ဒေါ်လာရှစ်ရာတန်ပြကွက်

dollareight

ဇနီးဖြစ်သူက ရေချိုးပြီးစ၊ ခင်ပွန်းဖြစ်သူက ရေချိုးခန်းထဲဝင်ဖို့ တံခါးရှေ့အရပ်မှာ အိမ်ရှေ့က လူခေါ်ခေါင်းလောင်းမြည်သံ ကြားလိုက်ရပါတယ်။ ဇနီးဖြစ်သူလည်း ပျာယီးပျာယာနဲ့ တစ်ကိုယ်လုံးကို မျက်နှာသုတ်ပဝါကြီး ကောက်ပတ်ပြီး တံခါးဆီအပြေးအလွှားသွားပြီး ဖွင့်လိုက်တော့ အိမ်နီးချင်းဖြစ်သူ ဘော့ပ်ကို တွေ့လိုက်ရပါတယ်။ ဘော့ပ်က သူ့ကိုမြင်မြင်ချင်း ရုတ်တရက် အံ့သြသွားပြီးတဲ့နောက် ''မင်းမျက်နှာသုတ်ပဝါကို ဖြေချလိုက်မယ်ဆိုရင် ဒေါ်လာသုံးရာပေးမယ်'' လို့ ဆိုလိုက်ပါတယ်။ အမျိုးသမီးလည်း ခဏတွေဝေသွားပြီးတဲ့နောက် ဒေါ်လာသုံးရာဆိုတာ မနည်းလှဘူးလို့ တွေးမိပြီး မျက်နှာသုတ်ပဝါကို ဖြေချလိုက်ရင်း ဘော့ပ်ရှေ့မှာ မိမွေးတိုင်း ဖမွေးတိုင်း ရပ်နေလိုက်တယ်။ မကြာလှခင်မှာပဲ ဘော့ပ်က ဒေါ်လာသုံးရာထုတ်ပေးပြီး လှေကားအတိုင်း ပြန်ဆင်းသွားပါတယ်။ အမျိုးသမီးလည်း အိမ်ပေါ်ပြန်တက်လာတဲ့အခါ ရေချိုးခန်းထဲက ခင်ပွန်းက ''ဘယ်ကဧည့်သည်လဲ'' လို့ လှမ်းမေးပါတယ်။ ''ဟိုဘက်အိမ်က ဘော့ပ်ပါ'' လို့ ဖြေလိုက်တော့ ခင်ပွန်းဖြစ်သူက ''သြော်၊ ဘော့ပ်လား၊ ဒါထက် ဒီလူငါ့ဆီက ဒေါ်လာသုံးရာ ချေးထားတာ၊ အဲဒီအကြောင်း ဘာမှပြောမသွားဘူးလား''တဲ့။

ဥပဒေသ ။ ။ သင့်စီးပွားဘက် ရှယ်ယာရှင်တွေကို သင်ချေးပေးထားတဲ့ ကြွေးမြီတွေနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း အချိန်မီအသိမပေးထားဘူးဆိုရင် ဒီအတွက် သူတို့တစ်တွေ အမှားလုပ်မိတဲ့အခါ ကိုယ်ရော သူတို့အားလုံးပါ နစ်နာတတ်ပါတယ်။

အပြုံးနှင့် စီမံ အပြုံးနှင့် နာခံနိုင်ကြပါစေ။

ရီနေနိုင်