PTTEP ရေနံကုမဏီမှ မြန်မာနိုင်ငံမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ကွက် ၇ ကွက်ရရှိခြင်းနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲပြုလုပ်

article foto PTTEP ရေနံကုမဏီမှ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက် ၇ ကွက်ရရှိတာနဲ့ပတ်သက်လို့ သတင်း စာရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ Traders Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ PTTEP ကုမဏီရဲ့ President နဲ့ CEO Mr Tevin က “ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံကို ဒုတိယအိမ်အဖြစ် တင်စားထားပါတယ်။ PTTEP အနေနဲ့ ပြည်တွင်း သုံးသဘာဝဓာတ်ငွေ့ တွေဖြည့်ဆည်းနိုင်ဖို့ M3 လုပ်ကွက်ရဲ့ရှာဖွေရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်လျက်ရှိပြီး ဇောတိကစီမံကိန်းအတွက် အကဲဖြတ် တွင်တွေထပ်မံတူးရန် စီမံလုပ်ဆောင်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံအတွက် ထိခိုက်နစ်နာစေမယ့်အပြုမူတွေလုပ်ဆောင်သွားမှာမဟုတ်သလို မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအပိုင်းကိုလည်း ရှေ့ရှု လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါတယ်။ ရရှိသွားတဲ့လုပ်ကွက်တွေကတော့ ဇောတိက စီမံကိန်း၊ မြန်မာ M3၊ မြန်မာ M 11၊ မြန်မာ PSC G နဲ့ EP 2၊ မြန်မာ MD-7 နဲ့ MD 8 တို့ဖြစ်ပါတယ်။ လုပ်ငန်းလုပ်ကိုင်ဖို့အတွက် ရင်းနှီးငွေ အမေရိကန်ဒေါ်လာသန်း ၃၃၀၀ သတ်မှတ်ထားပြီး ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ၅ နှစ်အတွင်း သုံးစွဲသွားမယ်လို့ သိရပါတယ်။ ဇောတိက စီမံကိန်းမှ  သဘာဝဓာတ်ငွေ့ 300 million cubic feet per day (MMSCFD) ကို မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်အတွက် ပထမဦးဆုံးအနေနဲ့  ၂၀၁၄ အတွင်း စတင်ထုတ်လုပ်သွားမှာဖြစ်ပြီး ၂၀၂၀ မှာတော့ ၆၀၀ (KBOES) ထိ ထုတ်လုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ PTTEP ကုမဏီအနေနဲ့ အရှေ့တောင်အာရှမှာ ၅ နှစ်အတွင်း အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့အထဲမှာ ထိုင်းနိုင်ငံ ပြီးရင်တော့ ဒုတိယအများဆုံးအဖြစ် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။  PTTEP ဟာဆိုရင် လွန်ခဲ့တဲ့ ၂၅ ကစပြီး မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ကုမဏီတစ်ခုဖြစ်ပြီး CSR (Corporate Social Responsibility) ကိုလည်း မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။