သင့်စွမ်းအင်ကို မြှင့်တင်ဖို့ နည်းလမ်း ၁၃ မျိုး

စွမ်းအင်မြှင့်တင်ဖို့ လိုအပ်နေပါသလား၊ သင့်ရဲ့အားနည်းနေတာတွေကိုတိုက်ထုတ်ဖို့ အာမခံနိုင်တဲ့ ယခုဖော်ပြမယ့် ကျန်းမာစေတဲ့ အလေ့အကျင့် ၁၃ မျိုးကို အသုံးချလိုက်ပါ။

Feb2017Health1

၁။ သင့်စွမ်းအင်တွေကို ပရိုတင်း (အသားဓာတ်) ကြွယ်ဝတဲ့ နံနက်စာနဲ့ စတင်လိုက်ပါ

သင့်နံနက်စာမှာ ပရိုတင်းပါဝင်အောင် စားသုံးပါ။ အိပ်စက်အနားယူချိန်မှာ ခန္ဓာကိုယ်ဟာ ပြန်လည်ပြုပြင်မှုတွေလုပ်သလို အဲဒီအတွက် စွမ်းအင်တွေလိုအပ်ပါတယ်။

Feb2017Health2

၂။ အစာပြေစားခြင်းဖြင့် သင့်စွမ်းအင်တွေကို မြှင့်တင်လိုက်ပါ

အစာပြေ တစ်ခုခုစားလိုက်ခြင်းက သင့်စွမ်းအင်တွေကို မြှင့်တင်ပေးနိုင်ပါတယ်။ ပန်းသီး၊ ဒါမှမဟုတ် အခွံမာသီး တစ်ခုခုစားတာမျိုး၊ အရွက်တွေနဲ့ အသားဓာတ်ပါဝင်တာမျိုးကို စားတာကလည်း သင်နောက်တစ်ကြိမ် အစာစားရာမှာ များစွာအကူအညီဖြစ်စေပါတယ်။

Feb2017Health3

၃။ စိတ်ဖိစိးမှုတွေကို လျှော့ချခြင်းဖြင့် စွမ်းအင်တွေကိုမြှင့်တင်နိုင်ပါတယ်

စိတ်ဖိစီးမှုဆိုတာ စွမ်းအင်ကို လျှော့ချတဲ့အရာတစ်ခုပါပဲ။ ဖိစီးမှုကို သင့်ခန္ဓာကိုယ်က စိတ်လေးလံထိုင်းမှိုင်းတာမျိုးနဲ့ တုံ့ပြန်ပါတယ်။ National Institute of Mental Health ကတော့ စိတ်ငြိမ်လေ့ကျင့်ခန်း (Meditation)၊ ယောဂလေ့ကျင့်ခန်းနဲ့ ထိုက်ကျိလေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ အကြံပြုပါတယ်။

Feb2017Health4

၄။ စွမ်းအင်မြှင့်တင်ဖို့အတွက်တော့ အရက်မသောက်ပါနဲ့

ညဘက် အရက်သောက်တာမျိုးမလုပ်ပါနဲ့။ အရက်က သင့်ရဲ့အိပ်စက်ချိန်ဖြစ်တဲ့ Repid Eye Movement အဆင့်ကို အနှောင့်အယှက်ပေးလို့ပါပဲ။

Feb2017Health5

၅။ ပင်ပန်းနွမ်းနယ်မှုကို လေ့ကျင့်ခန်းပြုလုပ်ပြီး ပြန်လည်တိုက်ခိုက်ပါ

လေ့ကျင့်ခန်း အနည်းငယ်ပြုလုပ်ခြင်းက သင့်စွမ်းအင်တွေကို မြှင့်တင်ဖို့ များစွာအထောက်အကူပြုပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက University of Georgia ရဲ့ ဖော်ပြချက်အရ လေ့ကျင့်ခန်းပြုလုပ်တဲ့ စက်ဘီးနဲ့ မိနစ် ၂၀ ခန့် လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ၆၅ ရာခိုင်နှုန်းသောပါဝင်သူတွေဟာ ပင်ပန်းနွမ်းနယ်မှု လျော့ကျသွားပါတယ်။

Feb2017Health6

၆။ အဆီတွေအားလုံးဟာ မကောင်းတဲ့အဆီတော့ မဟုတ်ပါဘူး

အစာစားနေချိန်မှာ သင့်စွမ်းအင်ရဲ့ အဓိကအရင်းမြစ်က အဆီပဲဖြစ်ပါတယ်လို့ အာဟာရကျွမ်းကျင်ပညာရှင် Dr Jonny Bowden က ဆိုပါတယ်။ ဒါကြောင့်မို့ ထောပတ်သီး၊ ဒါမှမဟုတ် သစ်ကြားသီးတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။

Feb2017Health7

၇။ အားရပါးရရယ်မောပါ

ရယ်မောခြင်းက အကောင်းဆုံးသောဆေးဝါးပါပဲ။ University of Nebraska - Lincoln ရဲ့ သုတေသနပြုချက်တွေရဲ့ အကြံပြုချက်အရ ၁၂ မိနစ်လောက် ရယ်မောခြင်းက သင့်ရဲ့စွမ်းအင်တွေကို မြှင့်တင်ပေးနိုင်ပါတယ်။ နေ့လယ်ခင်းလောက်ဆိုရင် ခဏဖြစ်ဖြစ် အင်တာနက်မှာရနိုင်တဲ့ ဟာသဇာတ်လမ်းတိုလေးတွေ ကြည့်လိုက်ပါ။

Feb2017Health8

၈။ ရေဓာတ်ပြည့်ဝစွာရှိအောင် နေထိုင်ပါ

ရေဓာတ်ဆုံးရှုံးတာက ပြင်းပြင်းထန်ထန်ပဲဖြစ်ဖြစ်၊ အနည်းငယ်ပဲဖြစ်ဖြစ် ပင်ပန်းမှုကို ဖြစ်စေပါတယ်။ ရေလုံလုံလောက်လောက် သောက်သုံးပေးပါ။ လတ်ဆတ်တဲ့ အရည်ရွှမ်းတဲ့အသီးအနှံတွေကို များများစားပေးပါ။

Feb2017Health9

၉။ သင့်စွမ်းအင်တွေ မြှင့်တင်ဖို့ သဘာဝတရားနဲ့ ဆက်နွှယ်မှုပြုပါ။

ပြန်လည်အားဖြည့်ဖို့အတွက် တစ်နေရာရာကိုသွားပါ။ The Journal of Environmental Psychology ရဲ့ လေ့လာချက်အရ သစ်ပင်တွေနဲ့ လတ်ဆတ်တဲ့လေထုတွေကြားထဲမှာ ခေတ္တမျှနေထိုင်ခြင်းက အသက်ရှင်ရခြင်းရဲ့ အဖိုးတန်မှုကို များစွာခံစားရစေတယ်လို့ ပြောပါတယ်။

Feb2017Health10

၁၀။ နေရောင်အောက်မှာ နေပါ

သုတေသနပြုချက်တွေအရ နေရောင်ကရရှိတဲ့ ဗီတာမင်ဒီ ဟာ သင့်ရဲ့စွမ်းအင်တွေကို မြှင့်တင်ပေးရုံတင်မကပဲ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ အိပ်စက်ခြင်းတွေကို ကောင်းမွန်စေပါတယ်။

Feb2017Health11

၁၁။ အိပ်ရေး၀၀ အိပ်ခြင်းဖြင့် သင့်စွမ်းအင်ကို မြှင့်တင်ပါ

ကောင်းမွန်စွာ မအိပ်စက်ဖြစ်ဘူးဆိုရင် သင်မောပန်းနွမ်းနယ်နေမှာပါ။ လူတိုင်းက အိပ်စက်ရန် လိုအပ်တယ်ဆိုတာကိုတော့ သင်ငြင်းလို့မရပါဘူး။ တစ်ရက်မှာ အိပ်စက်ချိန် ခြောက်နာရီခွဲကနေ ရှစ်နာရီခွဲလောက်အထိ လိုအပ်ပါတယ်။

Feb2017Health12

၁၂။ ကဖင်းဓာတ်ပါတဲ့ လက်ဖက်ရည်ကို သောက်သုံးခြင်းဖြင့် သင့်စွမ်းအင်ကို မြှင့်တင်ပါ

ကော်ဖီသောက်တာက ရင်တုန်စေတယ်ဆိုရင် ကဖင်းဓာတ်ပါတဲ့ လက်ဖက်ရည်ကို ပြောင်းသောက်သင့်ပါတယ်။ Caffeine ၊ L-theanine နဲ့ Amino Acid ပါတဲ့ အရည်တွေမှာ ဦးနှောက်ကို အနားယူစေတဲ့ အာနိသင်ပါရှိသလို အင်အားပြည့်ဝစေပါတယ်။

Feb2017Health13

၁၃။ ပီကေဝါးပါ

ပီကေဝါးခြင်းက ခံတွင်းနံ့ လတ်ဆတ်စေတာထက် ပိုပါတယ်။ ၂၀၁၂ ခုနှစ်မှာ အင်္ဂလန်မှာရှိတဲ့ Coventry University မှာ သုတေသီအဖွဲ့တချို့က လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ ပါဝင်သူတွေကို သုံးဖွဲ့ခွဲပြီး ၁၁ မိနစ်ခန့် အမှောင်ခန်းထဲမှာ စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။ ပထမအဖွဲ့ကိုတော့ ပီကေဝါးခိုင်းပါတယ်။ ဒုတိယအဖွဲ့ကိုတော့ ပီကေ မပေးထားပါဘူ။ တတိယအဖွဲ့ကိုတော့ ပီကေဝါးယောင်ဆောင်ခိုင်းပါတယ်။ ပီကေဝါးခြင်းက နေ့ဘက်မှာ အိပ်ချင်စိတ်ဖြစ်တာကို များစွာလျော့ကျစေပါတယ်။ ဒါဟာ ဦးနှောက်ရဲ့လှုပ်ရှားမှုကို မြင့်တက်စေတာဖြစ်နိုင်သလို ပီကေကရတဲ့ အရသာကြောင့် တက်ကြွနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

Ref: www.readersdigest.ca 

အဒိုနီရမ်