အမြဲတမ်း ဆန်းသစ်နေဆဲ အိုင်ဒီယာတွေနဲ့ စာအုပ်ကောင်း ၅ အုပ်

ခန္ဓာကိုယ်ကျန်းမာသန်စွမ်းစေဖို့ အားကစားလိုက်စားသလို စီးပွားရေးလုပ်ငန်းရှင်နဲ့ စွန့်ဦးတီထွင်သူတွေဟာလည်း ကိုယ့်ရဲ့မှတ်ဉာဏ်စွမ်းရည်ကို တိုးမြှင့်ဖို့နဲ့ တွေးခေါ်နိုင်မှုစွမ်းရည် တိုးတက်မြင့်မားစေဖို့ စီးပွားရေးဆိုင်ရာစာအုပ်ကောင်းတွေ စဉ်ဆက်မပြတ်ဖတ်ရှုလေ့လာနေဖို့ပဲ ဖြစ်ပါတယ်။

fourhourworkweek

The 4-Hour Workweek by Timothy Ferriss

--------------

စာအုပ်စတင်ပုံနှိပ်ထုတ်ဝေချိန် ၂၀၀၇ ခုနှစ်ကနေစပြီး အခုချိန်ထိ အုပ်ရေသန်းပေါင်းများစွာ အရောင်းသွက်ခဲ့ပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်တိုင်း ဖတ်သင့်တဲ့စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ စာအုပ်ထဲမှာပါဝင်တဲ့ ဒဿနတွေက စီးပွားရေးလုပ်ငန်းတိုင်းအတွက် အသုံးဝင်စေနိုင်ပါလိမ့်မယ်။ ဒီစာအုပ်ထဲမှာ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို လေ့လာတွေ့ရှိနိုင်မှာဖြစ်ပြီး လုပ်ငန်းပိုင်းဆိုင်ရာ Online Tool များအသုံးပြုပုံကိုပါ ထည့်သွင်းပေးထားပါတယ်။

gettingthings

Getting Things Done by David Allen

-----------------

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တွေသာမက လူတိုင်းဖတ်ရှုလေ့လာသင့်တဲ့ စာအုပ်ဖြစ်ပါတယ်။ ကိုယ့်ရဲ့အလုပ်လုပ်ချိန်နဲ့ အလုပ်ချိန်ပြင်ပ ကိုယ်ပိုင်အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကို ညွှန်ကြားထားပါတယ်။ အရေးကြီးတဲ့ကိစ္စရပ်တွေ ပြီးမြောက်အောင်မြင်ဖို့ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်အောင်၊ အချိန်ကို စီမံခန့်ခွဲတတ်လာအောင် ညွှန်ကြားပေးမယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

innovatordilemma

The Innovator's Dilemma by Clayton M Christensen

-----------------

EDB ရဲ့ ဥက္ကဋ္ဌဟောင်း Teo Ming Kian က Clayton ရဲ့ စာအုပ်နဲ့ ပတ်သက်ပြီး အခုလိုပြောခဲ့ပါတယ်။ ''စင်ကာပူလို နိုင်ငံငယ်တစ်ခုအနေနဲ့ တီထွင်ဆန်း သစ်မှု၊ စနစ်တကျပြောင်းလဲမှုတွေဟာ တခြားနိုင်ငံတွေထက် ပိုပြီးလိုအပ်ပါတယ်။ Clayton က တီထွင်ဆန်းသစ်မှုပိုင်းမှာ အဟန့်အတားဖြစ်စေတဲ့အရာကို လျှော့ချနိုင်ဖို့ အကောင်းဆုံးနည်းလမ်းပေးခဲ့တာပါ'' တဲ့။ Clayton Christensen ဟာ Harvard Business School ရဲ့ ပါမောက္ခတစ်ဦးဖြစ်ပြီး ပြည်တွင်း ပြည်ပ စီးပွားရေးခေါင်းဆောင်တွေနဲ့ သိပ္ပံပညာရှင်တွေပါဝင်တဲ့ Research, Innovation and Enterprise Council (RIEC) ရဲ့ အကြံပေးအရာရှိဖြစ်ပါတယ်။ Uber ၊ Redmart နဲ့ Airbnb တွေလို ဈေးကွက်မှာ အောင်မြင်ကျော်ကြားချင်ရင်တော့ The Innovator's Dilemma ကို အသေးစိတ်ဖတ်ကြည့်လိုက်ပါ။

influence

Influence: The Psychology of Persuasion by Robert B. Cialdini

------------

အောင်မြင်လိုတဲ့ အသေးစားစီးပွားရေးလုပ်ငန်းရှင်တိုင်း ဈေးကောင်းကောင်း ရောင်းတတ်ဖို့လိုပါတယ်။ ရောင်းအားကောင်းမယ့် နည်းလမ်းတွေကို ရှာဖွေနေပြီဆိုရင်တော့ Cialdini ရဲ့ ဆွဲဆောင်မှုနည်းနာ ခြောက်ခုကို လေ့လာဖို့လိုပါပြီ။

dilbert

The Dilbert Principle: A Cubicle's-Eye View of Bosses, Meetings, Management Fads and Other Workplace Afflictions by Scott Adams

--------------

တယ်လီဖုန်းကုမ္ပဏီတစ်ခုမှာ ကိုးနှစ်ကြာအလုပ်လုပ်ခဲ့တဲ့ Scott Adams ဟာ သူ့ရဲ့လုပ်ငန်းအတွေ့အကြုံတွေ၊ လေ့လာတွေ့ရှိချက်တွေကို ပီပီပြင်ပြင် ရေးသားထားတာဖြစ်ပါတယ်။ ဒီစာအုပ်အောင်မြင်ကျော်ကြားရတဲ့ အဓိကအကြောင်းရင်းကတော့ Adams ရဲ့ တွေ့ရှိချက်တွေဟာ တကယ်ကိုမှန်ကန်ပြီး အသုံးဝင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ကုမ္ပဏီပိုင်ရှင်တစ်ဦးအနေနဲ့ ကိုယ့်လုပ်ငန်းကို ပိုမိုတိုးတက်စေချင်ရင်တော့ ဒီစာအုပ်က စာအုပ်ကောင်းတစ်အုပ်ပါပဲ။

လင်းနေခြည်