foodpanda ရဲ့ ၂ နှစ်ပြည့်အထိမ်းအမှတ်အစီအစဉ်များ ၂၀၂၁ ခုနှစ် ဒီဇင်ဘာတစ်လလုံးပြုလုပ်

မြန်မာနိုင်ငံမှာ စတင်ဝင်ရောက်ပြီးလုပ်ငန်းများလည်ပတ်ခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ်မှသည် လာမယ့်နှစ်များမှာ ရှေ့ဆက်အတူလျှောက်လှမ်းနိုင်ရန်ရည်ရွယ်ကာ
မှာယူသူများ၊ မိတ်ဖက်လုပ်ငန်းရှင်များ၊ ပို့ဆောင်ပေးသူ panda rider များနဲ့အတူ foodpanda မှ အထူးအစီအစဉ်များ ဒီဇင်ဘာတစ်လလုံးပြုလုပ်လျက်ရှိပါတယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၉ ရက်မှာတော့ ဒီလအတွင်းမှာ ပြုလုပ်ခဲ့တဲ့ မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေ၊ ၂၀၂၁ ခုနှစ်အတွင်း foodpanda အနေနဲ့ မြန်မာနိုင်ငံအနှံ့အပြားတွင် လုပ်ငန်းလုပ်ဆောင်မှုတွေ၊ ၂၀၂၂ ခုနှစ်အတွက် မျှော်မှန်းချက်တွေနဲ့ပတ်သက်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ကြေငြာချက်တစ်ခု ထုတ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း foodpanda ရဲ့ အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုကို မြန်မာနိုင်ငံအနှံ့အပြားမှာ ထပ်မံတိုးချဲ့သွားဝန်ဆောင်မှုပေးသွားမှာဖြစ်ပြီး၊ ဝင်ငွေပိုမိုရရှိနိုင်မယ့် အချိန်ပိုင်း အလုပ်အကိုင် အခွင့်အလမ်းတွေကိုလည်း ဖန်တီးပေးသွားမှာဖြစ်တယ်လို့ foodpanda က ရည်ရွယ်ထားကြောင်းသိရပါတယ်။

ယခုနှစ် အထိမ်းအမှတ်ပွဲရဲ့ ဆောင်ပုဒ် “ရှေ့ဆက်အတူ” ဆိုတာကတော့ မှာယူစားသုံးသူများ၊ မိတ်ဖက်ဆိုင်များ၊ ပို့ဆောင်ပေးသူ panda rider များနဲ့အတူ လက်တွဲရပ်တည်လာတဲ့ ၂ နှစ်တာ ကာလကို ဂုဏ်ပြုပြီး ရှေ့ဆက်အတူ လျှောက်လှမ်းသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ဖော်ကျူးထားတာဖြစ်တယ်လို့ဆိုပါတယ်။

ကုမ္ပဏီရဲ့လုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့ foodpanda Myanmar ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးဇေယျာမင်းက “foodpanda အနေနဲ့ သုံးစွဲသူတွေဆီကို အတွေ့အကြုံကောင်းတွေ ဆောင်ယူပေးနိုင်ဖို့၊ နေထိုင်မှုဘဝပုံစံ တွေ တိုးတက်မြင့်မားလာစေဖို့၊ စားသုံးသူတွေရဲ့ လိုအပ်ချက်တွေနဲ့အညီ ပြင်ဆင်ပြောင်းလဲနိုင်ဖို့အပြင် စစ်မှန်သည့် ဝန်ဆောင်မှုတွေပေးအပ်သွားမယ်လို့ ကတိပြုပါတယ်။ အခုလိုခက်ခဲတဲ့ နှစ်တစ်နှစ်မှာ သုံးစွဲသူတွေက အစားအသောက်နဲ့ကုန်စုံတွေ မှာယူတဲ့အခါ ပိုမိုလွယ်ကူစေရန်၊ မိတ်ဖက်ဆိုင်တွေ ဆက်လက်လည်ပတ်နိုင်ရန်၊ ပို့ဆောင်သူတွေအနေနဲ့လည်း ဝင်ငွေရရှိနေနိုင်ရန် လုပ်ဆောင်ပေးနိုင်ခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲလုပ်ဆောင်တဲ့ လုပ်ငန်းရှင်တွေအတွက် ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်ကောင်း တစ်ယောက်ဖြစ်စေဖို့ နဲ့ rider တွေကိုလည်း အပိုဝင်ငွေရရှိစေမယ့် အချိန်ပိုင်းအလုပ်အကိုင် အခွင့်အလမ်းတွေ ဆက်လက်ဖန်တီးပေးနိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ထပ်မံချဲ့ထွင်ဝန်ဆောင်ခဲ့သောမြို့များနဲ့ တိုးပွားလာတဲ့မိတ်ဖက်လုပ်ငန်းများ

၂၀၂၁ ခုနှစ်အတွင်းမှာ foodpand အနေနဲ့ ကနဦးဝန်ဆောင်မှုပေးလျက်ရှိတဲ့ မြို့ ၁၀ မြို့အပြင် ပုသိမ်၊ ပခုက္ကူ၊ မုဒုံ၊ လားရှိုး၊ ဘားအံ၊ မိတ္ထီလာ၊ ပြည် စတဲ့ မြို့ပေါင်း ၇ မြို့မှာ တိုးချဲ့ဝန်ဆောင်ပေးနိုင်ခဲ့ပြီး လှည်းကူး၊ ငွေဆောင် ဧရိယာ ၂ ခု ကိုလည်း ထပ်မံတိုးချဲ့နိုင် ဝန်ဆောင်မှုပေးခဲ့တယ်လို့သိရပါတယ်။

ကမ္ဘာ့ကပ်ရောဂါစတင်ခဲ့ချိန်ကစပြီး အစားအသောက်နှင့် ကုန်စုံလုပ်ငန်းတွေက foodpanda အွန်လိုင်းဈေးဝယ် ပလက်ဖောင်းပေါ်ကို ပိုမိုရောက်ရှိလာခြင်းကြောင့် ၂၀၂၁ ခုနှစ် အတွင်း မိတ်ဖက်လုပ်ငန်းပေါင်း ၄,၉၀၀ ကျော်နဲ့လက်တွဲနိုင်ခဲ့ခြင်း၊ ၂၀၂၁ ခုနှစ် အတွင်း panda rider များအနေဖြင့် အလုပ်ချိန်များ စိတ်ကြိုက်ရွေးချယ်ကာ ဝင်ငွေဆက်လက်ရရှိနိုင်ဖို့ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂,၀၀၀ ကျော်ကို ဖန်တီးပေးခဲ့ခြင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မှာယူမှုပေါင်း ၁၀ သန်းကျော်ထိ ရရှိခြင်း … စတဲ့အချက်တွေကြောင့် foodpanda အနေနဲ့ မိတ်ဖက်လုပ်ငန်းရှင်များ၊ rider များ အဆင်ပြေစေရန် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်းသိရပါတယ်။

မွေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုများ

ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ရှေ့တန်းမှ ဝန်ဆောင်မှုပေးခဲ့ကြသော rider တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေဖြင့် ဝန်ဆောင်မှုအကောင်းဆုံးပေးနိုင်တဲ့ rider အယောက် ၄၅၀ အတွက် ဆုလက်ဆောင်များပေးအပ်ခြင်း၊ Top Rider အယောက် ၅၀ အတွက်ကို ဂုဏ်ပြုဆုချီးမြှင့်ပွဲနဲ့ နေ့လည်စာအခမ်းအနားတို့ကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း ၊ မိတ်ဖက်လုပ်ငန်းရှင်တွေနဲ့ foodpanda နဲ့ ပူးပေါင်းပြီး rider တွေအတွက် မွေးနေ့အထိမ်းအမှတ်နေ့လည်စာ ပွဲ ၁၂,၅၀၀ ၊ Royal-D အအေးဘူး ၉,၀၀၀ ၊ Gong cha အအေးဘူး ၁,၀၅၀ ၊ Ocha အအေးဘူး ၆၀၀ တို့ ကိုလည်း သုံးရက်ဆက်တိုက် ပေးဝေးခြင်း၊ rider များတစ်ဦးနှင့်တစ်ဦး ရင်းနှီးခင်မင်ကြစေရန် ရည်ရွယ်ပြီး သုံးရက်တာ ဘောလုံးပြိုင်ပွဲကို foodpanda မှဦးစီးပြုလုပ်ပေးခြင်းတို့လည်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
မိတ်ဖက်လုပ်ငန်းရှင်တွေအတွက်ကိုတော့ foodpanda မှ ရောင်းအားအကောင်းဆုံးမိတ်ဖက်လုပ်ငန်းရှင် ၈၀၀ ရွေးချယ်ကာ အမှတ်တရလက်ဆောင်ပေးခြင်းနဲ့ foodpanda မှ မှာယူမှု အများဆုံး စားသုံးသူ ၁၂၀ ရွေးချယ်ကာ အမှတ်တရလက်ဆောင်များကို ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ foodpanda app ကနေ မှာယူစားသုံးများအတွက် မွေးနေ့အထူး လျော့ဈေးကူပွန်ကုဒ်တွေကိုလည်း ပြုလုပ်ခဲ့ပေးတာတွေ့ရပါတယ်။

၂၀၂၂ ခုနှစ်မှာ foodpanda ဘာတွေဆက်လုပ်ဦးမှာလဲ

လာမယ့် ၂၀၂၂ ခုနှစ်မှာတေ့ foodpanda အနေနဲ့ မှာယူစားသုံးသူများ အတွေ့အကြုံကောင်းများ ပိုမိုရရှိစေရန်အတွက် pandapro နဲ့ လိုအပ်တဲ့ ကုန်ပစ္စည်းမျိုးစုံကို တစ်နေရာတည်းဝယ်ယူနိုင်မည့် foodpanda အွန်လိုင်း ဈေးဝယ်ပလက်ဖောင်း pandamart တို့ လို ဝန်ဆောင်မှုအသစ်များကို ထပ်မံမိတ်ဆက် ပေးသွားမှာဖြစ်ပြီး အဲဒီ းဝန်ဆောင်မှုအသစ်တွေနဲ့ ဆက်စပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်းတွေကိုလည်း ဖန်တီးပေးသွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် အခြားမြို့အသစ်များကိုလည်း ဝန်ဆောင်မှု ထပ်မံတိုးချဲ့သွားမှာဖြစ်လို့ မိတ်ဖက်လုပ်ငန်းရှင်တွေနဲ့ အကျိုးတူပူးပေါင်းမှုများကိုလည်း ပိုမိုပြုလုပ်သွားနိုင်မှာဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ကလည်း မိမိနေအိမ်မှပင် အလွယ်တကူ ပိုမိုမှာယူနိုင်စေခြင်း၊ မိတ်ဖက်လုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်မှု ပိုမိုချောမွေ့စေရန် ငွေကြေးဆိုင်ရာထောက်ပံ့ပေးမယ့် အစီအစဉ်များ ဆောင်ရွက်ပေးခြင်း၊ Rider များအတွက် အမှတ်များ (Point) စုဆောင်းကာ ဆုလက်ဆောင်များ ထုတ်ယူနိုင်မည့် ပန်ဒါစုဘူး အစီအစဉ်ကို မိတ်ဆက်ပေးခြင်း … စတဲ့ လှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

foodpanda ဟာ စင်္ကာပူ၊ ဟောင်ကောင်၊ ထိုင်း၊ မလေးရှား၊ ပါကစ္စတန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနဲ့ ဂျပန် စတဲ့ အာရှဒေသတွင်း ဈေးကွက် ၁၂ ခု၊ မြို့ပေါင်း ၄၀၀ ကျော်တွင် လည်ပတ်နေပြီး နိုင်ငံတကာ အစားအသောက်ပို့ ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ ဦးဆောင်နေတဲ့ Delivery Hero ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ မိတ်ဖက်အဖွဲ့အစည်းများဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ ပို့ဆောင်ပေးသူ rider များနှင့် ဝန်ထမ်းများ ပူးပေါင်းကာ ၂ နှစ်အတွင်း မြို့ပေါင်း ၁၇ မြို့မှာ ဝန်ဆောင်မှု ပေးလျက်ရှိပါတယ်။ အသေးစိတ်ကိုတော့ www.foodpanda.com.mm တွင် ဝင်ရောက် လေ့လာ ဖတ်ရှုနိုင်ပါတယ်။