News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
IHI Corporation ရဲ့ ရန်ကုန်ရုံးခွဲဖွင့်လှစ်ခြင်းအခမ်းအနားနှင့် သတင်းစာ ရှင်းလင်းပွဲကျင်းပ
Editorial
October 30, 2014
Local News
News
trade&investment
IHI Corporation ရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ IHI Asia Pacific Pte. Ltd က ရန်ကုန်ရုံးခွဲဖွင့်လှစ်ခြင်းနဲ့ သတင်းစာရှင်းလင်းပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်က ရန်ကုန်မြို့၊ Sule Shangri-La မှာ ကျင်းပခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ IHI ရဲ့ ဒုတိယဥက္ကဋ္ဌ Mr. Fusayoshi Nakamura က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ Mr. Fusayoshi Nakamura က တိုးတက်ဖို့ အားယူနေတဲ့ မြန်မာနိုင်ငံမှာ စင်ကာပူ-အာရှပစိဖိတ်ဒေသကို တာဝန်ယူထားတဲ့ IHI Asia Pacific Pte. Ltd က ရုံးခွဲဖွင့်လှစ်တာဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ အခုလိုမြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ ရုံးခွဲဖွင့်လှစ်နိုင်တာကို ဝမ်းသာကြောင်း၊ မြန်မာ-ဂျပန်ဆက်ဆံရေး နှစ် ၆၀ ပြည့်မှာ ဖွင့်လှစ်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။ IHI Group ဟာ အရှေ့တောင်အာရှမှာ စက်ရုံသုံးခုနဲ့ ကုမ္ပဏီရုံးခွဲပေါင်း ၁၈ ခုရှိကြောင်း၊ ကုမ္ပဏီရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၆၀ ရှိပြီး အခုလက်ရှိ ဝန်ထမ်းပေါင်း ၂၇,၀၀၀ ကျော်ဖြင့် သဘာဝသယံဇာတ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှုအခြေခံ အဆောက်အအုံ၊ ပင်လယ်ရေကြောင်း၊ စက်မှုကုန်ထုတ်လုပ်မှုစနစ်၊ အမျိုးမျိုးသော စက်သုံးကိရိယာများ၊ လေကြောင်း၊ အာကာသ ကာကွယ်ရေး အစရှိတဲ့ လုပ်ငန်းများကို ထွက်ကုန်နဲ့ ဝန်ဆောင်မှုများကို လုပ်ဆောင်နေကြောင်းလည်း ပြောပြခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ လယ်ယာကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ အစရှိတဲ့ ကဏ္ဍအသီးသီးကို ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း၊ အခုလက်ရှိမှာ Gas Turbine Power Station လုပ်ငန်းခွင်ရဲ့ စက်ပစ္စည်းတွေ တပ်ဆင်ခြင်း၊ ပြု ပြင်ထိန်းသိမ်းခြင်း၊ လယ်ယာသုံးစက်ပစ္စည်းများ ပံ့ပိုးပေးခြင်း၊ ရထားတွဲများ ပြု ပြင်ထိန်းသိမ်းခြင်းဆောင်ရွက်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောပြခဲ့ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း