News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Myanmar Business Survey 2014
Editorial
June 30, 2014
Article
Feature
ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် စစ်တမ်းကောက်ယူမှုတစ်ရပ်ကOECD (Organization of Economic Cooperation and Development) ၊ UNESCAP (United Nations Economic and Social Commission for Asia and the Pacific) နဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းကောက်ယူခဲ့ပါတယ်။ စစ်တမ်းကောက်ယူမှုအတွက် ဂျပန်အစိုးရ၊ SDC (Swiss Agency for Development and Cooperation) ၊ GIZ (Deutche Gesellshaft fur Internationale Zusammenarbeit) ၊The Asia Foundation ၊ UNIDO (United Nations Industrial Development Organization) တို့ကလည်း ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ အဲဒီစစ်တမ်းနဲ့ပတ်သက်ပြီး မေလ ၆ ရက်က UMFCCI မှာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားတစ်ခုပြုလုပ်ခဲ့ပြီး ရှင်းလင်းပြသခဲ့တဲ့ရလဒ်တွေထဲက အဓိကကျတဲ့အချက်အ လက်အချို့ ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။
မေလ ၆ ရက်ကကျင်းပခဲ့တဲ့ အဲဒီစစ်တမ်းရလဒ်တွေကို အ ကျဉ်းတင်ပြခဲ့တဲ့ အခမ်းအနားမှာ Myanmar Banking Association ရဲ့ ဒုဥက္ကဋ္ဌ ဦးသန်းချို၊ UMFCCI က ဦးမြင့် ဇော်၊ ဆွဇ်ဇာလန်သံရုံးကDirector of Cooperatison Mr Peter Tschumi ၊Hanns Seidel Foundation က ဌာနေ ကိုယ်စားလှယ်Mr Achim Munz တို့က နှုတ်ခွန်းဆက် စကား ပြော ကြားပေးခဲ့ကြပါတယ်။ အဲဒီနောက်မှာတောSurvey on Businesses in Myanmar 2014 အတွက် Data စုဆောင်းခဲ့မှု၊ လုပ်ငန်းစဉ်တစ်ခုလုံးအတွက် ခြုံငုံသုံးသပ်မှုတို့ နဲ့ပတ်သက်ပြီး Project Manager Mr. Sai Aung Mane က ရှင်းလင်းပြောကြားခဲ့ပါတယ်။ စစ်တမ်းရဲ့ရလဒ်တွေနဲ့ ပတ်သက်ပြီးတောUNESCAP ရဲ့Trade and Investment Division ၊ Business and Development Section က Economic Affairs Officer Mr. Masato Abe က Powerpoint နဲ့ ရှင်းလင်းပြသခဲ့တာ ဖြစ်ပါ တယ်။ [caption id="attachment_11252" align="alignnone" width="370"]
ဦးမြင့်ဇော် (UMFCCI)[/caption] [caption id="attachment_11251" align="alignnone" width="370"]
ဦးအောင်ခင်မြင့် (Survey on Businesses Myanmar 2014)[/caption] [caption id="" align="alignnone" width="370"]
ဦးသန်းချို (Myanmar Banking Asssociation)[/caption] [caption id="attachment_11250" align="alignnone" width="370"]
Mr. Sai Aung mane (Survey on Business n Myanmar 2014)[/caption] [caption id="attachment_11249" align="alignnone" width="370"]
Mr. Peter Tschumi (Embassy od Switzerland in Yangon)[/caption] [caption id="attachment_11248" align="alignnone" width="370"]
Mr. Achim Munz (Hanns Seidel Foundation)[/caption] [caption id="attachment_11245" align="alignnone" width="370"]
Mr. Masato Abe (UNESCAP)[/caption] [caption id="attachment_11247" align="alignnone" width="370"]
Mr. Michele Giulio Boario (UNIDO Yangon)[/caption] [caption id="attachment_11246" align="alignnone" width="370"]
Mr Domnik Weidert (GIZ)[/caption] [caption id="attachment_11244" align="alignnone" width="370"]
Dr. Kim Ninh (The Asia Foundation)[/caption] [caption id="attachment_11243" align="alignnone" width="370"]
Dr. Peter J. Brimble (Asian Development Bank)[/caption] စစ်တမ်းကောက်ယူရတဲ့ရည်ရွယ်ချက် ဒီ Project ကို ပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်တွေ ကတော့ လုပ်ငန်းတွေရဲ့အခြေအနေနဲ့ ပတ်ဝန်းကျင်နဲ့ပတ် သက်ပြီး သတင်းအချက်အလက်မရှိတာကို ဖြေရှင်းဖို့၊ စီး ပွားရေးအသိုက် အဝန်းရဲ့အခြေအနေကို ဆန်းစစ်ဖို့၊ လုပ်ငန်း တွေရင်ဆိုင်တွေ့နေရတဲ့ အဓိကအတားအဆီးတွေကို ဖော် ထုတ်ဖို့နဲ့ အကျိုးရှိရှိထိရောက်တဲ့ မူဝါဒဆိုင်ရာထောက်ခံချက် တွေ ပံ့ပိုးပေး ဖို့ပဲ ဖြစ်တယ်လို့ Mr. Sai Aung Mane က ရှင်းပြခဲ့ပါတယ်။ စစ်တမ်းကောက်ယူခဲ့တဲ့ဒေသတွေ ဒီစစ်တမ်းမှာ ဟားခါး၊ ကလေး၊ ဖလမ်း၊ တမူး၊ မြစ်ကြီး နား၊ ဗန်းမော်၊ လားရိုး၊ မူဆယ်၊ ပဲခူး၊ တောင်ငူ၊ ပြည်၊ မကွေး၊ နေပြည်တော်၊ မြင်းခြံ၊ မန္တလေး၊ ညောင်ဦး၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ မုံရွာ၊ ရန်ကုန်၊ ဧရာဝတီ၊ လွိုင်ကော်၊ တောင်ကြီး၊ အင်းလေး၊ ကျိုက်လတ်၊ ကံတောင်၊ မြဝတီ၊ ဘားအံ၊ မော်လမြိုင်၊ စစ်တွေ၊ ကျောက်ဖြူ၊ ထားဝယ်၊ကော့ သောင်း စတဲ့မြို့ကြီးတွေက လုပ်ငန်းပေါင်း ၃ç၀၁၆ ခုကို ကောက်ယူထားတဲ့အချက်အလက်တွေ ပါဝင်ပါတယ်။ စစ်တမ်းကောက်ယူခဲ့တဲ့ လုပ်ငန်းအမျိုးအစားနဲ့ အရွယ်အစား စစ်တမ်းကောက်ယူမှုထဲမှာ စိုက်ပျိုးမွေးမြူရေး၊ ငါးလုပ်ငန်း၊ သစ်တောလုပ်ငန်း၊ သယံဇာတတူးဖော်ရေးလုပ်ငန်း၊ ကုန် ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ဟိုတယ်နှင့်စား သောက် ဆိုင်လုပ်ငန်းတို့အပြင် အခြားဝန်ဆောင်မှုလုပ်ငန်း အမျိုးမျိုးတို့ ပါဝင်ဖြေဆိုပေးခဲ့ကြတာဖြစ်ပါတယ်။ စစ်တမ်းကောက်ယူခဲ့တဲ့ ကုမ္ပဏီတွေထဲက သုံးပုံ တစ်ပုံလောက်က ဝန်ထမ်းပေါင်း ဆယ်ဦးကနေ ၄၉ ဦး အတွင်းရှိတဲ့ အသေးစားလုပ်ငန်းတွေဖြစ်ကြပြီး ၊ စစ်တမ်း ဖြေဆိုပေးခဲ့ကြတဲ့ ကုမ္ပဏီတွေရဲ့ဆယ်ပုံတစ်ပုံကတော့ ဝန်ထမ်းပေါင်း ၅၀ ကနေ ၂၄၉ ဦး အတွင်းရှိတဲ့ အလတ် စားလုပ်ငန်းတွေဖြစ်ပါတယ်။ နောက်ထပ် ၃ ရာခိုင်နှုန်းက တော့ ဝန်ထမ်းပေါင်း ၂၅၀ နဲ့အထက်ရှိတဲ့လုပ်ငန်းတွေဖြစ်ပါ တယ်။ စစ်တမ်းကောက်ယူခဲ့တဲ့ ကုမ္ပဏီတွေရဲ့ ၁၅ ရာခိုင် နှုန်း (အထူးသဖြင့် အရွယ်အစားသေးတဲ့) နီးပါးက တရား ဝင်မှတ်ပုံတင်ထားခြင်းမျိုး မရှိပါဘူး။ အတိအကျပြောရရင် အလတ်စားလုပ်ငန်း အခု ၂၀နဲ့ အကြီးစားလုပ်ငန်းခြောက်ခုက ဘယ်လို ဏကဘူငခ ဗကအ့သမငအငနျ တွေနဲ့မှ တရားဝင်မှတ် ပုံတင်ထားခြင်း မရှိဘူးဆိုတာကို စိတ်ဝင်စားဖွယ်တွေ့ရပါတယ်။ ပြီးတော့ စစ်တမ်းကောက်ယူခဲ့တဲ့ ကုမ္ပဏီတွေထဲက ၃ ရာခိုင်နှုန်းက နိုင်ငံခြားကုမ္ပဏီတွေ ဖြစ်ပါတယ်။
AEC Awarerness စစ်တမ်းဖြေဆိုခဲ့တဲ့ ကုမ္ပဏီတွေထဲက သုံးပုံတစ်ပုံလောက် ကပဲ သူတို့ရဲ့လုပ်ငန်းတွေအပေါ်မှာ AEC ရဲ့ အကျိုးသက် ရောက်မှုအလားအလာကို ပုံစံအမျိုးမျိုးနဲ့ နားလည်ထားပြီး AEC ၂၀၁၅ နဲ့ ပတ်သက်လို့ နားလည်သဘောပေါက်တယ်လို့ လည်း စစ်တမ်းကပြောထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေအတွက် အခက်အခဲ ကုမ္ပဏီအများစုအတွက် လက်ရှိလုပ်ကိုင်နေတဲ့အနေအထားမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ ၃၄ မျိုးထဲမှာ အများစုက ခြ စားမှုကို အဓိကအတားအဆီးအဖြစ် မြင်ကြတာကိုတွေ့ရပါ တယ်။ တခြားစိုးရိမ်ရတဲ့ အတားအဆီးနှစ်ခုကတော့ ကျွမ်း ကျင်လုပ်သားနဲ့ နည်းပညာချို့တဲ့ခြင်းတို့ဖြစ်ပါတယ်။ မြေ၊ စက်ရုံနဲ့ ရုံးခန်းနေရာကလည်း လုပ်ငန်း လုပ်ဆောင်ဖို့ အဓိကအခက်အခဲတစ်ခုဖြစ်နေပြီး နိုင်ငံရေး မတည်ငြိမ်မှုလည်း အဓိကအခက်အခဲတစ်ခုပါပဲ။ နောက် ထပ်အတားအ ဆီးတွေ ကတော့ ငွေကြေးပိုင်းနဲ့ သက်ဆိုင်ပါ တယ်။ အဲဒါကတော့ ငွေကြေးအထောက်အပံ့ရဖို့ အခက်အခဲ နဲ့ မြင့်မားတဲ့ အတိုးနှုန်းတို့ဖြစ်ပါတယ်။ လုပ်ငန်းတွေအတွက်တင်မက ဖွံ့ဖြိုးဆဲနိုင်ငံတိုင်း အတွက်ပါ အခက်အခဲတစ်ခုဖြစ်တဲ့ လျပ်စစ်ဓာတ်အားအ ထောက်အပံ့ကတော့ အခုစစ်တမ်းရလဒ်မှာ ခြစားမှု၊ ကျွမ်း ကျင်မှုနဲ့ ငွေကြေး အခက်အခဲတွေရဲ့နောက်ကလိုက်တဲ့ စီးပွား ရေးလုပ်ငန်းတွေအတွက် အခက်အခဲတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အဓိက အခက်အခဲအတားအဆီးကတော့ အမျိုးအစား ခြောက်အုပ်စု ရှိပါတယ်။ အဲဒါတွေကတော့ ဈေးကွက်၊ လုပ်သား၊ အ ထောက်အပံ့နဲ့ နည်းပညာတွေကို လက်လှမ်းမီရရှိနိုင်မှု၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ အခွန်အကောက်၊ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေအတွက် အနေအထား၊ ငွေကြေးအ ထောက်အပံ့ရနိုင်ခွင့်၊ အခြေခံအဆောက်အအုံနဲ့ ပြည်သူ့ဝန် ဆောင်မှုလုပ်ငန်းတွေ၊ အကျင့်ပျက်ခြစားမှုတို့ပဲ ဖြစ်တယ်လို့ စစ်တမ်းကနေ သိရပါတယ်။
လုပ်ငန်းချဲ့ထွင်မှုနဲ့ အလုပ်အကိုင်ဖန်တီးမှုအလားအလာ မြန်မာနိုင်ငံမှာ ကုမ္ပဏီတွေရဲ့ လက်ရှိလုပ်ငန်းချဲ့ထွင်မှုနဲ့ အလုပ်အကိုင်ဖန်တီးမှုအလားအလားက ကုမ္ပဏီတွေကို လစာတိုးမြှင့်ပေးဖို့ ဖိအားပေးလာနေတာကိုတွေ့ရပြီး စစ် တမ်းဖြေ ဆိုပေးခဲ့တဲ့ကုမ္ပဏီတွေရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးက သူတို့ရဲ့အလုပ်သမားတွေကို ပြီးခဲ့တဲ့သုံးနှစ်အတွင်းမှာ ဈေး ကွက်ပေါက်ဈေးထက် ပိုမြင့်တဲ့လစာကို ကြိုးစားပြီးပေးခဲ့တယ် လို့ဆိုကြောင်း စစ်တမ်းကဖော်ပြထားပါတယ်။ဒါပေမဲ့ Paid Leave ကိုတော့ အမြဲတမ်းမကျင့်သုံးကြသေးကြောင်း၊ အမျိုး သားနဲ့ အမျိုးသမီး လစာကွာခြားချက်မရှိကြကြောင်း၊ စစ် တမ်းဖြေဆိုပေး ခဲ့ကြတဲ့ကုမ္ပဏီတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ရာထူးတူ အမျိုးသား၊ အမျိုးသမီးတွေရဲ့ လစာမှာကွာခြား ချက် မရှိဘူးလို့ ဖြေဆိုခဲ့ကြကြောင်း စစ်တမ်းမှာဖော်ပြထား ပါတယ်။ ပြီးတော့ စစ်တမ်းအရ မြန်မာနိုင်ငံမှာ အမျိုးသမီး တွေဟာ လုပ်ငန်းတွေကို ဦးဆောင်ဖို့အတွက် ကောင်းမွန် စွာပြင်ဆင်ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ ငွေကြေးအထောက်အပံ့ စစ်တမ်းဖြေဆိုပေးခဲ့ကြတဲ့ကုမ္ပဏီတွေထဲက တစ်ဝက်ကျော် က ငွေကြေးအထောက်အပံ့ ပိုမိုလိုအပ်နေပြီး သုံးပုံတစ်ပုံ လောက်က ပြင်ပအကြွေးရှိပါတယ်။ ကုမ္ပဏီတွေရဲ့ ငွေကြေးအ ရင်းအမြစ်တွေကတော့ ကိုယ်ပိုင်ငွေစုငွေ (Personal Saving) ၊ ကိုယ်ပိုင်ချေးငွေ (Personal loans) ၊ သိမ်းထား တဲ့ဝင်ငွေတွေ (Retained Earnings) ၊ စီးပွားရေးဘဏ်တွေ (Commercial Banks) ၊ အစိုးရဖွံ့ဖြိုးရေးဘဏ်တွေ (State Development Banks) ၊ ငွေချေးသူတွေ(Money Lenders) နဲ့ တခြား အရင်းအမြစ်တွေဖြစ်တယ်လို့ သိရပါတယ်။ R&D စစ်တမ်းအရ ကုမ္ပဏီအများစုက သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက် မှုလုပ်ငန်းစဉ်တွေအတွက် ငွေကြေးသုံးစွဲခြင်း မရှိကြဘူးလို့ သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
လူငယ်ခေါင်းဆောင်များအတွက် ခေါင်းဆောင်မှုဆိုင်ရာထိပ်တန်းအကြံပြုချက်များ
Posted On August 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဇန်နဝါရီလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း