
၂၇ ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲနှင့် ပိတ်ပွဲဖျော်ဖြေမှုတွေအတွက် ကျောင်းသားကျောင်းသူ၊ အတတ်ပညာရှင်၊ အနုပညာရှင်မြောက် များစွာကို အောင်မြင်စွာဦးဆောင်ခဲ့သူ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြညထောင်စုဝန်ကြီး ဦးအေးမြင့်ကြူရဲ့ Operational Management Deminar ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၅ ရက်က Skystar Hotel မှာကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအ နားမှာ Smart Group of Company ရဲ့ Chairman ဦးကျော်ကျော်လှိုင်က ဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်တွေကို ပြောပြခဲ့ပါတယ်။ ဆီးဂိမ်းဖွင့်ပွဲနှင့်ပိတ်ပွဲမှာ ဖျော်ဖြေတင်ဆက်ခဲ့တဲ့ ကျောင်းသားပေါင်း ရှစ်ထောင်ကျော်ကို သေချာစွာလေ့ကျင့်ပေးပြီး အောင် အောင်မြင်မြင် ဦးဆောင်နိုင်ခဲ့ ပုံတွေနဲ့ပတ် သက်ပြီး Operational Management လုပ်ခဲ့ပုံတွေကို ဆွေးနွေးဟောပြောခဲ့ပါတယ်။ အဲဒီနောက် တက်ရောက်လာသူတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်းသိရပါတယ်။