News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
မြန်မာ-ထိုင်ဝမ် စီးပွားရေးလုပ်ငန်းအလိုက် တွေ့ဆုံဆွေးနွေးပွဲ
Editorial
November 18, 2013
trade&investment
Taiwan Trade Centre Inc Yangon Branch ရဲ့အစီအစဉ်အရ ထိုင်ဝမ်မှအသေးစားနဲ့အလတ်စားစီးပွားရေး လုပ်ငန်းရှင် ၃၃ ဦးခန့်ပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့အတူ အကျိုးတူရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက်UMFCCI အသင်းချုပ်နဲ့ပူးပေါင်းပြီးတော့ အထည်ချုပ် စက်/ကုန်ကြမ်းပစ္စည်းနဲ့ဆက်စပ်လုပ်ငန်း၊ အစား အသောက်လုပ်ငန်း၊ အလှကုန်လုပ်ငန်း၊ လျပ်စစ်လုပ်ငန်း၊ သတင်းအချက်လက်နဲ့နည်းပညာလုပ်ငန်း၊ အခြားစက်မှုလုပ်ငန်းငန်းများ စတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ၂၀၁၃ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ကSedona Hotel Yangon မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
Mr Michael JC Yeh Director Taiwan Trade Centre, Yangon Branch http://www.taitra.org.tw ထိုင်ဝမ်ကစီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံရဲ့စီးပွား ရေးအခြေအနေနဲ့ပတ်သက်ပြီးသိရှိနားလည်စေဖို့နဲ့ နှစ်နိုင်ငံ စီးပွားရေးကိုတိုးမြှင့်စေဖို့အတွက် ဒီပွဲကိုကျင်းပရခြင်းဖြစ်ပါတယ်။ ဒီလိုစီးပွားရေးလုပ်ငန်း အလိုက် တွေ့ဆုံဆွေးနွေးပွဲတွေကိုတော့ တစ်နှစ်ကို သုံးကြိမ်ကနေငါးကြိမ်အထိ ကျင်းပဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးလမ်း ဖွင့်ပေးလိုက်ပြီးတဲ့နောက်ပိုင်း ပြဋ္ဌာန်းလိုက်တဲ့မူဝါဒတွေဟာ အင်မတန်ကိုကောင်းပါတယ်။ အခုပြောင်းလဲထားတဲ့မူဝါဒအတိုင်း ဆက်သွားအမယ်ဆိုရင်တော့ တော်တော်လေး ကောင်းတဲ့အလားအလာ ပါပဲ။ မြန်မာပြည်မှာ နိုင်ငံခြားရင်း နှီးမြှုပ်နှံသူတွေအတွက် အဓိကပြဿနာကဘာလဲဆိုတော့ မြေဈေးက အလွန်ကိုမြင့်နေတဲ့ပြဿာနာပါပဲ။ နောက်တစ် ခုက ကျွန်တော်တို့အနေနဲ့ မြန်မာအစိုးရရဲ့ပြုပြင်ပြောင်း လဲပေးမယ့် Infrastructure နဲ့ပတ်သက်ပြီးစောင့်ကြည့်နေပါတယ်။ ဒီနှစ်ခုကိုသာ ကောင်းကောင်း ကိုင်တွယ် နိုင်ပြီဆိုရင်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများအပြားဟာ မြန်မာ နိုင်ငံထဲအစုလိုက်အပြုံလိုက်ဝင် ရောက်လာ မှာပါ။ မြန်မာ နိုင်ငံဟာနိုင်ငံတကာကို အမီလိုက်နိုင်အောင်ကြိုးစားရပါ မယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ နောက်မှာရောက် နေတဲ့အတွက် အရေးကြီးဆုံးအနေနဲ့ မြန်မာအစိုးရတင်မကဘူး စီးပွားရေးလုပ်ငန်း ရှင်တွေ အားလုံးပါ အမီလိုက်နိုင်အောင် ကြိုးစားရမယ်လို့ ထင်ပါတယ်။ ဒီလိုသာအချိန် အနည်းငယ် ယူလိုက်မယ်ဆိုရင် နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ မြန်မာနိုင်ငံဟာ အံ့သြစရာကောင်းလောက်အောင်တိုးတက်လာမယ်လို့ ယုံ ကြည်ပါ တယ်။
ဒေါက်တာမျိုးသက် ဒုဥက္ကဋ္ဌ UMFCCI ဒီပွဲက ကျွန်တော်တို့UMFCC နeJYTaiwan Trade Centre Yangon Branch တို့ ပူးပေါင်းပြီးလုပ်တဲ့ပွဲဖြစ်ပါတယ်။ ဒီပွဲမှာထိုင်ဝမ်Trade Centre ကနေပြီးတော SME ( Small and Medium Enterprises) ၃၃ ခု ပါလာပါတယ်။ အထူးသဖြင့်ဒီ တစ်ခေါက်မှာIT Sector က ကုမ္ပဏီတွေ ပါလာတယ်။ Electrical Appliances နဲ့ပတ်သက်တာတွေ ပါတယ်။Garment Sector ကုမ္ပဏီပါတယ်။ အစားအ သောက်ထုတ်လုပ်တဲ့လုပ်ငန်းတွေပါတယ်။ ကျွန်တော်တို့နိုင်ငံ ကလည်းSMEတွေ ပါပဲ။SMEဖြစ်တဲ့အတွက် ကျွန်တော်တို့ ကCapital Investment လည်း လိုတယ်။Market Access၊ Technology Access လိုတယ်။ ဒီပွဲကတော့ ကျွန်တော်တို့SMEတွေအတွက် အခွင့်အလမ်း ကောင်းပါပဲ။ အခုလာတဲ့ လုပ်ငန်းတွေနဲ့ Engage လုပ်ပြီး တော့ Investment Access ၊ Market Access ၊ Technology Access ။ နိုင်ငံခြားတိုက် ရိုက်ရင်းနှီး မြှုပ်နှံမှုဥပဒေကိုတော့ နိုဝင်ဘာလ ၂၀၁၂ ခုနှစ် က ပြဋ္ဌာန်းထားပြီးပါပြီ။Rules and Regulations လည်း ထွက်ပြီးပါပြီ။ Law လည်း ထွက်ပြီးပြီဆိုတောForeing Investors တွေကိုတော့ အခွန်ကင်းလွတ်ခွင့်ငါးနှစ် ဆက် တိုက်ပေးထားတယ်။ အရင်တုန်းက မြေငှားတဲ့ကိစ္စကို အစိုးရကပဲ လုပ်လို့ ရတယ်။ အခုတော့ ကျွန်တော်တို့ Private Sector လည်း လုပ်လို့ရပါပြီ။ နောက်တစ်ခါမြေ ငှားရမ်းလုပ်ကိုင်တဲ့ကိစ္စမှာ အရင်တုန်းကဆို နှစ်တိုပဲရတယ်။ အခုဆိုရင် နှစ် ၅၀ ကို နောက်ထပ်ဆယ်နှစ်သက်တမ်း နှစ်ကြိမ်တိုးပြီးတော့ သက်တမ်းနှစ် ၇၀ အထိဆိုတော့ နိုင်ငံခြားသားတွေအနေနဲ့ ဒီလိုမှပဲ သူတို့အတွက် ပိုပြီးတော့ ခိုင်မာမှာပါ။ ဒါကတော့Investment Friendly Law ပဲဖြစ်ပါတယ်။ ဒီသုံးချက်ကတော့ အရေးကြီးတဲ့Issue တွေပဲ ဖြစ်ပါတယ်။ ဒါက နိုင်ငံခြားသားတွေကိုဆွဲဆောင် ထားတဲ့အချက်ပါ။ AEC နဲ့ ပတ်သက်လို့ ကိုယ့်နိုင်ငံကAEC ဖြစ်တဲ့အတွက် အာဆီယံထဲမှာတငFree Trade ဖြစ်လာတော့မှာဆိုတော့ အထူးသဖြင့် ကျွန်တော်တို့ှ SME တွေက တခြားနိုင်ငံကSME တွေနဲ့ Competition ရှိနေဖို့ လိုတယ်။ ကျွန်တော်တSME Devlopment ဖြစ်ဖို့အတွက် ခုနကပြောတဲ့ Capital Access, Technology Access ၊ Market Access ဒါတွေ အားလုံး လိုပါတယ်။ နောက်တစ်ခါ ဘာအရေးကြီးသလဲဆိုတောCapacity Building ဆိုတဲ့ လူစွမ်းအားအရင်း အမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့လိုပါတယ်။ တခြားနိုင်ငံရဲ့ SME ယှဉ်ပြိုင်တဲ့အခါမှာLabour Workforce Building ကလည်း အရေးကြီးပါတယ်။ ဒါ ကြောင့်မို့SMEတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြင်ဆင်ပေးဖို့ လိုပါတယ်။ ဒါကြောင့်မို့လည်း ကျွန်တော်တို့နိုင်ငံတော် အစိုးရအနေနဲ့ ဖွံ့ဖြိုးရေးတိုးတက်ရေးကော်မတီနဲ့ အလုပ် ကော်မတီဆိုပြီး ဖွဲ့လိုက်တယ်။ အဲဒီမှာ ကျွန်တော်တို့ အသင်းချုပ်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေက ဗဟိုကော်မတီနဲ့လုပ် ငန်းကော်မတီမှာပါတယ်။ ဗဟိုကော်မတီကိုတော့ သမ္မတ ကြီးဦးဆောင်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ အသင်းချုပ် ဒုဥက္ကဋ္ဌပါတယ်။ လုပ်ငန်းကော်မတီမှာလည်း ကျွန်တော်တို့ ဒုတိယဥက္ကဋ္ဌပါတယ်။ အဲဒီလိုSME ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနဲ့ အလုပ်ကော်မတီကို ဖွဲ့လိုက်ခြင်းအားဖြင့်SMEကို အားပေးနေတာပါပဲ။ လောလောဆယ်တောSME Development Bank (ယခင်မြန်မာနိုင်ငံစက်မှု လက်မှုဖွံ့ဖြိုးရေးဘဏ်) ကနေပြီးတောSMEတွေကို ကျွန်တော်တို့ အသင်းချုပ်အောက်မှာရှိတဲ့Myanmar Industry Association ရဲ့ ပူးပေါင်းထောက်ခံမှုန Loan တွေကို ထုတ်ပေးနေပြီ။ ဒါပေမဲ့ အတိုးနှုန်း ၈.၅ ရာခိုင်နှုန်း ဆိုတော့ များနေသေး တယ်။ နိုင်ငံတကာG to G (Goverment to Goverment) အစိုးရဘဏ်အချင်းချင်းကနေ ပြီးတော့ Private Sector ကိုသွားဖို့အစီအစဉ်တွေရှိတယ်။ အဲဒီလိုဆိုရင်တော Interest Rate တွေပါ ကျသွားမယ်။ အဲဒါဆိုရင်Banking Interest Rate ဆိုတဲ့ ဘဏ်အတိုးနှုန်း ဟာ ကျသွားတဲ့အတွက် နိုင်ငံတကာရဲSMEတွေနဲ့ Competition ပိုလုပ်နိုင်မှာပါ။ နိုင်ငံခြားဘဏ်တွေကိုတော့ အခုလောလောဆယ်ကိုယ်စားလှယ်ရုံးခွဲအနေနဲ့ပဲ ခွင့်ပြုသေး တာပါ။ တည်ထောင်တာကတော့ ခွင့်မပြုသေးပါဘူး။ ၂၀၁၅ ခုနှစ်ရောက်ရင်တောBanking Sector မှာတော့ ပိုမိုချောမွေ့လာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် ပိုပြီးအဆင်ပြေလာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ UMFCCI အနေနဲ့ရှေ့ဆက်ပြီးတော့ လုပ်ငန်းရှင်တွေ၊ စားသုံးသူတွေ အဆင်ပြေအောင် နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်အောင် ဒီထက်မက လုပ် ဆောင်ပေးသွားမှာပါ။
Euginia Chang Sales Director CANMAX Technology Ltd http://www.canmax.com.tw ကျွန်မတို့ကုမ္ပဏီကCANMAX Technology Ltd ဖြစ်ပြီး ထိုင်ဝမ်မှာ တည်ထောင်ထားပါတယ်။ Barcode Scanner ရဲ့Design နဲ့ပတ်သက်ပြီး ထုတ်လုပ်တဲ့နေရာမှာတော့ နာမည်ရပြီးသား ကုန်ပစ္စည်းတစ်ခုပဲဖြစ် ပါတယ်။ ဂျပန်ဈေး ကွက်တစ်ခုကိုတော့ ကောင်းကောင်းချုပ်ကိုင်ထားနိုင်ပါပြီ။ ကျွန်မတို့ Company ရဲ့ Policy အရဆိုရင်တော့ ဒီမှာ ကျွန်မတို့ရဲ့ ထုတ်ကုန်တွေကို ဖြန့်ဖြူးရောင်းချပေးမယ့်Distributor နဲ့အတူ အကျိုးတူပူးပေါင်းနိုင်မယ့်သူကိုလာ ရှာတာပါ။ ပြီးတော့ ကျွန်မတို့ထိုင်ဝမ်နဲ့လည်း Export ၊ Import လုပ်နိုင်ရမယ်။ ရုံးခွဲတွေအနေနဲ့တော့ မရသေးပါဘူး။ ဒါပေမဲ့ဒီပစ္စည်းကို ဖြန့်ဖြူးရောင်းချတDistributor တွေက ကမ္ဘာတစ်ဝန်းလုံးမှာ ရှိပါတယ်။ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်နဲ့ ဥရောပမှာရှိတဲ့နိုင်ငံ တော်တော်များ များမှာရှိပါတယ်။ အဓိကအလေးထားပြီရောင်းချတဲ့ပစ္စည်းကBarcode Sanner ပါ။ မူလဒီဇိုင်း ထုတ်လုပ်ပေးတဲ့လုပ်ငန်း (ODM) အနေနဲ့Ticket Reading System ၊ Medical System, Game Machines စတာတွေနဲ့ပတ်သက် ပြီးတော့လည်း ထုတ်လုပ်ပါတယ်။ Export ၊ Import လုပ်ဖို့ အတွက်Shipping ကိုပဲ အသုံးပြုတယ်။ မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံဆိုတော့ ဈေးကွက်က အင်မတန်ဆွဲ ဆောင်မှုရှိပါတယ်။
Ms Sophie Kao KSS CO Ltd www.kss.com.tw ကုမ္ပဏီကို ၁၉၆၉ ခုနှစ်ကတည်ထောင်ခဲ့ပြီးတော့ အာရှမှာ ကြေးနန်းကြိုး၊ ဝိုင်ယာပစ္စည်းအမျိုးမျိုးထုတ် လုပ်တာနဲ့ ပတ်သက်ပြီး ထိပ်တန်းထုတ်လုပ်ရောင်းချသူအဖြစ်ရပ်တည် နေပါတယ်။ ရုံးခွဲပေါင်း လေးခုရှိပြီးတော့ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ နိုင်ငံပေါင်း ၁၁၁ နိုင်ငံကို ဖြန့်ဖြူးရောင်းချပေးနေပါ တယ်။ စက်ရုံတွေအားလုံးကိုတော့ ထိုင်ဝမ်မှာပဲတည်ဆောက် ထားတာပါ။ ဒါကြောင့်ပစ္စည်းတွေအားလုံးကိုလည်း ထိုင်ဝမ်မှာပဲ ထုတ်လုပ်ပါ တယ်။Cable Markers ၊ Cable Ties ?Wiring Accessories စတဲ့Electrical Accessories တွေကိုထုတ်လုပ် ပါတယ်။ ထုတ်ကုန်အရည်အသွေးနဲ့ပတ်သက်လို့လည်း နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ပေးတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ UL၊ CSA ၊ VDE ၊ DNV ၊ GL ၊ LLOYD ၊ CE ၊ ABS တို့ကလည်း အသိမှတ်ပြုထားပါ တယ်။ ကျွန်မအနေနဲ့လည်း အခုလိုပွဲလေးကို တက်ရောက်ရတဲ့ အတွက် စီးပွားရေးအခွင့်အလမ်းနဲ့ပတ်သက်ပြီး သိခွင့်ရပါ တယ်။ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ မြန်မာဈေးကွက်ကို တီးမိခေါက်မိချင်တဲ့အတွက် အခုလိုလာရောက်ဆွေးနွေးရခြင်း ဖြစ်ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Olympus Corp က မိုက်ခရိုစကုပ်လုပ်ငန်းခွဲကို ရောင်းချ
Posted On September 4, 2022, By Editorial
အမေရိကန်မှာ ဘက်ထရီစက်ရုံတည်ဆောက်မယ့် Honda နဲ့ LG Energy Solution
Posted On September 3, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း