နှလုံးသွေးကြောရောဂါတွေထဲမှာ အတွေ့ရဆုံးရောဂါလက္ခဏာကတော့ Angina Pectons yg/ Angina (အန်ဂျိုင်နာ) ရောဂါလို့လည်း ခေါ်ပါတယ်။ ရှင်းရှင်းပြောရရင်တော့ ''ရင်ဘတ်အောင့်ခြင်း'' (နှလုံးအောင့်ခြင်း) ပါ။ Angina ဆိုတာ နှလုံးသွေးကြောရောဂါတွေကြောင့် ရင်ဘတ်ထဲမှာ မအီမသာ၊ လေး လံပြီး၊ တစ်ခုခုနဲ့ညှစ်ထားသလို၊ ဖိထားသလို၊ ပြည့်ပြည့်ကြီးဖြစ်နေတာ၊ မီးစနဲ့ထိုးလိုက်သလိုမျိုး နာကျင်တဲ့ ခံစားမှုမျိုးတွေပါ။ တစ်ခါတလေ အစာမကြေတာနဲ့ မှားနိုင်ပါသေးတယ်။
Angina ဟာ ရင်ဘတ်ထဲမှာပဲ အောင့်တတ်ပေမယ့် တစ်ခါတလေ ပခုံး၊ လက်မောင်း၊ လည်ပင်း၊ မေးရိုးနဲ့ ကျောကုန်းတွေမှာလည်း အောင့်တတ်ပါသေးတယ်။
ဒီလိုလက္ခဏာတွေခံစားနေရပြီဆိုရင် အမှုမဲ့ အမှတ်မဲ့ မနေပါနဲ့။ အရင်က နှလုံးရောဂါတစ်ခါမှမဖြစ်ဖူး ခဲ့ရင် ကုသမှုကို ချက်ချင်းခံယူရပါမယ်။ ရင်ဘတ်အောင့် ရောဂါ အရင်ကဖြစ်ဖူးရင်တော့ ဆရာဝန်တွေက ညွှန်ကြားထားတဲ့ဆေးတွေကို သောက်ပြီး ရောဂါလက္ခဏာ ပိုဆိုးလာသလား၊ အရင်ကအောင့်သလိုမျိုး ပဲလားဆိုတာ ပြန်ပြီး ဆန်းစစ်ရပါမယ်။
နှလုံးအောင့်ခြင်းဖြစ်ပွားရမှု၏အကြောင်းရင်း
နှလုံးအောင့်ခြင်းဟာ နှလုံးကို ထောက်ပံ့ပေးတဲ့ သွေးကြောတွေမှာသွေးလည်ပတ်မှု လျော့နည်းသွားတာကြောင့်ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ သွေးလည်ပတ်မှုနည်း သွားရင် အောက်စီဂျင်နဲ့ အခြားလိုအပ်တဲ့ဓာတ်တွေကို လုံးကြွက်သွားတွေဆီ ပို့ဆောင်မှုနည်းသွားပါတယ်။ လောင်စာအဖြစ်အသုံးပြုရတဲ့ အောက်စီ ဂျင်ရရှိမှုနည်းသွား တဲ့အတွက် နှလုံးကြွက်သားတွေဟာ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ သွေးလည်ပတ်မှုပုံမှန်ဖြစ်စေဖို့အတွက် အောက်စီဂျင်လောက် စွမ်းဆောင်အားမရှိတဲ့ အခြားလောင်စာမျိုးတွေ အသုံးပြုရပါတယ်။ စွမ်းအင်ရရှိမှုနည်းတဲ့ လောင်စာတွေကို အသုံးပြုပြီးထွက်ရှိလာတဲ့ လက်တစ်အက်စစ်လို့ခေါ်တဲ့ ဒြပ်ပေါင်းဟာ နှလုံးကြွက် သားတွေမှာ စုပုံသွားပြီး နာကျင်ခြင်း၊ နှလုံးအောင့်ခြင်းကို ဖြစ်စေပါတယ်။ အဲဒါကြောင့် ရင်ဘတ်အောင့်ခြင်းကို ကုသတဲ့ဆေးအချို့ဟာ ထိုစွမ်းအင်ရရှိမှုနည်းတဲ့ လောင် စာအသုံးပြုမှုကို ဟန့်တားတဲ့ ဆေးတွေပါ။
Angina ရောဂါဘယ်နှမျိုးရှိသလဲ
ရင်ဘတ်အောင့်ခြင်း (Angina) ရောဂါဟာ အမျိုး အစား ၃ မျိုးရှိပါတယ်။
၁။ တစ်သမတ်တည်းတည်ငြိမ် ရင်ဘတ်အောင့်ခြင်း(Stable Angina)
နာကျင်မှုဟာကြိုတင်ခန့်မှန်းနိုင်ပြီးတော့ လှုပ်လှုပ် ရှားရှားလုပ်ကိုင်မှ၊ ဒါမှမဟုတ် စိတ်ခံစားမှုပြင်း ထန်သွား တဲ့အခါမျိုးမှသာ ဖြစ်ပွားတတ်ပါတယ်။ နားလိုက်ပါကလည်း နာကျင်မှုဟာ သက်သာ ပျောက်ကွယ် သွားပါ တယ်။
၂။ တစ်သမတ်တည်းမဟုတ်တည်ငြိမ်မှု မရှိသောရင်ဘတ်အောင့် ခြင်း(Unstable angina)
ဒီအမျိုးအစားဟာ နှလုံးဖောက်ခါနီး အချက်ပြ အဖြစ်တောင်မှတ်ယူလို့ရပါတယ်။ ပုံမှန်ရင်ဘတ်အောင့် ချိန်မှာ ခံစားရတဲ့နာကျင်မှုနဲ့လည်း မတူပါဘူး။ (Unstable angina) ဟာ ပုံမှန်ထက် မကြာခဏပိုဖြစ်တတ်ခြင်း၊ လှုပ် ရှားရင်လည်း အောင့်ခြင်း၊ နားရင်လည်း အောင့်ခြင်း၊ ရင်ဘတ်အောင့်ခြင်းဟာ ပိုပိုဆိုးလာခြင်း၊ အောင့်ချိန်ပိုကြာမြင့် လာခြင်းများဖြစ်တတ်ပါတယ်။ ဆေးသောက်လိုက်ရင် သက်သာသွားနိုင်တယ်ဆိုပေမဲ့ Unstable Angina ဟာ နှလုံးဖောက်တဲ့ထိ ဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် ပိုမိုပြီး ဂရုတစိုက်ကုသမှု၊ ဆေးသောက်သုံးမှုတွေလိုအပ်ပါ တယ်။
၃။ Prinzmetal's Angina
ဒီ Angina အမျိုးအစားဟာ နားနေချိန်မှာဖြစ်ဖြစ်၊ အပူချိန်လျော့နည်းပြီး အေးတဲ့အချိန်မျိုးမှာဖြစ်ဖြစ် နှလုံးအောင့်ခြင်းပါ။ နှလုံးသွေးကြောတွေမှာ ကျုံ့သွားပြီး နှလုံး ကြွက်သားတွေဆီ သွေးလည်ပတ်မှုနည်း သွားခြင်းကြောင့် ရင်ဘတ်အောင့်ခြင်းလက္ခဏာတွေဖြစ်လာတာပါ။ ဒီရင်ဘတ် အောင့်ခြင်းဟာ များသော အားဖြင့် နှလုံးသွေးကြောရောဂါ ရှိတဲ့သူတွေမှာ အဖြစ်များပါတယ်။၊ သွေးကြောကျုံ့သွား တာဟာ ပိတ်လုနီးနီး လောက်ထိပါ။
နှလုံးရောဂါမရှိဘဲနဲ့ရော ရင်ဘတ်အောင့်ခြင်းဖြစ်နိုင်လား။
ရင်ဘတ်အောင့်ခြင်း၊ နှလုံးအောင့်ခြင်းဟာ လုံးရောဂါမရှိဘဲနဲ့လည်း ဖြစ်နိုင်ပါတယ်။ နှလုံးအောင့် ရောဂါသည် ၃၀ ရာခိုင်နှုန်းလောက်ဟာ နှလုံးအဆို့ရှင် ကျဉ်းနေတဲ့ရောဂါကြောင့် နှလုံးသွေးကြောတွေမှာ သွေးစီးဆင်းမှုနည်းသွားပြီး အောင့်ရခြင်းဖြစ်ပါတယ်။ သွေးအားနည်း ရောဂါရှိတဲ့သူတွေမှာလည်း သွေးထဲမှာ အောက်စီဂျင်လုံလုံ လောက်လောက် မပါတဲ့အတွက် ရင်ဘတ်အောင့်တတ်ပါတယ်။ ပြီးတော့ နှလုံးကြွက်သားထူတဲ့သူတွေရဲ့ နှလုံးဟာ အောက်စီဂျင်ပိုလိုတဲ့အတွက် လုံလောက်မှုမရှိရင် အောင့်တတ် ပါတယ်။
ရင်ဘတ်အောင့်ခြင်းကို ဘယ်လိုအကဲဖြတ်စမ်းသပ်မလဲ
ရင်ဘတ်အောင့်ခြင်းအတွက် ဆရာဝန်ကရောဂါလက္ခဏာတွေနဲ့ ဘယ်အရာတွေက ရင်ဘတ်အောင့် စေတတ်သလဲဆိုတာ မေးခွန်းတွေမေးပါတယ်။ စမ်းသပ်ပြီးတာနဲ့ ရင်ဘတ်အောင့်ခြင်းဖြစ်ပွားစေတဲ့ ရောဂါတွေနဲ့ နှလုံးသွေး ကြောတွေရဲ့အခြေအနေကို သိရှိဖို့အတွက် ဆရာဝန်က စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပါလိမ့်မယ်။ အဲဒီစမ်းသပ်မှုတွေကတော့
- လှုပ်ရှားမှုခံနိုင်ရည်စမ်းသပ်မှု (Exercise stress test)
- ECG
- Stress Imaging Test
- Echocardigram (အသံလှိုင်းဖြင့် နှလုံးဓာတ်မှန်ရိုက်ခြင်း)
- နှလုံးသွေးကြောပြွန်ထဲထည့်စမ်းသပ်မှု (Cardiac catheterization)
ရင်ဘတ်အောင့်ခြင်းကို ဘယ်လိုကုသမလဲ
ရောဂါကုသမှုဟာဖြစ်ပွားရတဲ့အကြောင်းအရင်းရဲ့ ဆိုးရွားမှု အနည်းအများ၊ နှလုံးအပေါ်ထိခိုက်မှု ပမာဏတွေပေါ်မှာ မူတည်ပါတယ်။ သိပ်မပြင်းထန်တဲ့ ရင်ဘတ်အောင့် ဝေဒနာရှင်တွေ အတွက် ဆေးသောက်ခြင်းနဲ့ နေထိုင်မှုပုံစံပြောင်းလဲလိုက်ခြင်းက ရောဂါဝေဒနာကို သက်သာအောင် ထိန်းချုပ်နိုင်ပါတယ်။ နေထိုင်မှုပုံစံပြောင်းလဲခြင်းဆို တာအာဟာရပြည့်ဝတဲ့အစားအသောက်စားတာ၊ အဆီကျဖို့အတွက် လေကျင့်ခန်း မှန်မှန်လုပ်တာ၊ ဆေးလိပ်ဖြတ်တာ၊ သွေးချို ဆီးချိုထိန်းတာ၊ သွေးပေါင် ချိန်ပုံမှန်ထိန်းတာတွေပါ။ ကုသတဲ့ ဆေးတွေဟာ နှလုံးကြွက်သားတွေဆီ အောက်ဆီဂျင်ပို့ဆောင် မှုများအောင် စွမ်းဆောင်ခြင်း၊ ဒါမှမဟုတ် နှလုံး၏အောက်စီဂျင်လိုအပ်မှုကို လျော့ချခြင်းတို့နဲ့ ရင်ဘတ်အောင့်ခြင်းရဲ့ လက္ခဏာဝေဒနာတွေကို သက်သာစေပါတယ်။ ဒီလိုဆေးတွေကတော့-
- Beta-blockers
- Nitrates
- Calcium channel blockers တို့ပဲ ဖြစ်ပါတယ်။
နှလုံးဆီကိုသွေးရောက်မှုကိုပိတ်သွားစေနိုင်တဲ့ သွေးခဲခြင်းကို ဟန့်တားပေးနိုင်တဲ့ဆေးမျိုးတွေ လည်းရှိ ပါသေးတယ်။ ဒီဆေးတွေဟာ သွေးမခဲဆေး (Antiplatelet medications) တွေပဲ ဖြစ်ပါတယ်။
ပိုမိုဆိုးရွားပြင်းထန်တဲ့ရင်ဘတ်အောင့်ခြင်းအတွက် ပိတ်နေတဲ့သွေးကြောတွေကိုလမ်းကြောင်းပွင့်စေဖို့ ခွဲစိတ်ကုသမှုတွေလိုပါတယ်။ ဒါတွေကတော့
- သွေးကြောလမ်းကြောင်းဖွင့်ခြင်း(Angioplasty)
- ပြွန်ထည့်၍သွေးကြောဖွင့်ခြင်း (Stenting)
- သွေးကြောပိတ်နေသောနေရာကို လမ်းကြောင်းလွှဲ၍ ရောက်ရှိစေခြင်း (Coronary Artery by Pass gratting (CABG) Surgery တို့ဖြစ်ပါတယ်။
နှလုံးအောင့်ရင် ဘာလုပ်သင့်သလဲ
- ဘယ်လိုနှလုံးအောင်ခြင်းအမျိုးအစားမဆို လုပ်နေတာ တွေ ရပ်ပြီးအနားယူရပါမယ်။
- အရင်က Angina ရောဂါအတွက် Glyceryl Trinitrate လို့ခေါ်တဲ့ ဆေးနဲ့ကုသဖူးရင် အဲဒီဆေးကို လျာအောက်မှာတစ်ချက်နှစ်ချက် ဖြန်းလိုက်ပါ။ ဆေးလုံးဆိုရင် လျာအောက်မှာ ထားပြီးငုံထားလိုက်ပါ။
- အနားယူပြီး ဆရာဝန်ပေးထားတဲ့ Glyceryl Trinitrate ဆေးသောက်တာတောင် ရင်ဘတ်အောင့် နေသေးရင် အနီးဆုံး အရေးပေါ် (ကုသမှု) ဌာနရှိရာကို အမြန်ဆုံး သွားသင့်ပါတယ်။
- တကယ်လို့ပိုဆိုးလာပြီး နှလုံးဖောက်တယ်လို့ထင်ရင် အချိန်မဆွဲဘဲအရေးပေါ် အကူအညီခေါ်ရပါမယ်။ ဆေးရုံသွားရင်လည်း ကားကို ကိုယ်တိုင်မောင်းမသွား သင့်ပါဘူး။ အမြန်ဆုံးကုသခြင်းက နှလုံးထိခိုက် ပျက်စီး မှုပမာဏကို နည်းသွားစေနိုင်ပါတယ်။
- သင့်မှာ ရင်ဘတ်အောင့်ရောဂါ (Angina) ရှိနေပြီဆိုရင် Glyceryl Trinitratesျ ဆေးကိုသွားလေရာ တစ်ပါတည်း ယူဆောင်သွားသင့်ပါတယ်။ ဘယ်အချိန်မှာ လိုအပ်လာ မလဲဆိုတာ ဘယ်သူမှ မသိနိုင်လို့ပါ။
သွင်ထူး