မြန်မာနိုင်ငံက လက်ရှိဖြစ်ပေါ်နေတဲ့ သတင်းအချက် အလက်လိုအပ်မှုကဏ္ဍအတွက် ပညာရှင်၊ လုပ်ငန်းရှင်နဲ့ Industry Expert တွေ အားလုံးပူးပေါင်းကာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုကိုယူပြီး ပြောင်းလဲရေး လုပ်ငန်းစဉ်ထဲ တစ်ဖက်တစ်လမ်း တစ်ထောင့်တစ်နေရာကနေ ဝင်ကူညီနေနဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Information Startegies for Societies in Myanmar Project ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Information Symposium ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ရန်ကုန်မြို့၊ Strand Hotel မှာ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ Panel ၆ ခု ပါဝင်ပြီး နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေ ၃၀ ကျော်က အတွင်းကျကျ ဝင်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ပွဲမှာ Marketplace of Ideas ဆိုတဲ့ ကဏ္ဍလည်း ပါဝင်ခဲ့ပြီး အဖွဲ့အစည်းအသီးသီးက သူတို့ရဲ့လက်ရှိလုပ်ငန်းစဉ်တွေကိုလည်း ပွဲတက်ရောက်လာကြသူများကို ပြသခဲ့ပါတယ်။
Information Startegies for Societies in Myanmar Project - အသွင်ကူးပြောင်းဆဲ လူ့အဖွဲ့အစည်းများအတွက် သတင်းအချက်အလက် မဟာဗျူ ဟာများ စီမံကိန်းဆိုတာက မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့စီးပွားရေးအရ ယှဉ်ပြိုင်မှုအများဆုံးဒေသတွင်း အမီလိုက်ရင်ပေါင်တန်းနိုင်အောင် ကြိုးပမ်းတဲ့နေရာမှာ တွေ့ရတဲ့စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ဆောင်ရွက်လျက်ရှိတာဖြစ်တယ်လို့ သိရပါတယ်။
ဒီစီမံကိန်းမှာ အဓိကအစိတ်အပိုင်း ၄ ခု ပါဝင်ပြီး ပထမတစ်ခုကတော့ ထိရောက်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ သတင်းရလဒ်တွေ ပုံစံပြုရေးနဲ့ အကောင်အထည်ဖော်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ မီဒီယာများ၊ အစိုးရဝန်ကြီးဌာနများနှင့် ပညာရှင်အဖွဲ့များတွင် အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်တည်ဆောက်ခြင်း၊ ဒုတိယအနေနဲ့ မိုဘိုင်းသုတပညာကျွမ်းကျင်မှု သင်ရိုးညွှန်းတမ်းပြုစုရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ တတိယအနေနဲ့ ယုံကြည်ထိုက်သော သတင်းဗဟိုချက်များအဖြစ် အကျိုးပြုရေးအတွက် ပြည်သူ့စာကြည့်တိုက်များ၏ စွမ်းရည်ဖွံ့ဖြိုစေခြင်းနဲ့ စတုတ္ထအနေနဲ့ မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်နှင့်သတင်းစိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်သော လမ်းကြောင်းသစ်များ ဖြစ်ပေါ်ရေးအတွက် Web Portal တစ်ခု စမ်းသပ်ဆောင်ရွက်ခြင်းတို့ဖြစ်တယ်လို့ သိရပါတယ်။
ဒီပွဲကို စီစဉ်သူ Myanmar Book Aid and Preservation Foundation ရဲ့ Managing Director ဒေါက်တာ သန့်သော်ကောင်းကိုလည်း ပွဲလုပ်ဖြစ်ရတဲ့အကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲက ဆွေးနွေးမှုအကြောင်းအရာတွေကို တက်ရောက်ခဲ့သူများ၊ စီစဉ်သူများက တတ်အားသရွေ့https://www.facebook.com/groups/MyanmarInformationSympo-sium/ ဆိုတဲ့ Group မှာလည်း ပွဲက ဆွေးနွေးပွဲဆိုင်ရာအကြောင်းအရာနဲ့ Update တွေကို ဖော်ပြပေးထားတာမို့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ဒေါက်တာသန့်သော်ကောင်း
Executive Director
Myanmar Book Aid and Preservation Foundation (MBAPF)
Information Symposium ကို ဇန်နဝါရီလ ၂၈ နဲ့ ၂၉ ရက်တွေမှာ လုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကြီးမှာ သတင်းအချက်အလက်နဲ့ လုပ်ကိုင်နေတဲ့ Industry အစုံရှိပါတယ်။ ICT ပိုင်းကလူတွေ၊ Libarian တွေလည်း ပါပါတယ်။ မီဒီယာတွေ၊ Research Firm တွေ၊ အစိုးရဝန်ကြီးဌာနတွေ၊ သတင်းအချက်အလက်နဲ့ နည်းပညာ ဝန်ကြီးဌာန ဒီသက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ သူတို့သက်ဆိုင်ရာအလိုက် ဆွေးနွေးပွဲတွေ လုပ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီလိုကဏ္ဍအားလုံးပါတဲ့ ဆွေးနွေးပွဲကိုလုပ်ဖို့အတွက် ဒီပွဲကို စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ Sector တစ်ခုမှာ တွေ့ကြုံနေရတဲ့အခက်အခဲနဲ့ နောက် Sector တစ်ခုမှာ တွေ့ကြုံနေရတဲ့ အခက်အခဲ တူညီနေတာတွေ ရှိပါတယ်။ ဒီလိုအရာတွေကို ကျွန်တော်တို့ သိခြင်းအားဖြင့် Sector တစ်ခုကနေ နောက် Sector တစ်ခုကို ဒီလိုအခက်အခဲတွေကို ဘယ်လိုကျော်လွှားနိုင်အောင် လုပ်ပေးနိုင်မလဲ၊ ဘာအခက်အခဲတွေရှိသလဲ သိချင်ပါတယ်။ ဒါတွေကို ဆွေးနွေးပြီး ဘယ်လိုကျော်လွှားကြမလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ ဥပမာ- ကျွန်တော်တို့ စာကြည့်တိုက်မှူးတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ICT ဘက်ကနေ ဘယ်လိုပံ့ပိုးပေးမလဲ၊ အင်တာနက်တွေရှိပေမယ့် အင်တာနက်တွေ ဈေးသက်သာအောင် ဘယ်လိုလုပ်ပေးလို့ရမလဲ စသဖြင့် အကြောင်းအရာတွေကို ဝိုင်းဝန်းဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော် နမူနာအနေနဲ့ ပြောပြတာဖြစ်ပါတယ်။ Panel ပေါင်းခြောက်ခုရှိပြီး ဒီဆွေးနွေးပွဲက လက်ရှိလုပ်နေတဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ကျွန်တော်တို့ Project ကတော့ Information Strtegies for Societies in Transition ဆိုတဲ့ Project ဖြစ်ပါတယ်။ ဒီ Project ကို အဓိက ပံ့ပိုးပေးတာကတော့ USAID ၊ Microsoft ၊ Bill & Melinda Gates Foundation ၊ Tableau Foundation ၊ Asia Foundation တို့ ပါဝင်ပါတယ်။ ဒီ Project ကို အကောင်အထည်ဖော်နေတာကတော့ Myanmar Book Aid and Preservation Foundation ၊ Enlightened Myanmar Research နဲ့ University of Washington တို့ပဲ ဖြစ်ပါတယ်။
အယ်ဒီတာအဖွဲ့