KMUC မှ မြန်မာကျောင်းသားများအတွက် အမေရိကန်ဒေါ်လာ ၁၅၀,ဝဝဝ တန်ဖိုးရှိပညာသင်ဆုများပေးအပ်

KMUC LogoKMUC(Kaplan Myanmar University College) ဟာ နိုင်ငံတကာတက္ကသိုလ်တွေနဲ့ချိတ်ဆက်ထားတဲ့ စင်ကာပူအခြေစိုက် Kaplan Education Group ရဲ့ကျောင်းခွဲပေါင်း လေးရာကျော်ထဲက တစ်ခုဖြစ်ပြီး မြန်မာကျောင်းသားတွေအတွက်ရည်ရွယ်ပြီး အမေရိကန်ဒေါ်လာ ၁၅၀,ဝဝဝ တန်ဖိုးရှိပညာသင်ဆုတွေကို ၂၀၁၉ ခုနှစ်ပညာသင်နှစ်အတွက် ၂၅ ရာခိုင်နှုန်းကနေ ၁၀ဝ ရာခိုင်နှုန်းအထိအသီးသီးဆုများချီးမြှင့်ပေးသွားမှာဖြစ်ကာ ဇန်နဝါရီလ ၁၇ ရက်မှစတင်လျှောက်ထားနိုင်မှာဖြစ်ကြောင်း KMUC မှ Principal ဆီကသိရှိရပါတယ်။ ဒါအပြင် ဒီပလိုမာသင်တန်းတွေအတွက် ပညာသင်ဆုဆိုင်ရာစာမေးပွဲကို ဇန်နဝါရီလ ၂၆ ရက်မှာ စစ်ဆေးသွားမှာဖြစ်ပြီး မဟာဘွဲ့သင်တန်းတွေအတွက် ကိုယ်တိုင်ရေးလျှောက်လွှာနဲ့ Skype အင်တာဗျူးဖြေဆိုဖို့လိုအပ်ကြောင်းလည်း သိရှိရပါတယ်။

          Kaplan ပညာရေးအဖွဲ့အစည်းဟာ နိုင်ငံတကာပညာရေးကို ပြည်တွင်းမှာပဲသင်ယူနိုင်ဖို့ KMUC ကို ရန်ကုန်မြို့ရဲ့လူစည်ကားပြီးအချက်အချာကျရာ ကမာရွတ်မြို့နယ်မှာ အခြေခံဘာသာစကားသင်တန်းမှစတင်ပြီး စီးပွားရေးနဲ့စီမံခန့်ခွဲမှုပညာ၊ ကွန်ပျူတာနည်းပညာစတဲ့ ပညာရပ်တွေကို အဆင့်မြင့်ဒီပလိုမာ၊ ဘွဲ့ဒီဂရီ၊ ဂုဏ်ထူးတန်းနဲ့ မဟာဘွဲ့တွေအထိ လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက Hot Line 09 777636000 နဲ့ 09 777686000 ကိုဖြစ်စေ၊ ကျောင်းတည်ရှိရာ အမှတ် ၆(က)၊ ဝဂ္ဂရိပ်သာလမ်းကို လူကိုယ်တိုင်လာရောက်ပြီးဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။