ရေးသူ - Harvard Business Review
စာမျက်နှာ - ၁၉၂ မျက်နှာ၊ ကတ်ထူဖုံး
ထုတ်ဝေသူ - Harvard Business Review (14-1-14)
ISBN - 10:1422196011
ISBN - 13:978-1422196014
Harvard Business Review မှာ ပါဝင်ခဲ့တဲ့ ဆောင်းပါးများကို စုစည်းတင်ပြထားတာဖြစ်တယ်။ လုပ်ငန်းခွင်မှာ စိတ်ကျဉ်းကျပ်မှု (Stress) ခံစားနေရရင် ဘယ်လိုလုပ်ရမလဲဆိုတာကို လက်တွေ့ဆောင်ရွက်နိုင်တဲ့ အကြံပေးချက်တွေနဲ့ ဖော်ပြထားပါတယ်။ ဥပမာ - စိတ်ကျဉ်းကျပ်မှုကို ရေရှည် ဘယ်လိုကိုင်တွယ် ဆောင်ရွက်ရမလဲဆိုတဲ့ အကြံပြုချက်တွေ ပေးထားတာ ၂၁ ချက်တောင်ရှိပါတယ်။ စာအုပ်ပါ ဆောင်းပါးတွေထဲက နည်းနည်းကောက်နုတ် ဖော်ပြရမယ်ဆိုရင် -
''လူအများအပြားဟာ တစ်နေတစ်နေ့ ကွန်ပျူတာမှာ ထိုင်အလုပ်လုပ်ရတဲ့အချိန်က သိပ်များနေတယ်။ အဲဒီလို အာရုံစိုက်လုပ်ရလို့ အလုပ်အတွက် အကျိုးရှိတာမှန်ပေမဲ့ ခန္ဓာကိုယ်ကတော့ ပင်ပန်းသွားနိုင်တယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ စုစုပေါင်း ဆယ်မိနစ်တောင် မပြည့်တဲ့ ယောဂလေ့ကျင့်ခန်းခြောက်မျိုးကို ဖော်ပြလိုက်ပါတယ်'' တဲ့။ အဲဒီစာအုပ်ထဲမှာ ကြည့်ပါ။ နောက်ထပ် ကောက်နုတ်ဖော်ပြရရင်တော့ -
''နွမ်းနယ်ပြီး ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်နေတယ်၊ ဘာမှလည်း မှန်မှန်ကန်ကန် မဆုံးဖြတ်တတ်တော့ဘူး၊ အပျက်ဘက်ကပဲဖြစ်နေတတ်တယ်၊ စိတ်လည်းရိုင်းတယ်၊ အထီးကျန်ဆန်ပါတယ်၊ မူးယစ်ဆေးဝါးတွေ သုံးပါတယ်။ အဲဒီလိုတွေဖြစ်နေရင် စိတ်ကျဉ်းကျပ်မှု ခံစားနေရတာပဲဆိုတာ သိသာပါတယ်။ အကျိုးပြုတဲ့ စိတ်ကျဉ်းကျပ်မှုနဲ့ အကျိုးယုတ်တဲ့စိတ် ကျဉ်းကျပ်မှုကို ပီပီပြင်ပြင်သိဖို့လိုတယ်'' စသဖြင့် တင်ပြထားပါတယ်။