Office Culture

officeculture1

ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရန်လိပ်စာ . . .

ဆိုင်ကို တော်ဝင်စင်တာ၊ ၃ လွှာ၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့မှာ ဖွင့်ထားပြီး ဖုန်းနံပါတ် ၀၉ ၂၅၉၄၅၅၅၅၀၊ ၀၉ ၂၅၉၄၅၅၅၅၄ ၊ ၀၉ ၂၅၄၀၁၄၀၉၇ ၊ www.officeculture.net[email protected] နဲ့ Facebook /Office Culture တို့ကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

ဆိုင်ဖွင့်ချိန် . . .

ဆိုင်ကို မနက်၉ နာရီကနေ ညနေ ၉ နာရီထိ ဖွင့်လှစ်ထားပါတယ်။

officeculture2

စတင်ဖွင့်လှစ်ဖြစ်တဲ့ ခုနှစ်နဲ့ရည်ရွယ်ချက် . . .

Office Culture Showroom ကို ၂၀၁၄ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အာရှမှာအကောင်းဆုံး ရုံးသုံး ပရိဘောဂတွေထဲမှာ နံပါတ်တစ်နဲ့သုံးကြားမှာရှိတဲ့ မလေးရှားနိုင်ငံထုတ် Bristol Brand ကို မြန်မာနိုင်ငံ တစ်ဦးတည်းကိုယ်စားလှယ် ယူထားပါတယ်။ Bistol ဟာ မလေးရှားနိုင်ငံမှာ ၁၉၈၁ ခုနှစ်ကတည်းက စတင်ပေါ်ပေါက်ခဲ့တာဖြစ်တဲ့အတွက် အခုဆိုရင် နှစ်ပေါင်း ၃၀ ကျော်လာပြီဖြစ်ပါတယ်။ ဒီ Brand ဟာ အာရှဒေသတွေအပြင် အရှေ့အလယ်ပိုင်းဒေသတွေမှာပါ နာမည်ကြီးတဲ့ Brand ဖြစ်ပါတယ်။

ကုန်ပစ္စည်းအရည်အသွေးနဲ့ထူးခြားချက် . . .

ကုန်ပစ္စည်းတွေကို သုံးနှစ်ကနေ ငါးနှစ်အထိ အာမခံပေးထားပါတယ်။ ထူးခြားချက်အနေနဲ့ ရုံးသုံးပရိဘောဂတွေကိုချည်း ရောင်းချနေတာမဟုတ်ဘဲ Customer ရဲ့ ရုံးခန်းနေရာနဲ့ သင့်တော်တဲ့ အခန်းပုံစံဒီဇိုင်းဆွဲပေးတာတွေ၊ အကြံပေးတာတွေ၊ After Sales Service ဝန်ဆောင်မှုပေးတာတွေကိုလည်း ပြုလုပ်နေပါတယ်။ ဒါအပြင် ကုန်ပစ္စည်းတွေ ချိတ်ဆက်ရာမှာ ဂဟေဆော်ထားတာ မဟုတ်တဲ့အတွက် ဖြုတ်တပ်ရလွယ်တယ်၊ လိုသလို ပြောင်းလဲနိုင်တယ်၊ အရည်အသွေးအထူးကောင်းမွန်တယ်၊ ပြန်လည်အသုံးပြုလို့ရတယ်စတဲ့ အကျိုးရှိတဲ့ Modular Furuniture တွေကို တစ်နေရာတည်းမှာ ဝယ်ယူကြည့်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။ ကုန်ပစ္စည်းတွေဟာ နိုင်ငံတကာ အရည်အသွေးအသိအမှတ်ပြု လက်မှတ်ကိုလည်း ရရှိထားပါတယ်။

officeculture3

ဈေးနှုန်းအပိုင်း . . .

ဆိုင်မှာ ရောင်းနေတဲ့ Product တွေဟာ Customer ရဲ့ လိုအပ်ချက်၊ အကြိုက်ပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားပါတယ်။ Chair မှာဆိုရင် အနိမ့်ဆုံးဒေါ်လာ ၁၅၀ ကနေ ဒေါ်လာငါးရာကြားဝန်းကျင်နဲ့ ဈေးနှုန်းအမျိုးမျိုးရှိပါတယ်။