GM ကို ဦးဆောင်တော့မယ့် Mary Barra

Mary Barra General Motors ကားကုမ္ပဏီရဲ့ အသက် ၆၅ နှစ်အရွယ် လက်ရှိ CEO  Dan Akerson ဟာ သူ့ဇနီးသည်ရဲ့ ကင်ဆာဝေဒနာကို ကူညီဖေးမဖို့အတွက် အနားယူတော့ မှာ ဖြစ်ပါတယ်။ ဒါကြောင့် GM ဘုတ်အဖွဲ့က Mary Barra ကို CEO တာဝန် ယူဖို့အတွက် ပြီးခဲ့တဲ့ နှစ်ပတ်က တညီတညွတ်တည်း တင်မြှောက်လိုက်ပါတယ်။ ဒါကြောင့် Barra က ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ကစပြီး CEO တာဝန်ယူတော့မှာပါ။ GM ကားကုမ္ပဏီဆိုတာ မတူညီတဲ့စံတော်ချိန် ၂၃ ခု က မျိုးဆက်သစ်ဝန်ထမ်း ၂၁၂,၀၀၀ နဲ့ လုပ်ငန်းလည်ပတ် နေတာပါ။ ဂလိုဘယ် ကားထုတ်လုပ်ရေးလုပ်ငန်း တစ်ခုကို အောင်မြင်မှု ရလာအောင် အမျိုးသမီးတစ်ယောက်က ပထမဆုံး ဦးဆောင်တော့မှာ ဖြစ်ပါတယ်။ Mary Barra ကို ၁၉၆၁ ခုနှစ်မှာ မွေးဖွားပါတယ်။  လက်ရှိအသက် ၅၂ နှစ်အရွယ် Barra ဟာ ၁၉၈၀ ခုနှစ်မှာ GM ကို ရောက်လာခဲ့တယ်။ သူဟာ GM မှာ ၃၃ နှစ် ကြာမြင့်ခဲ့ပြီး အင်ဂျင်နီယာ၊ ဆက်သွယ်ရေးနဲ့ လူသားအရင်းအမြစ် ကဏ္ဍတွေမှာ လုပ်ကိုင်ခဲ့တယ်။ GM ဟာ ပြီးခဲ့တဲ့ လေးနှစ်က ဒေဝါလီခံရမယ့်ဆဲဆဲကနေ ပြိုင်ဘက်တွေကို အရှုံးပေးရတော့မယ့် ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းတစ်ခုအကြောင်းကို Barra က ဂဃနဏ သိထားပါတယ်။ Barra က အခြေအနေကို သုံးသပ်နိုင်စွမ်းရှိပြီး အလုပ်တွေကို ရိုးရှင်းအောင် စီမံတတ်တယ်။ ဥပမာ မိုဒယ်အများကြီးမှာ တူညီတဲ့အစိတ်အပိုင်းတွေ သုံးပြီး ဒီဇိုင်းတွေ ထုတ်ခဲ့တာမျိုး ဖြစ်ပါတယ်။ သူ့ရဲ့ဆရာတစ်ယောက်ဖြစ်တဲ့ ယခင် General Motors Institute ၊ ယခု Kettering University က Mo Torfeh က "သူဟာ အလုပ် ကို ကောင်းကောင်း လုပ်နိုင်တယ်။ အသင်းအဖွဲ့လိုက် စုစည်းနိုင်ပြီး မှန်မှန်ကန်ကန် ပြီးစီးအောင်လုပ်နိုင်တယ်။ အမြဲတမ်းကို တာဝန်ယူတတ်တဲ့သူပါပဲ" လို့ ပြောပါ တယ်။ Barra ဟာ ကျွမ်းကျင်မှုတွေ ထူးထူးခြားခြား ပေါင်းစပ်ပါဝင်ပါတယ်လို့ ခင်မင်ရင်းနှီးသူတွေက ပြောပါတယ်။ အလွန် ဉာဏ်စွမ်းထက်မြက်သလို၊ နှိမ့်ချတတ်ပြီး ချဉ်းကပ် ရလည်း လွယ်ပါတယ်။ ပူးပေါင်းဆောင်ရွက်တတ်သလို တစ်ခါတစ်ရံမှာလည်း တာဝန်ယူတတ်သူ ဖြစ်တယ်။ အပြောင်းအလဲ ပြုလုပ်ရမှာကိုလည်း ဝန်လေးတတ်သူ မဟုတ်ပါဘူး။ သူဟာ ငယ်စဉ်ကတည်းက သင်္ချာနဲ့ သိပ္ပံပညာမှာ ထူးချွန်ခဲ့ပါတယ်။ Barra ရဲ့ အမေဟာ ကလေး ၈ ယောက်မိခင်ဖြစ်ပြီး သူကိုယ်တိုင် တက္ကသိုလ်ကို မတက်ခဲ့ရပေ မယ့် Barra ကိုတော့ ပညာရေးဘက်မှာ အားပေးပြီး အထက်တန်းပညာကို ဦးစားပေးသင်ကြားစေခဲ့ပါတယ်။ Barra က GM ကို အသက် ၁၈ နှစ်မှာ ဝင်ရောက်ပါတယ်။ Michigan က General Motors Institute မှာ အင်ဂျင်နီယာ ပညာကို သင်ယူနေရင်း GM မှာ ပူးတွဲအလုပ်ဝင်ခဲ့တာဖြစ်တယ်။ GMI ဟာ အမျိုးသမီး အမှုဆောင်တွေကို ကားလုပ်ငန်းမှာ အခြေခိုင်အောင် လေ့ကျင့်သင်ကြားပေးပါတယ်။ အဲဒီအထဲမှာ GM ဒုတိယ ဥက္ကဋ္ဌ Diana Tremblay ၊ အမေရိက Nissan ကားကုမ္ပဏီ အကြီးအကဲ Carla Bailo တို့လည်း ပါဝင်ပါတယ်။ Barra ဟာ GMI ကနေ ၁၉၈၅ ခုနှစ်မှာ ဘွဲ့ရပြီး GM က သူ့ကို Standford University ကို MBA သင်ယူဖို့ စေလွှတ်ခဲ့တယ်။ ပြန်လာတော့ သူအလုပ်တာဝန် မျိုးစုံကို အလှည့်ကျ တာဝန်ယူလုပ်ကိုင်ပါတော့တယ်။ ၂၀၀၉ ခုနှစ်မှာ GM ဒေဝါလီခံဖို့ကိစ္စ ပြီးတဲ့နောက် အဲဒီတုန်းက CEO Ed Whitacre က သူ့ကို HR ပိုင်းအတွက် တာဝန်ပေးပါတယ်။ ၂၀၁၁ ခုနှစ်ကစပြီး GM မှာ အရေးအပါဆုံးရာထူးဖြစ်တဲ့ ဂလိုဘယ် ကုန်စည်ထုတ်လုပ်ရေး စီနီယာ ဒုတိယ ဥက္ကဋ္ဌတာဝန်ကို ယူခဲ့ပါတယ်။ Akerson က ဘုတ်အဖွဲ့ဟာ ဒီရာထူးအတွက် လူတွေအများကြီးထဲကမှ Barra ကို ရွေးချယ်ခဲ့တာဟာ သူ့ရဲ့ အတွေ့အကြုံ၊ စီမံခန့်ခွဲပုံ၊ လူမှုဆက်ဆံရေးနဲ့ GM လုပ်ငန်းတွေကို နားလည်မှု စတာတွေကြောင့် ဖြစ်ကြောင်း၊ ကုမ္ပဏီကို ရည်မှန်းချက်နဲ့အညီ ဦးဆောင်နိုင်သူဖြစ်ကြောင်း၊ သူ့ရဲ့ အအောင်မြင်ဆုံး ဆောင်ရွက်ချက်ကတော့ ကုန်ကျစရိတ် လျှော့ချတာနဲ့ ထုတ်ကုန်သစ်တွေ ထုတ်လုပ်တာ ဖြစ်ကြောင်း ပြောပါတယ်။ Barra မှာ ခြွင်းချက်တွေတော့ ရှိပါတယ်။ အရောင်းနဲ့ မားကတ်တင်း၊ စာရင်းဇယားပိုင်းမှာ အတွေ့အကြုံနည်းပါတယ်။ ဒီနယ်ပယ်တွေအတွက် တခြားလူတွေကို သူအားထားရပါတယ်။ "ဒါပေမယ့် သူက အသိပညာ ကွာဟနေတယ်ဆိုရင် ကျော်လွှားနိုင်တာပါပဲ။ သူမသိတာကို မြန်မြန်ပဲ သင်ယူနိုင်ပါတယ်" လို့ Whitacre က ပြောတယ်။ Ref: AP