ဘယ်အချိန်မှာ ရေချိုးသင့်သူလဲ

ကိုယ်က ညမှာရေချိုးတတ်တဲ့လူလား နေ့ဘက်ရေချိုးတတ်သူလားဆိုတာ လူတိုင်းရဲ့တစ်နေ့တာ ဘဝဖြတ်သန်းမှုအပေါ် မူတည်ပြီး မတူညီကြပါဘူး။

ကိုယ့်ရဲ့အလုပ်သဘောသဘာဝ၊ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ဒေသနဲ့ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး လူတိုင်းရဲ့ ရေချိုးချိန်တွေက ကွဲပြားတတ်ပါတယ်။

မနက်ပိုင်းရေချိုးတာကောင်းတယ်လို့ ပြောတဲ့သူတွေ ရှိသလို၊ ညပိုင်းချိုးသင့်တယ်ဆိုတဲ့ အကြံပေးမှုတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ ဘယ်လိုလူမျိုးတွေက ဘယ်လိုအချိန်မှာ ရေချိုးသင့်တယ်ဆိုတာကို သိပ္ပံနည်းကျတွက်ချက်ထားတာတွေ ရှိနေပါတယ်။ ဒါတွေကို လေ့လာနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

dec2017health

မနက်ပိုင်းရေချိုးသင့်သူတွေ

-----------------

အဆီပြန်တတ်တဲ့ အရေပြားရှိတယ်ဆိုရင် ညအထိစောင့်မနေဘဲ မနက်ကတည်းက ရေချိုးတာဟာ ပိုမိုကောင်းမွန်ပါတယ်။ အဆီပြန်လွယ်သူတွေအတွက် မနက်ပိုင်းရေချိုးခြင်းက အကောင်းဆုံးပါပဲ။ တစ်ညလုံးမှာ စုလာတဲ့အဆီတွေကို ရေချိုးလိုက်ခြင်းကြောင့် အဆီတွေကို ချွေးပေါက်လေးတွေထဲကနေ ဆေးကြောပြီးသား ဖြစ်သွားပါတယ်။

တီထွင်ကြံဆတတ်တဲ့ လူမျိုးတွေ

-----------------------

ကိုယ့်အလုပ်က တီထွင်ကြံဆမှုတွေ အမြဲလုပ်နေရတယ်။ ရေချိုးခြင်းက စိတ်လေ့ကျင့်ခန်းပြုလုပ်ရသလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ Alpha ဦးနှောက်လှိုင်းထဲကို ရောက်ရှိသွားလို့ပါ။ ဒီအခြေအနေဟာ ကိုယ့်ကိုပြည့်စုံတဲ့ အတွေးအခေါ်အသစ်တွေ ဖန်တီးပေးနေပါတယ်။ ဒါကြောင့် ကိုယ့်တစ်နေ့တာကို မနက်ပိုင်းကို ရေချိုးပြီး စတင်တာမျိုး ပြုလုပ်သင့်ပါတယ်။

မနက်ပိုင်းအိပ်ရာထဖို့ ခက်ခဲနေတတ်သူ

-----------------------

မနက်စောစောအိပ်ရာမထချင်သလို အစောကြီးထရင် ထိုင်းမှိုင်းနေတတ်သူမျိုးတွေကလည်း မနက်ပိုင်းရေချိုးသင့်သူတွေပါပဲ။

မနက်စောစော ရေချိုးခြင်းက လန်းဆန်းစေမှာပါ။ ဇီဝကမ္မဖြစ်စဉ်တွေကိုပါ နိုးထစေမှာပါ။ နောက်ထပ် လေ့လာတွေ့ရှိချက်အရတော့ မနက်ပိုင်းရေချိုးတဲ့အချိန် ရေနွေးနွေးနဲ့ချိုးပြီးခါနီးမှာ ရေအေးနဲ့ချိုးတာက တစ်ရက်တာလုံးမှာ လန်းဆန်းမှုပိုမိုပေးစွမ်းနိုင်ပါတယ်။

မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်တဲ့သူ

-------------

ဒါဆိုရင်တော့ ညပိုင်းမှ ရေချိုးတာဟာ သိပ်အဓိပ္ပာယ်မရှိတော့ပါဘူး။ မနက်စောစော ၆ နာရီလောက်ထပြီး လေ့ကျင့်ခန်းလုပ်တယ်ဆိုရင်တော့ ဆော့ပြီးတာနဲ့ ရေချိုးလိုက်ပါ။

နှုတ်ခမ်းမွေးရိတ်တဲ့အချိန်မှာ ဒဏ်ရာရတတ်တဲ့သူ

--------------------

ဒါဆိုရင်တော့ စိတ်ရှည်တတ်တဲ့လူမျိုး မဟုတ်ပါဘူး။ လေ့လာချက်တွေအရတော့ သွေးခဲစေတဲ့ Platelet တွေဟာ မနက်ပိုင်းမှာ ပိုအလုပ်လုပ်ပါတယ်။ ဒါဆိုရင် မနက်ရေချိုးရင်း နှုတ်ခမ်းမွေးရိတ်တဲ့အခါ ထိခိုက်မိရင်တောင် သွေးတိတ်ဖို့ ပိုမြန်စေမှာပါ။

ညနေပိုင်းရေချိုးသင့်သူတွေ

~~~~~~~~

အိပ်စက်ခြင်းမှာ အခက်အခဲရှိတဲ့သူ

----------------

မနက်ပိုင်းရေချိုးလိုက်ရင် လန်းဆန်းစေတယ်လို့ ပြောခဲ့ပါတယ်။ ညဘက်မှာတော့ ပြောင်းပြန်ဖြစ်ပါတယ်။ ရေချိုးပြီး လျင်မြန်စွာအေးသွားစေတဲ့ အချက်ဟာ အိပ်စက်ဖို့များစွာ ထောက်ပံ့ပေးတယ်လို့ Martha Jefferson Hospital က M.D Christopher Winter က ပြောပါတယ်။

အသားအရေခြောက်သွေ့တဲ့သူ

---------------

အသားအရေခြောက်သွေ့တတ်တယ်ဆိုရင်တော့ အလုပ်တွေပြီးမှ ရေချိုးတာပိုမိုကောင်းမွန်ပါတယ်။ မနက်ပိုင်း ရေချိုးတာကို အဆီပြန်တတ်တဲ့ အသားအရေရှိသူတွေမှာပဲ ပြုလုပ်ဖို့ အကြံပြုချင်ပါတယ်။

နေ့စဉ်လုပ်ငန်းဆောင်တာတွေဟာ မသန့်ရှင်းတဲ့အရာတွေနဲ့ ထိတွေ့ရတဲ့အလုပ်မျိုးဖြစ်သူ

---------------

ကိုယ့်အလုပ်ဟာ နေရောင်အောက်မှာ တောက်လျှောက်လုပ်နေရတာမျိုးဆိုရင်တော့ မအိပ်စက်ခင်မှာ ချွေးတွေနဲ့ ခန္ဓာကိုယ်ဟာ အရေပြားရောဂါရနိုင်တာမို့ ဆေးကြောသင့်ပါတယ်။

ဒါပေမဲ့ ရုံးလုပ်ငန်းလုပ်ကိုင်သူဆိုရင်တောင် ခရီးလမ်းမှာ အချိန်များစွာ ကုန်ဆုံးမှာပါပဲ။ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ညစ်ပတ်တဲ့ ဖုန်အမှိုက်တွေဟာ အရေပြားချွေးပေါက်တွေဆီမှာ ကပ်လာနိုင်ပါတယ်။

နေ့ခင်း ဒါမှမဟုတ် ညနေမှာ လေ့ကျင့်ခန်းပြုလုပ်သူ

--------------------

ညနေမှာ Zumba သင်တန်းတက်ပြီး ချွေးစိုနေတဲ့မျက်နှာနဲ့ အိပ်ရာဝင်မှာမဟုတ်တာတော့ သေချာပါတယ်။ တကယ်လို့ ညနေဘက်လေ့ကျင့်ခန်းပြုလုပ်သူဆိုရင်တော့ သန့်ရှင်းရေးလုပ်ပြီးမှ အိပ်ရာဝင်တာ ပိုကောင်းပါတယ်။

အဒိုနီရမ်