Gunkul က စီမံကိန်းသစ်တွေအတွက် ဘတ် ၄ .၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်

article landscape wartermark final လျှပ်စစ်ပစ္စည်းတွေနဲ့ ပြည့်ဖြိုးမြဲစွမ်းအင်တွေကို ထုတ်လုပ်ဖြန့်ချိနေတဲ့ ထိုင်းစတော့အိပ်ချိန်းမှာ မှတ်ပုံတင် ထားတဲ့ Gunkul Engineering Plc  ဟာ ဒီနှစ်အတွင်းမှာ ဓာတ်ငွေ့တာဘိုင်အင်ဂျင်နဲ့ လေစွမ်းအင်စီမံကိန်း တွေအတွက် ဘတ် ၄.၂ ဘီ လီယံ အသုံးပြုသွားမယ် လို့ သိရပါတယ်။ ဓာတ်ငွေ့တာဘိုင်အင်ဂျင်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုဟာ ဒုတိယအဆင့်ထုတ်လုပ်မှုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းကုမ္ပဏီ တစ်ခုနဲ့ ပူးပေါင်းပြီး ၂၅ မဂ္ဂဝပ် ဓာတ်ငွေ့ တာဘိုင်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတည်ဆောက် ဖို့ ဖြစ်ပါ တယ်။  မြန်မာနိုင်ငံမှာ အကောင်အထည်ဖော် မယ့် စီမံကိန်းမှာ Gunkul က ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ပြည်တွင်းမိတ် ဖက်ကုမ္ပဏီက ကျန်တဲ့ ပမာဏကို ပိုင်ဆိုင်ပါတယ်။ လေစွမ်းအင်စီမံကိန်းကတော့ Nakhon Tatchasima a' ဒေသမှာ လျှပ် စစ်ဓာတ်အားစုစုပေါင်း ၆၀ မဂ္ဂါဝပ် ထုတ်လုပ်မယ့်စီမံကိန်း ဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ Gunkul က ၇၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ကျန်တဲ့ ထိုင်းမိတ်ဖက်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်။  

Ref: Bangkok Post