Novotel မှာ ၄ ရက်ကြာကျင်းပမယ့် Thai Festive Fair 2022

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမပေါ်က Novotel Yangon Max ဟိုတယ် Thai Festive Fair 2022 ကို ဇွန်လ ၁၆ ရက်ကနေ ၁၉ ရက်ထိ ၄ ရက်ကြာပြုလုပ်လျက်ရှိပါတယ်။ ဒီပွဲကို DITP (Department of International Trade Promotion, Ministry of Commerce ၊ Thailand) က ဦးစီးကျင်းပတာဖြစ်ပြီး စားသောက်ကုန်တွေ၊ အလှအပနဲ့ကျန်းမာရေးထုတ်ကုန်တွေ၊ ဖက်ရှင်နဲ့ နေ့စဉ်သုံးကုန်ပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေနဲ့ ဆေးရုံ၊ Express (Delivery) လုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း စသဖြင့် အမျိုးအမည်စုံ ဆိုင်ခန်းပေါင်း ၄၀ ကျော် ပါဝင်ပြသလျက်ရှိတာတွေ့ရပါတယ်။ ဒီကုန်စည်ပြပွဲမှာ ကံစမ်းမဲအစီအစဉ်တွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေလည်းထည့်သွင်း ပြုလုပ်လျက်ရှိပါတယ်။