ခေတ်မီပြည့်စုံတဲ့ မြန်မာ့ပထမဆုံး အလှအပနဲ့ကျန်းမာရေးစင်တာ HLA Lifestyle Wellness Centre ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်က ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ HLA Lifestyle Group ဥက္ကဋ္ဌ Mr. Felix Chen က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဟောင်ကောင်ထိပ်တန်းအလှကုန်လုပ်ငန်း CMM International Group တည်ထောင်သူ ပါမောက္ခ Cheng Ming Mingနဲ့ Miss Asia အလှမယ်ဟောင်း ဟောင်ကောင်မင်းသမီး Candy Law တို့လည်း တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။ HLA အလှအပနဲ့ကျန်းမာရေးစင်တာဟာ စတုရန်းမီတာ ၅၀၀၀ကျယ်ဝန်းပြီး၊ အင်းလျားကန်အ လှအပကို စီးမိုးရှုမြင်နိုင်တဲ့ ၃ ထပ်အဆောက်အဦးနှစ်ခု ပါဝင်ပါတယ်။ အာရှရိုးရာ ဆေးပညာကုထုံးနဲ့ နောက်ဆုံးပေါ်ခေတ်မီနည်းပညာပေါင်းစပ်ထားတဲ့ ကျန်းမာရေးနဲ့ အလှအပကုထုံးများ၊ Spa & Hair Treatment ၊ ခေတ်မီ အဆီချနည်းများအပြင် နိုင်ငံခြားဘာသာ စကားကျွမ်းကျင်ဝန်းထမ်းများရဲ့ ဝန်ဆောင်မှုနဲ့အတူ ဆန်းသစ်တဲ့ အလှအပဖန်တီးမှုများ ရရှိနိုင်မှာဖြစ်ပါတယ်။
အာဟာရပြည့်ဝပြီး အဆိပ်အတောက်ကင်းစင်တဲ့ အစားအစာတွေကို Rooftop Restaurant မှာ အလွယ်တကူမှာယူရရှိနိုင်ပြီး၊ ပွဲအခမ်းအနားကျင်းပလိုသူတွေအတွက်လည်း သီးသန့်ဝန်ဆောင်မှုပေးပါတယ်။ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ အလှပြုပြင်ရင်း အပန်း ဖြေအနားယူလိုသူတွေအတွက် VIP ခန်းသီးသန့်ရှိသလို၊ စိတ်တိုင်းကျ လွတ်လပ်စွာအပန်းဖြေနိုင်ဖို့အတွက် ကလေးထိန်းစင်တာများလည်း ရှိပါတယ်။
HLA ကျန်းမာရေးနဲ့ အလှအပစင်တာနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုပါက www.hlalifestyle.com နဲ့ HLA Lifestyle Wellness Centre Facebook Page တို့မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
Photo Credit - HLA