ကယ်လိုရီလောင်ကျွမ်းဖို့ နေ့စဉ်လုပ်ရမယ့် လေ့ကျင့်ခန်း ၉ ခု

လေ့ကျင့်ခန်းလုပ်ဖို့အတွက် အကြောင်းအရင်းကောင်း များစွာရှိပါတယ်။ အဲဒီအထဲမှာမှ ကယ်လိုရီတွေ လောင်ကျွမ်းဖို့ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာလည်း အရေးကြီးပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ အမျိုးအစားကိုရွေးချယ်ပြီးတော့ ပုံမှန်ပြုလုပ်နေဖို့ပါပဲ။ တကယ်လို့ ရွေးချယ်ရကျပ်နေမယ်ဆိုရင်တော့ ကယ်လိုရီလောင်ကျွမ်းမှုအားကောင်းတဲ့ အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

ဒီမှာတစ်ခုရှိတာက လေ့ကျင့်ခန်းတစ်ခုတည်းနဲ့တော့ ကိုယ်အလေးချိန်မကျနိုင်ပါဘူး။ တကယ် ကိုယ်အလေးချိန်ကျဖို့ဆိုရင် ကိုယ့်အနေနဲ့ပုံမှန်ရှိရမယ့် ကိုယ်အလေးချိန်ပမာဏကို သိထားဖို့လိုသလို အချိုလျှော့စားတာ၊ အစားအစာကို ကျန်းမာစွာစားသုံးတာမျိုးလည်း လိုအပ်မှာ ဖြစ်ပါတယ်။

octhealth1

၁။ စကိတ်စီးခြင်း

ပေါင် ၁၆၀ ရှိတဲ့ သူတစ်ဦးဟာ စကိတ်တစ်နာရီစီးမယ်ဆိုရင် ၅၄၈ ကယ်လိုရီလောက် လောင်ကျွမ်းနိုင်ပါတယ်။ ပေါင်နှစ်ရာခန့်ရှိတဲ့သူတွေအတွက်ကတော့ စကိတ်တစ်နာရီစီးခြင်းအားဖြင့် ၆၈၃ ကယ်လိုရီလောက် လောင်ကျွမ်းနိုင်ပါတယ်။ ဒါဟာ အပျော်တမ်းလေ့ကျင့်ခန်းလုပ်တဲ့ အတိုင်းအထွာနဲ့ တိုင်းတာထားတာဖြစ်ပြီးတော့ ကျွမ်းကျင်အားကစားသမားတွေရဲ့ အမြန်သွားနှုန်းနဲ့ဆိုရင် ဒီထက်ပိုပြီး လောင်ကျွမ်းနိုင်ပါတယ်။

၂။ ဘတ်စကက်ဘောကစားခြင်း

ပေါင် ၁၆၀ ရှိတဲ့ သူတစ်ဦးဟာ ဘက်စကက်ဘော တစ်နာရီကစားရင်တောင် ကယ်လိုရီ ၅၈၄ လောင်ကျွမ်းပါတယ်။ ဘတ်စကက်ဘောကစားခြင်းက ကြီးမားတဲ့ လေ့ကျင့်ခန်းတစ်မျိုးဖြစ်တဲ့အပြင် ပေါင်နှစ်ရာခန့်ရှိတဲ့ သူတွေမှာဆိုရင် တစ်နာရီကစားရင် ၇၂၈ ကယ်လိုရီလောက် လောင်ကျွမ်းနိုင်ပါတယ်။

၃။ တင်းနစ်ကစားခြင်း

တင်းနစ်ကိုအဖွဲ့လိုက်မဟုတ်ဘဲ တစ်ဦးတည်းကစားနည်းနဲ့ တစ်နာရီကစားရင် ၇၂၈ ကယ်လိုရီလောင်ကျွမ်းပါတယ်။ ဒီကစားနည်းဟာ သိပ်ကိုမောပန်းစေတဲ့ အားကစားဆိုရင်လည်းမမှားပါဘူး။ ဒီဘောလုံးကို ကွင်းထဲမှာ လိုက်ဖမ်းနေရတာဟာ ကယ်လိုရီတွေကိုများစွာ လောင်ကျွမ်းစေမှာပဲဖြစ်ပါတယ်။

octhealth2

၄။ ပြေးခြင်း

တစ်နာရီခန့်ပြေးမယ်ဆိုရင် ၇၅၅ ကယ်လိုရီလောင်ကျွမ်းပါတယ်။ တစ်နာရီကို ငါးမိုင်နှုန်း ပြေးမယ်ဆိုရင် ၇၅၅ ကယ်လိုရီလောင်ကျွမ်းပါတယ်။ ဒါဟာ သိပ်ကောင်းတဲ့လေ့ကျင့်ခန်းဖြစ်ပြီးတော့ လူများစွာဟာလည်း ဒီလိုလေ့ကျင့်ခန်းမျိုးကို ကောင်းစွာလုပ်ဆောင်နိုင်ပါတယ်။

၅။ လှေကားပေါ်မှာ ပြေးခြင်း

လှေကားပေါ်မှာ ပြေးခြင်းက ပိုမိုပြီးကောင်းပါတယ်။ အိမ်အမြင့် လှေကားတွေပေါ်မှာ ပြေးခြင်းဟာ ပေါင်နှစ်ရာရှိတဲ့သူတွေအတွက် ၈၁၉ ကယ်လိုရီခန့် လောင်ကျွမ်းနိုင်ပါတယ်။

၆။ ပြင်းထန်စွာ ရေကူးခြင်း

ရေကူးတဲ့အခါမှာ ပြင်းပြင်းထန်ထန် ကူးနေဖို့လိုပါတယ်။ ပြင်းပြင်းထန်ထန် ရေကူးတဲ့အခါမှာ တစ်နာရီမှာ ၈၉၂ ကယ်လိုရီလောက် လောင်ကျွမ်းနိုင်ပါတယ်။ ပြင်းထန်စွာ ရေကူးခြင်းက ပိုမိုထိရောက်ပါတယ်။

octhealth3

၇။ တိုက်ကွမ်ဒိုကစားခြင်း

ပေါင်နှစ်ရာလောက်ရှိတဲ့သူဟာ တိုက်ကွမ်ဒိုကစားခြင်းဖြင့် တစ်နာရီမှာ ကယ်လိုရီ ၉၃၇ ခန့် လောင်ကျွမ်းနိုင်ပါတယ်။ တိုက်ကွမ်ဒိုဟာ တကယ်ကိုကောင်းတဲ့၊ ကြမ်းတမ်းတဲ့ လေ့ကျင့်ခန်းတစ်မျိုးပဲ ဖြစ်ပါတယ်။

၈။ ကြိုးခုန်ခြင်း

တစ်နာရီမှာ ၁,၀၇၄ ကယ်လိုရီလောင်ကျွမ်းပါတယ်။ ကယ်လိုရီလောင်ကျွမ်းစေတဲ့ အားကစားတွေထဲမှာ အရိုးရှင်းဆုံးနဲ့ ထိရောက်မှုကစားနည်းနှစ်မျိုးကတော့ ကြိုးခုန်ခြင်းနဲ့ အမြန်ပြေးခြင်းတို့ပဲဖြစ်ပါတယ်။ တစ်နာရီခန့် ပြေးမယ်ဆိုရင် ပေါင်နှစ်ရာရှိတဲ့ လူတစ်ဦးဟာ ၁,၀၇၄ ကယ်လိုရီခန့်လောင်ကျွမ်းစေနိုင်ပါတယ်။

၉။ တစ်နာရီကို ရှစ်မိုင်ခန့်ပြေးခြင်း

ဒါဆိုရင်တော့ ၁,၀၇၄ ကယ်လိုရီလောက် လောင်ကျွမ်းမှာဖြစ်ပါတယ်။ အချိန်အတိုအတွင်းမှာ အရှိန်ပြင်းပြင်းနဲ့ အကွာအဝေးရှည်ရှည်ပြေးခြင်းက သိပ်ကိုထိရောက်မှုရှိပြီးတော့ ကယ်လိုရီများစွာကို လောင်ကျွမ်းစေပါတယ်။ ဒါဟာ ကြိုးခုန်နေစရာမလိုဘဲနဲ့ ထိရောက်တဲ့နည်းလမ်းပါ။ ဒါပေမဲ့ ကိုယ့်ဒူးက ခံနိုင်စွမ်းရည်ရှိမရှိကိုတော့ ချိန်ထိုးရပါမယ်။ ဘာကြောင့်လဲဆိုတော့ ခုနစ်မိနစ်နဲ့ စက္ကန့်သုံးဆယ်အတွင်းမှာ တစ်မိုင်ပြေးရမှာမို့ပါပဲ။

အဒိုနီရမ်