ့ ပြောကြားချက်အရတော့ အိပ်ရာပေါ်မှာ ထိုင်နေရင်းနဲ့တောင် နှလုံးခုန်နှုန်းက မြင့်တက်နေတတ်ပါတယ်။ ဒါဟာ ဘာကြောင့်အရေးကြီးတာလဲ။ နှလုံးခုန်နှုန်းဟာ လူတစ်ဦးနဲ့တစ်ဦးမတူပါဘူး။ ဒါပေမယ့် အများစုဟာ တစ်မိနစ်ကို ၆၀ အကြိမ် နှလုံးခုန်နှုန်းရှိကြပါတယ်။
အိပ်ရာက ထလိုက်ခြင်းအားဖြင့် လူတစ်ယောက်ဟာ သူ့ရဲ့ပုံမှန်နှလုံးခုန်နှုန်းကို ဖြတ်တောက်ပြီး ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ကာ နှလုံးကို ပိုညှစ်ပေးရပါတယ်။ ဒါဟာ တစ်မိနစ်ကို ၆၀ ထက် ပိုညှစ်ရတာကို ပြောခြင်းဖြစ်ပါတယ်။ ပြန်လည်အိပ်စက်ဖို့ကြိုးစားရတဲ့အခါ သူ့နှလုံးဟာ ပြန်လည်နှေးကွေးစွာ ခုန်ရမှာ ဖြစ်ပါတယ်။
သက်တောင့်သက်သာနေပြီး အချိန်ကို မကြည့်ပါနဲ့ . . .
Breus ရဲ့ ပြောကြားချက်အရတော့ လူအများစုဟာ အိပ်ရေးမဝမှာကို စိုးရိမ်တဲ့စိတ်တွေရှိတတ်ကြပါတယ်။ တစ်ညကောင်းမွန်စွာ မအိပ်စက်လိုက်ရခြင်းက ကမ္ဘာကြီး အဆုံးသတ်သွားမှာမဟုတ်ပေမယ့်လည်း စိုးရိမ်တတ်ကြပါတယ်။ တစ်ချို့ညဘက်နိုးလာပြီး ပြန်အိပ်လို့မရတော့တဲ့အခါကျရင် နာရီကို အရင်ဆုံးကြည့်ကြပါတယ်။ ပြီးရင် သူတို့အိပ်ဖို့ အချိန်ဘယ်လောက်ကျန်သေးလဲဆိုတာကို ကြိုတွေးနေတတ်ကြပါတယ်။ Breus ရဲ့ အကြံပေးချက်ကတော့ ကျွန်တော်တို့လုပ်နေတာနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ အကောင်းဆုံးလုပ်နိုင်တာကတော့ စိတ်ကို ပေါ့ပေါ့ပါးပါး သက်သောင့်သက်သာထားဖို့ပါပဲ။ စိတ်ပူပန်နေတာမျိုး ဖြစ်နေမယ်ဆိုရင်တော့ ပြန်လည်အိပ်စက်ဖို့ ခက်ခဲနေမှာပါပဲ။ ဒါကြောင့် စိတ်ကိုရှင်းအောင်ထားပြီး အိပ်ပျော်ဖို့ စဉ်းစားနေတာထက် သူ့ဘာသာ အိပ်ပျော်သွားအောင်ပဲ ပေါ့ပေါ့ပါးပါးနေလိုက်ပါ။
အဒိုနီရမ်