Jzoo Application

jzoo1

Jzoo ကို ဘယ်အချိန်မှာ စတင်တည်ထောင်ခဲ့တာလဲ . . .

Jzoo Application ကို မြန်မာပြည်မှာ ပထမဆုံးအနေနဲ့ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှာ စပြီးမိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဆက်သွယ်လို့ရနိုင်မယ့် လိပ်စာက . . .

Jzoo ကို ဖုန်းနံပါတ် ၀၉၂၆၂၃၃၄၄၆၆ နဲ့ care@jzoorewards.com တို့ကနေ ဆက်သွယ်နိုင်ပါတယ်။ ဒါအပြင် www.jzoorewards.com နဲ့ facebook.com/jzoorewards တို့ကနေလည်း ဆက်သွယ်နိုင်ပါတယ်။

Jzoo ဆိုတာက . . .

Jzoo ဆိုတာ ဆိုင်တွေ၊ ကုန်တိုက်တွေမှာ စားသုံးသူတွေက ကိုယ်ဝယ်ယူနေကျ ကုန်ပစ္စည်းတွေကို ပုံမှန်အတိုင်း ဝယ်ယူနေရင်းနဲ့ပဲ Jzoo ကပေးတဲ့ အခမဲ့ဆုလက်ဆောင်တွေကို ရရှိနိုင်မယ့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။

jzoo2

ဘာကြောင့် Jzoo App ကို ရေးဆွဲဖြစ်တာလဲ . . .

Jzoo App က စားသုံးသူတွေအတွက်ပဲ အကျိုးရှိစေတာ မဟုတ်ပါဘူး။ စားသုံးသူတွေ ဒီ App ကနေ လက်ဆောင်ပစ္စည်းတွေ လာထုတ်ယူတိုင်း သူတို့တွေဘာတွေ ဝယ်လေ့ရှိတယ်ဆိုတာကို သိလာနိုင်တဲ့အတွက် ဒါက ကုန်ပစ္စည်းရောင်းချတဲ့ ဆိုင်တွေ၊ ကုန်တိုက်တွေအတွက် တင်မကဘဲ ကုန်ပစ္စည်းတွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေအတွက်ပါ အကျိုးရှိတဲ့ App တစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ စားသုံးသူအလေ့အထကို နားလည်ရင် ကိုယ့်ရဲ့ကုန်ပစ္စည်းကို အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို နားလည်စေမှာဖြစ်တာကြောင့် စားသုံးသူအလေ့အထကို နားလည်နိုင်ဖို့အတွက် ဒီ App ကို ရေးဆွဲဖြစ်ခဲ့တာပါ။

စားသုံးသူတွေက လက်ဆောင်တွေကို ဘယ်လိုထုတ်ယူနိုင်မှာလဲ . . .

စားသုံးသူတွေဟာ Jzoo Tablet ရှိတဲ့ဆိုင်တွေမှာ ဈေးဝယ်ရင်းနဲ့ Jzoo အမှတ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ အမှတ်တွေကို ကိုယ်ဝယ်ယူတဲ့ပစ္စည်းအမျိုးအစားပေါ်မှာ မူတည်ပြီး အမျိုးမျိုးပေးသွားမှာဖြစ်ပါတယ်။ လက်ဆောင်ပစ္စည်းတွေကိုတော့ jzoorewards.com နဲ့ လက်ဆောင်ထုတ်ပေးတဲ့ဆိုင်တွေမှာ သွားရောက်ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဘယ်လိုလက်ဆောင်မျိုးတွေပေးသွားမှာလဲ . . .

လက်ဆောင်တွေကို အမှတ်အလိုက်အမျိုးမျိုး ခွဲထားပါတယ်။ Jzoo က ဘယ်လိုလက်ဆောင်တွေ ပေးနေတယ်၊ ဘယ်အချိန်တွေမှာ Promotion အစီအစဉ်တွေ ပေးနေတယ်ဆိုတာတွေကို jzoorewards.com နဲ့ facebook.com/Jzoorewards တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။