ဘယ်သူတွေဟာ  အသည်းရောင်ရောဂါဖြစ်ဖို့ အခွင့်အလမ်းများလဲ

feb2018health

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အသည်းရောင်ရောဂါဟာ သူ့ကိုဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပေါ်မူတည်ပြီး အမျိုးအစားများစွာ ကွဲပြားစွာရှိပါတယ်။ အသည်းရောင်ရောဂါအားလုံးဟာ ကူးစက်စေတတ်ပါတယ်။ ဒါ့အပြင် မောပန်းလွယ်တာ၊ ဖျားတာ၊ ဗိုက်အောင့်တာတို့အပြင် အသားရောင်ဝါလာခြင်းနဲ့ မျက်လုံးတွေ ဖြူလာတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ တချို့တာရှည်အသည်းရောဂါတွေမှာ အသည်းပေါ်မှာ ဒဏ်ရာရခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း၊ ဒါမှမဟုတ် အသည်းအစားထိုးတာမျိုးတွေ ပြုလုပ်ရနိုင်ပါတယ်။ ကံကောင်းထောက်မစွာပါပဲ၊ အသည်းရောင်ရောဂါကို ကူးစက်ဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အသည်းရောင် အသားဝါ (အေ) (Hepatitis A)

---------------

အဓိကအားဖြင့် မသန့်ရှင်းတဲ့အစားအစာ၊ ဒါမှမဟုတ်၊ အညစ်အကြေးနဲ့ ထိတွေ့နေတဲ့ ရေကနေတစ်ဆင့် ကူးစက်ပါတယ်။ အသည်းရောင် အသားဝါ(အေ)ဟာ အဖြစ်များပြီး အသည်းရောင်အသားဝါ ဒီ (D) နဲ့ အီး (E) ကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ တွေ့ရခဲပါတယ်။

ဒါကြောင့်မို့ များသောအားဖြင့် အသည်းရောင်အသားဝါဘီပိုးနဲ့ စီပိုးကို ထပ်မံတွေ့ရှိနေရပါတယ်။ နယူးဇီလန်နိုင်ငံမှာ အသည်းရောင်အသားဝါ ဘီပိုးဖြစ်ပွားသူ တစ်သိန်းခန့်ရှိပြီးတော့ စီပိုးဖြစ်ပွားသူ ငါးသောင်းခန့် နေထိုင်နေကြပါတယ်။

အသည်းရောင် အသားဝါ (ဘီ) (Hepatitis B)

--------------

အသည်းရောင်အသားဝါဘီပိုးဟာ သွေး၊ သုတ်ရည်နဲ့ အမျိုးသမီးခန္ဓာကိုယ်မှထွက်တဲ့ အရည်တွေမှာ တွေ့ရတတ်ပါတယ်။ ဒီလိုအချိန်တွေမှာ သင်ဟာရောဂါကူးစက်ဖို့ အခွင့်အလမ်းပိုများပါတယ်။ သင်ဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံလေ့ရှိသူဖြစ်ပြီး လိင်ဆက်ဆံဖော်များသူတစ်ယောက်သာ ဖြစ်နေခဲ့မယ်ဆိုရင်၊ ဒါမှမဟုတ် အကြောထဲမူးယစ်ဆေးသွင်းတတ်သူ၊ သွားတိုက်တံကို သူတစ်ပါးနဲ့ ဝေမျှသုံးလေ့ရှိသူ၊ ဒါမှမဟုတ် မုတ်ဆိတ်ရိတ် တံ၊ လက်သည်းညှပ်တွေကို ရောဂါပိုးရှိတဲ့သူနဲ့ ဝေမျှသုံးဖူးတဲ့သူဆိုရင်ပေါ့။

တကယ်လို့ သင်ဟာ အသက်ကြီးတဲ့အချိန်ရောက်မှ အသည်းရောင်အသားဝါဘီပိုး ကူးစက်ခံရတယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ဆေးပညာအကူအညီမလိုဘဲနဲ့ ပြန်လည်တွန်းလှန်ပေးဖို့ ၉၅ ရာခိုင်နှုန်းလောက် သေချာပါတယ်။ ဘာပဲဖြစ်ဖြစ် ကလေးမွေးနေစဉ် ကလေးငယ်ကို ကူးစက်သွားရင်တော့ အဲဒီကလေးငယ်ဟာ ဘဝတစ်လျှောက်လုံး ရောဂါသယ်ဆောင်သူ ဖြစ်သွားမှာပါ။

ဒီရောဂါပိုးဟာ ပုံမှန်ဆို ရောဂါလက္ခဏာ မပြပါဘူး။ ဒါပေမဲ့ နောက်ဆက်တွဲပြဿနာတွေ ရှိလာပြီ၊ ရောဂါလက္ခဏာရှိလာပြီဆိုရင်တော့ ဒါဟာ နှစ်ရှည်ရောဂါဖြစ်ဖို့ လေးပုံတစ်ပုံ သေချာသလောက်ရှိသွားပါပြီ။ ဒါကြောင့်မို့ အမျိုးသားကျန်းမာရေးအဖွဲ့အစည်းတွေက ကလေးငယ်တွေကို အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေးထိုးဖို့အတွက် တိုက်တွန်းကြတာပါ။ ငယ်စဉ်မှာ ကာကွယ်ဆေးမထိုးထားရသေးတဲ့ လူကြီးတွေဟာလည်း ကာကွယ်ဆေးထိုးထားရပါမယ်။

အသည်းရောင် အသားဝါ (စီ) (Hepatitis C)

---------------

အသည်းရောင်အသားဝါစီပိုးကတော့ သွေးကနေ အဓိကကူးစက်ပါတယ်။ ၁၉၉၀ ပြည့်နှစ်မတိုင်ခင်မှာ သွေးသွင်းဖူးခဲ့တယ်ဆိုရင်တော့ သင်ဟာ ရောဂါကူးနိုင်ခြေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မတိုင်ခင်က သွေးတွေကို ရောဂါပိုးစစ်တဲ့အရာ လွယ်ကူစွာမရနိုင်သေးဘဲ သွေးတွေ သွင်းခဲ့ကြလို့ပါပဲ။ အသည်းရောင်အသားဝါ စီပိုးအတွက်တော့ ကာကွယ်ဆေးမရှိသေးပါဘူး။ အသည်းမပျက်မချင်း ရောဂါလက္ခဏာမပေါ်တာမျိုးတွေလည်း တွေ့ခဲ့ရပါတယ်။

ဆေးကုသမှုမခံယူဘဲ ရောဂါသက်သာဖို့ဆိုတာက လေးဦးမှာ တစ်ဦးသာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အသည်းကျွမ်းကျင်ပညာရှင် Dr. Helena Cortez-Pinto ကတော့ အခုအခါမှာ ကုသရင် ၉၀ ကနေ ၉၇ ရာခိုင်နှုန်း အထိ ပျောက်ကင်းဖို့ အာမခံနိုင်ပါတယ်လို့ ဆိုပါတယ်။ "The World Health Organization" ကတော့ ၂၀၃၀ ပြည့် နှစ်မှာ အသည်းရောင်ဘီပိုးနဲ့ စီပိုးကို တိုက်ထုတ်နိုင်ရမယ်လို့ ရည်ရွယ်ချက်ထားရှိပါတယ်။ ကာကွယ်ဆေးရဲ့ အကူအညီ၊ ရောဂါကိုကုသမှုနဲ့ အန္တရာယ်လက္ခဏာတွေကို သိရှိထားမယ်ဆိုရင် ဒါဟာသိပ်ကို လက်တွေ့ကျတဲ့ပန်းတိုင်တစ်ခု ဖြစ်လာနိုင်ပါတယ်။

အဒိုနီရမ်