လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့အခက်အခဲအမျိုးမျိုးကို ဘယ်လိုနည်းနဲ့ ကိုယ့်အထက်လူကြီးတွေကို ပြောပြနိုင်သလဲ၊ ဘယ်လိုဖြေရှင်းရင်ကောင်းမလဲဆိုတာကို စဉ်းစားတဲ့အခါမှာ တချို့ကိစ္စကလည်း ဖြေရှင်းမှရမယ်ဆိုတဲ့ အခြေအနေမှာ၊ အချင်းချင်း တစ်ယောက်အကြောင်း တစ်ယောက်ပြောလို့ရှိရင် တွန်းတာတိုက်တာလို့ အထင်ခံရမှာလည်း စိုးရတာမျိုးရှိတတ်ပါတယ်။
Communication ကိုပဲ ပြန်ပြောရမှာပါ။ ကိုယ့်လူကြီးကို အခက်အခဲတွေကတင်ပြ ပြောဆိုတယ်ဆိုတာက အဲဒီအခက်အခဲတွေကို ကျော်လွှားပြီးတော့ အောင်မြင်ချင်လို့ ပြောပြတာမျိုးဖြစ်ပါတယ်။ အထက်လူကြီးကို တင်ပြဖို့က အစည်းအဝေးခန်းတွေမှာ ပြောပြသင့်ပါတယ်။ တချို့က အစည်းအဝေးထဲမှာမပြောဘူး၊ အပြင်ကျမှပြောတယ်။ သူတို့ထင်တာက အစည်းအဝေးအပြင်မှာ လူကြီးနဲ့တွေ့မှ သွားပြောတာက ပေါက်သလားထင်တတ်ကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ အစည်းအဝေးထဲမှာလည်း လူကြီးက ကိုယ့်ကိုကြည့်နေတယ်။ Speak Up လုပ်တဲ့အခါမှာ ပြောရဲတဲ့သတ္တိရယ်၊ အချက်ကျကျပြောတာတွေကို လူကြီးက အမှတ်ပေးနေတယ်။ အဲဒီလိုပေးနေရင်းမှ Trust နဲ့ Confidence Level တက်လာတယ်။ ယုံကြည်မှု ရှိလာတယ်။ အဲဒီတော့ လူကြီးကို ဘယ်နေရာမှာပဲဖြစ်ဖြစ် တင်ပြရဲတယ်ဆိုတာမျိုးက အရေးကြီးတယ်။ ပြောတဲ့အခါမှာ အကြောင်းအရာလည်း မှန်ကန်ရမယ်။ သူများကို ချောက်ချချင်တဲ့ စိတ်မရှိစေရဘူး။ ဒါအရေးကြီးပါတယ်။
လူကြီးကို အခက်အခဲတွေပြောပြပြီး အကူအညီတောင်းမယ့်နေရာမှာ သတိထားရမှာတွေရှိပါတယ်။ ပထမဆုံး ဆင်ခြင်ရမှာက ဝတ်စားဆင်ယင်မှုဖြစ်ပါတယ်။ Dress For the Job You Want ကိုယ်လက်ရှိနေရာအတွက်ထက် ကိုယ်လိုချင်တဲ့ရာထူးအတွက် ရည်မှန်ပြီး ဝတ်စာ ဆင်ယင်တတ်ဖို့လည်း လိုပါတယ်။ လူရိုသေအောင် ဝတ်ဆင်ရပါမယ်။ အမြင်နဲ့လည်း ရိုသေမှုကိုပြတယ်၊ အပြောနဲ့လည်း ရိုသေဆိုတာမျိုးဖြစ်ဖို့ လိုပါတယ်။
နောက်တစ်ခုကတော့ Panic ဖြစ်တာ၊ မပြောခင်က ပြဿနာက ကိုယ့်စိတ်ထဲမှာ ရှိတယ်၊ ပြောချင်တယ်။ ပြောရမယ့်စကားထွက်မလာခင် ကိုယ်ကစိုးရိမ်ကြောင့်ကြနေပြီ။ အဲဒီအခါ Boss က ကိုယ့်ကိုကြည့်တာနဲ့ ယုံကြည်မှုပျောက်သွားတယ်။ ဒါကြောင့် မကြောက်ပါနဲ့လို့ မှာချင်ပါတယ်။ မမေးသင့်တဲ့နေရာမှာ သူမေးရင်လည်းမေးမယ်။ မေးတဲ့အချိန်မှာ ကိုယ်က Ready ဖြစ်ပြီးတော့ သူ့ကိုပြန်ပြောပြနိုင်ရမယ်။ ရဲဝံ့စွာ ဖြေပေးရပါမယ်။
ကိုယ်ပြောတဲ့ အကြောင်းအရာကိုလည်း ကိုယ်နားလည်ရမယ်။ သူ့ကို ကိုယ့်အခက်အခဲကို ပြောပြ၊ Consequences ကိုလည်းပြောပြ၊ တင်ပြတတ်အောင်လုပ်တတ်ရပါတယ်။
Responsiblility ပေးတဲ့အခါကျရင် အဲဒီ Responsiblility ယူပါ။ တာဝန်ကိုယူသလို တာဝန်ခံမှုလည်း လုပ်တတ်ရပါမယ်။ နောက်တစ်ခုကတော့ Focus on results ၊ Not activities ပါ။ လုပ်တာတွေများပြီးတော့ ဘာအဖြေမှမထွက်ရင် အလကားပဲ။ လုပ်လည်းလုပ်ပါ။ အဖြေလည်း ထွက်ရမယ်။ အဓိပ္ပာယ်ရှိတာမျိုးလည်း ဖြစ်ရပါမယ်။
ပြီးတော့ အထက်လူကြီးကို Update လုပ်ပါ။ အခက်အခဲရှိတဲ့အခါ Boss ကိုပြောပြီးရင် ရလာတဲ့အဖြေကို ကိုယ်က ကိုယ်တိုင်အကောင်အထည်ဖော်ရပါမယ်။ Boss က လုပ်ပေးမှာမဟုတ်ဘူး။ မိမိအခက်အခဲကို Boss အားတဲ့အချိန်ဝင်ဆွေးနွေး၊ ပြီးရင် ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပါ။
ကိုယ့်တင်ပြတဲ့ အခက်အခဲနဲ့ပတ်သက်လို့ လူကြီးကကိုယ့်ကိုယ် Feedback ပေးနေတဲ့အခါမှာလည်း အာရုံစိုက်ပြီး နားထောင်ပါ။ မှတ်စရာရှိရင် လိုက်မှတ်ပါ။ Feedback ကို သေချာ Attention ပေးပါ။
အခက်အခဲတိုင်းကို အမြဲတမ်းအသံထွက်ပြီး အော်နေတာမျိုး မဖြစ်သင့်ပါဘူး။ အဲဒီတော့ အခက်အခဲနဲ့ ကြုံတွေတဲ့အခါမှာ Cool ၊ Calm and Collected ဖြစ်အောင် နေတတ်ရပါမယ်။
ဖြေရှင်းတဲ့အခါမှာလည်း မပြည့်စုံမှာကို မစိုးရိမ်ပါနဲ့။ Perfect ဖြစ်အောင်ချည်းပဲလုပ်နေတာက တကယ်တမ်းကြ အလုပ်မဖြစ်ဘူး။ လုပ်ရင်းနဲ့ အမှားလည်းတွေ့နိုင်ပါတယ်။ မလုပ်ဘဲနဲ့ Perfect ဖြစ်ဖို့ အခွင့်အရေးကို စောင့်နေရင် အလုပ်မဖြစ်တော့ဘူး။ စကိုလုပ်ရပါမယ်။
အခက်အခဲကို မတင်ပြခင်၊ အထက်လူကြီးနဲ့ စကားမပြောခင် ကိုယ့်ကိုယ်ကိုယ် မေးခွန်းနှစ်ခု၊ သုံးခုပြန်မေးပြီး ကြိုတွေးထားပါ။ အမြဲတမ်း Prepared ဖြစ်နေတယ်ဆိုရင် အဲဒီလူက သူများထက်သာသွားတဲ့လူပါပဲ။ အဲဒီလိုလူမျိုးကျရင်လည်း လူတွေက ပိုပြီးလေးစားတယ်။ သူတို့တွေကို Forward Thinker လို့ခေါ်ပါတယ်။
Boss နဲ့ ကိုယ်နဲ့ကြားမှာလည်း အခက်အခဲတွေ တင်ပြတယ်ဆိုရင် သူ့အနေနဲ့ကိုယ့်ကို အခက်အခဲဘယ်နှခုကို ဖြေရှင်းသွားတယ်ဆိုတာကို မှတ်မိသွားပါစေ။ အခက်အခဲဘယ်လောက်များများယူလာပြီးတော့ ငါ့ပေါ်ပုံချပြီးတော့မှ မဖြေရှင်းသွားဘူးဆိုတာမျိုး မဖြစ်ပါစေနဲ့။ ကိုယ်က အခက်အခဲယူလာပြီးတော့ Boss ဘယ်လိုလုပ်ရမလဲဆိုတာမေးတတ်တဲ့လူမျိုးကို Boss က ဘယ်လိုမှသဘောကျမှာမဟုတ်ပါဘူး။
နောက်ဆုံးပြောရရင်တော့ လူကြီးတွေကို ကိုယ့်အခက်အခဲတွေကိုချည်း တင်ပြတာထက် သူနဲ့လည်းသက်ဆိုင်တဲ့ အခက်အခဲဘာတွေရှိနေတယ်၊ အဲဒါတွေကို သူနဲ့အတူ ကိုယ်ကဖြေရှင်းပေးမယ်ဆိုတဲ့ ပုံစံမျိုးလုပ်သင့်တယ်။ အဲဒီရှိတဲ့ အခက်အခဲကို ကိုယ်ကသက်သာအောင် ဘယ်လိုလုပ်ပေးမလဲ။ အဲဒီတော့ အခက်အခဲက ကိုယ်ဘယ်လို ဖြေရှင်းမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ အခက်အခဲကို သူ့ကိုတင်ပြဖို့ထက် ကိုယ်ကဘယ်လိုပါဝင်ပြီးတော့ ဖြေရှင်းမယ်ဆိုတာမျိုး ဖြစ်သင့်ပါတယ်။ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ပြဿနာရဲ့အစိတ်အပိုင်းတစ်ခုဆိုတာထက် Solution Thinker အဖြစ်နဲ့မြင်သင့်ပါတယ်။
ပြီးတော့ Stay Professional ပါ။ ဒါကလည်း အင်မတန်အရေးကြီးပါတယ်။ ဝန်ထမ်းတစ်ယောက် Manager ဖြစ်သွားတဲ့အခါကျရင် Deadline တွေ Miss ဖြစ်သွားတာမျိုး မကြားချင်ဘူး၊ Email ကို မေ့လို့မပြန်ဖြစ်တာမျိုး၊ သူများအတင်းတွေလာပြောတာ စတဲ့အရာတွေကို အထက်လူကြီးတွေက မကြားချင်ပါဘူး။ အဲဒါတွေကိုလည်း ဂရုစိုက်တတ်ရပါမယ်။ ဒါကြောင့် Professional အဖြစ်နဲ့နေပါ။ အထက်လူကြီးက Professional အဖြစ်နဲ့ ကိုယ့်ကိုအသိအမှတ်ပြုရင် တင်ပြတဲ့အခက်အခဲကိုလည်း သူကလက်ခံမယ်။ Think like a manager, not employee. ကိုယ့်ရာထူးနဲ့ ကိုယ့်ရဲ့ Title နဲ့လိုက်တဲ့ အတွေးမျိုး၊ စိတ်ကူးမျိုးမွေးထားပါ။ Title တော့ လိုချင်တယ်။ အဲဒီ Position အတိုင်းမစဉ်းစားဘူးဆိုရင် ဒုက္ခရောက်တတ်ပါတယ်။
နောက်ပြီးတော့ Workplace Challenge တွေမှာ Boss က In-charge၊ သူက အဆုံးအဖြတ်ပေးသူဖြစ်ပါတယ်။ သူကဦးဆောင်နေတဲ့အခါမှာ သူ့ကိုဦးဆောင်ဖို့ အခွင့်အရေးပေးပြီး သူ့ရဲ့အကြံဉာဏ်ကိုယူတတ်ရပါမယ်။ သူ ကိုယ့်ကိုအကြံပေးနိုင်ဖို့ ကိုယ်ဘက်ပြင်ဆင်ကူညီပေးဖို့ လိုပါတယ်။ သူနဲ့ ကိုယ်နဲ့ အတူတူလျှောက်နေတယ်။ သူ့ကို ကိုယ်က ကူညီပေးတတ်တယ်ဆိုတဲ့ ခံစားမှုမျိုးဖြစ်ပါစေ။
Communication ကို လွယ်အောင်လုပ်တာလည်း ကိုယ်ပါပဲ။ ခက်အောင်လုပ်တာလည်း ကိုယ်ပါပဲ။ အဲဒီတော့ ကိုယ့်အခက်အခဲကိုတင်ပြရင်း အခက်အခဲကို လွယ်အောင်လုပ်တာလဲ ကိုယ်ပါပဲ။ ကိုယ့်အခက်အခဲကို တင်ပြရင်း ပိုဆိုးသွားအောင်လုပ်တာလည်း ကိုယ်ပါပဲ။ အဲဒီအတွက် ဆင်ခြင်ဖို့လိုအပ်ပါတယ်။
ဦးမျိုးသန်း Director of Human Resources, edotco Myanmar Limited