မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌတာဝန်ယူမည့် ၂၀၁၄ ခုနှစ်အတွက် Theme မှာ "ငြိမ်းချမ်းသာယာဝပြောသော လူ့အသိုက်အဝန်းဆီသို့ ညီညွတ်စွာ ရှေ့ဆက်ချီတက် ကြစို့" ဟု အဓိပ္ပါယ်ရသည့် "Moving forward in unity towards a peaceful and prosperous Community" ပင် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး နှစ်နှစ် ကျော်ကာလအတွင်း နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြန်လည် ဆက်ဆံမှုများရှိလာခဲ့သည့်အပြင် တစ်ကမ္ဘာလုံးက စောင့် ကြည့်ခြင်းခံရသည့် နိုင်ငံဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာအစည်းအဝေးများလာရောက် ကျင်းပကြရာ ထင်ရှားသည့်သာဓကတစ်ခုကို ပြရမည်ဆိုလျင် ၂၀၁၃ ခုနှစ်၊ ဇွန်လ ၅ ရက်မှ ရ ရက်အထိ၊ နေပြည်တော်တွင်ကျင်းပခဲ့သော အရှေ့အာရှ ဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်ပင်ဖြစ်သည်။ အဆို ပါဖိုရမ်တွင် နိုင်ငံတကာက အထင်ကရ စီးပွားရေး ပညာ ရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးသမားများ၊ NGO အဖွဲ့ အစည်းများကပုဂ္ဂိုလ်များနှင့် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင် များတက်ရောက်ခဲ့ကြသဖြင့် မြန်မာနိုင်ငံသည်လည်း ကမ္ဘာ တွင်လူသိများ လာသလို နိုင်ငံတကာအဆင့်အစည်းအဝေးကြီး တစ်ခုအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရသည့်အတွေ့အကြုံ ရခဲ့သည်ဟု ဆိုရပေမည်။ နိုင်ငံ၏ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များနှင့်အတူ နိုင်ငံတကာနှင့် အာဆီယံဒေသတွင်းအဆင့် အခမ်းအနားများ ကိုလက်ခံကျင်းပနေရသည့်မြန်မာနိုင်ငံအနေဖြင့်၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည်ဖြစ်ပြီး နောက်ထပ် အိမ်ရှင်တာဝန်တစ်ရပ်အဖြစ် ၂၀၁၄ ခုနှစ်တွင် ပထမဆုံးအကြိမ်အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်း ဆောင်ရတော့မည်ဖြစ်သည်။ အဆိုပါတာဝန်သည် ဒီမိုကရေ စီပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော် နေသည့် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများနှင့် ပြည့်နှက်နေပေရာ ကောင်းမွန်စွာ ပြင်ဆင်ကိုင်တွယ်နိုင်မှသာ ပြုပြင်ပြောင်းလဲရေး ရှေ့ ဆက်ခြေလှမ်းအတွက်တွန်းအားတစ်ရပ်ဖြစ်လာနိုင်ပေမည်။ အာဆီယံဥက္ကဋ္ဌတာဝန်နှင့် လက်ခံကျင်းပရမည့် အစည်းအဝေးများ အာဆီယံပဋိညာဉ်ပါ အပိုဒ် ၃၁ အရ အာဆီယံ ဥက္ကဋ္ဌရာထူးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏နာမည်အက္ခရာ စဉ် (Alphabetical Order) အတိုင်း နှစ်စဉ် အလှည့်ကျ တာဝန်ထမ်းဆောင်ရပါသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၅ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင် ခွင့်ရခဲ့သော်လည်း ပြည်တွင်းရေး အခြေအနေများနှင့် တာဝန်ထမ်းဆောင်ရန် အဆင်သင့်မဖြစ်သေးဟူသည့်အကြောင်းပြ ချက်ဖြင့် တာဝန် မယူခဲ့ပေ။ မြန်မာနိုင်ငံသည်လက်ရှိဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဘရူနိုင်းနိုင်ငံထံမှ အာဆီယံ ဥက္ကဋ္ဌ ရာထူးကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် ဘရူနိုင်းနိုင်ငံ၊ Bandar Seri Begawan မြို့တွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် လွှဲ ပြောင်းရယူတော့မည်ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူ သည့်အခါ မြန်မာနိုင်ငံက တာဝန်ယူဆောင်ရွက်ရ မည့်အစည်း အဝေးများမှာ အာဆီယံထိပ်သီးအစည်းအဝေး (ASEAN Summit) နှစ်ကြိမ် (၂၄ ကြိမ်မြောက်နှင့် ၂၅ ကြိမ်မြောက်)၊ ဆွေးနွေးဖက်နိုင်ငံများ (Dialogue Partners) ပါဝင်မည့် အရှေ့အာရှဆိုင်ရာ ထိပ်သီးအစည်းအဝေး (East Asia Summit) ၊ အာဆီယံဒေသတွင်း ဖိုရမ် (ASEAN Regio-nal Forum) နှင့် နောက်ဆက်တွဲဝန်ကြီးအဆင့် အစည်း အဝေးများ(Post-Ministerial Conferences) ၊ Dialogue Partners (တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ကုလသမဂ္ဂ စသည့်) တို့နှင့်ပြုလုပ်သည့် သီးသန့်ထိပ်သီးအစည်းအဝေး များဖြစ်ကြသည်။ ထိပ်သီးအစည်းအဝေးများမတိုင်မီ အဆင့် မြင့်အရာရှိများနှင့် ဝန်ကြီးများပါဝင်သော အစည်းအဝေး များကို ကျင်းပလေ့ရှိပါသည်။ အာဆီယံတွင် သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ အီးယူ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် အမေရိကန် စသည့် Dialogue Partner ဆယ်နိုင်ငံရှိပါသည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) သည်လည်း အာဆီယံ၏ဆွေးနွေးဖက်အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်ရမည့် အခရာဖြစ်သော အာဆီယံအစုအဖွဲ့အစည်းအဝေး များမှာCommunity Council သုံးခု၊ ASEAN Coordina-ting Council ၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေး(ASEAN Foreign Ministers Meeting) ၊ အာဆီယံ စီးပွားရေးဝန်ကြီးများအစည်းအဝေး(ASEAN Economic Ministers Meeting) ၊ အာဆီယံကာကွယ် ရေးဝန်ကြီးများ အစည်းအဝေး (ASEAN Defence Ministers Meetings) ၊ ယင်းတို့နှင့် သက်ဆိုင်ရာ Senior Officials Meetings (SOMs) နှင့် ဂျကာတာမြို့ အခြေစိုက် Committee of Permanent Representatives (CPR) တို့ ဖြစ်ကြသည်။ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးခေါင်း ဆောင်များနှင့် အာဆီယံ ခေါင်း ဆောင်များ တွေ့ဆုံဆွေးနွေး ကြသည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေး (ASEAN Business and Investment Summit) နှင့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ကျင်း ပသည့် ASEAN Civil Society Conference/ASEAN People's Forum (ACSC/APF) တို့ကို တာဝန်ယူလက်ခံ ကျင်းပရမည်ဖြစ်သည်။ ထူးခြားချက်တစ်ရပ်အနေဖြင့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူချိန်၌ အာဆီယံ-သြစတြေးလျဆက်ဆံရေး အနှစ် ၄၀ မြောက် အခမ်းအနားကို အာဆီယံထိပ်သီးအစည်းအဝေးနှင့် တစ်ချိန် တည်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်၏ အနှစ်သာရ ဆောင်ပုဒ်(Theme) အာဆီယံအဖွဲ့ဝင်နိုင်ငံအနေဖြင့် မိမိတို့အာဆီယံ ဥက္ကဋ္ဌတာဝန်ယူမည့်နှစ်အတွက် အစည်းအဝေး၏ အဓိကဆို လိုရင်းအနှစ်သာရဆောင်ပုဒ် (Theme) ကို ကြိုတင်စဉ်းစား ပြင်ဆင်၍ တစ်နှစ်ပတ်လုံး ကျင်းပမည့်အစည်းအဝေးများသည် အဆိုပါ Theme အပေါ်အခြေခံပြီး ဆွေးနွေးဆောင် ရွက်လေ့ရှိသည့် အတွက် အလွန်အရေးပါသည်ဟု ဆိုရပေ မည်။ ၂၀၁၃ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌတာဝန်ယူထားသည့် ဘရူနိုင်းနိုင်ငံ၏ Theme မှာ 'ကျွနု်ပ်တို့၏ ပြည်သူများ၊ ကျွနု်ပ်တို့၏အနာဂတ်သို့ အတူတကွချီတက်စို့' ဟုအဓိပ္ပာယ် ရသည့် 'Our People, Our Future Together' ဖြစ်ပါသည်။ အဆိုပါ Theme ၏အနှစ်သာရမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံကြား နိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေး နှင့် ယဉ်ကျေးမှုဆိုင် ရာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက် မှုများကိုမြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ထို့အပြင် အာဆီယံဒေ သ၏အနာဂတ်သည် အာဆီယံဒေသတစ်ခုလုံး ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံလူထုတစ်ရပ်လုံးအနေ ဖြင့် မည်ကဲ့သို့ အတူတကွရှေ့သို့ချီတက်ပြီး လက်တွဲလုပ် ဆောင်နေသလဲဆိုသည့်အချက်အပေါ်တွင် မှီတည်လျက်ရှိ ကြောင်းကို အဆိုပါ Theme က မီးမောင်းထိုးလျက်ရှိပါ သည်။ မြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌတာဝန်ယူမည့် ၂၀၁၄ ခုနှစ်အတွက် Theme မှာ အာဆီယံသမိုင်းတွင် အရှည်ဆုံး ဆောင်ပုဒ်ဖြစ်သည့် 'ငြိမ်းချမ်းသာယာဝပြောသော လူ့ အသိုက်အဝန်းဆီသို့ ညီñွတ်စွာ ရှေ့ဆက်ချီတက်ကြစို့' ဟုအဓိပ္ပာယ်ရသည့် 'Moving forward in unity towards a peaceful and prosperous Community' ပင် ဖြစ်သည်။ အဆိုပါ Theme သည် ကြားနေသဘောနှင့် အာဆီယံဒေသ တစ်ခုလုံး၏ အကျိုးစီးပွားအတွက် ခြုံငုံမိသည့်သဘောရှိပါ သည်။ 'ဒီ Theme ဟာ အဓိပ္ပာယ်ကျယ်ပြန့်ပြည့်စုံတဲ့ Theme တစ်ခုဖြစ်တယ်'ဟု မြန်မာနိုင်ငံကအဆိုပါ Theme ကိုတရားဝင်ကြေညာခဲ့သည့် Bandar Seri Begawan တွင် ကျင်းပခဲ့သော အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေး သို့တက်ရောက်ခဲ့သည့် အာဆီယံ အကြီးတန်းအရာရှိတစ်ဦးက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ အာဆီယံဥက္ကဋ္ဌ၏အခန်းကဏ္ဍ အာဆီယံပဋိညာဉ်ပါ အပိုဒ် ၃၂ အရ အာဆီယံ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံ၏ အခန်းကဏ္ဍမှာ (၁) မူဝါဒဆိုင်ရာဦးဆောင်လုပ်ငန်းစဉ်များ၊ ညှိနှိုင်းဆောင် ရွက်မှုများ၊ အများသဘောတူညီချက်နှင့် ပူးပေါင်း ဆောင်ရွက်မှုနည်းလမ်းများဖြင့် အာဆီယံအသိုက် အဝန်း (ASEAN Community) တည်ထောင်ရန် ကြိုးပမ်းအားထုတ်မှုများအပါအဝင် အာဆီယံ၏ အကျိုးစီးပွားအတွက်တက်ကြွစွာအားပေးမြှင့်တင်ရန်၊ (၂) အာဆီယံဗဟိုပြုမှု (ASEAN Centrality) ကို ခိုင်မာ စေရန်၊ (၃) အာဆီယံကို အကျိုးသက်ရောက်ထိခိုက်စေသည့် အရေးပေါ်ပြဿနာအကျပ်အတည်းများကို ထိရောက် အကျိုးရှိစွာ အချိန်ကိုက်တုံ့ပြန်ဆောင်ရွက်ရန်နှင့် အဆိုပါပြဿနာများကို နှောင့်နှေးခြင်းမရှိဘဲ ချက် ချင်းအရေးယူ ဖြေရှင်းရန်အတွက် အကူအညီများနှင့် စီစဉ်ဆောင်ရွက်မှုများ ပံ့ပိုးရန်၊ (၄) ပြင်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် ပိုမိုရင်းနှီးသော ဆက်ဆံရေးကို မြှင့်တင်ပေးရန်နှင့် ခိုင်မာမှုရှိစေရန် ကြိုးပမ်းခြင်းဖြင့် အာဆီယံကို ကိုယ်စားပြုရန် (၅) ဆက်လက်ပြဋ္ဌာန်းဖွယ်ရှိသည့် အခြားတာဝန်များနှင့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် စသည့်အချက်များကို တာဝန်ယူဆောင်ရွက်ရန်ဖြစ်ပါသည်။ စိန်ခေါ်မှုများစောင့်ကြိုနေ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့်အခါတွင် စိန်ခေါ်မှုများ စွာကြုံတွေ့ရမည်မှာ မြေကြီးလက်ခတ် မလွဲပေ။ ပထမစိန် ခေါ်ချက်တစ်ရပ်မှာ အင်အားကြီး တရုတ်နိုင်ငံ၏ မိတ်ဖက် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ များဖြစ်သည့် မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့် ဗီယက် နမ်တို့၏တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံနှင့် ပိုင် နက်ငြင်းပွားမှုဖြစ်ပွား နေသည့်ပြဿနာကို ကိုင်တွယ်ဖြေရှင်း ရာတွင် အကျပ်အတည်းနှင့် ကြုံတွေ့ရဖွယ်ရှိသည်။ မြန်မာ နိုင်ငံနှင့် တရုတ်နိုင်ငံသည် ကောင်းမွန်သည့်ဆက်ဆံရေးရှိ နေသလို မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူမည့်အရေးကို အားလုံးက သတိထားစောင့်ကြည့် လျက်ရှိသည်။ တောင်တရုတ်ပင်လယ်ပိုင်နက် အငြင်းပွားမှုပြဿနာ သည် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းနှင့် ဆက်နွှယ်ပတ် သက်နေသည့်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက သတိ နှင့် စောင့်ကြည့်နေ သည့်အရေး ကိစ္စတစ်ရပ်ဖြစ်သလို အခြား တစ်ဖက်တွင်လည်း အဆိုပါပြဿနာတွင် အာဆီယံနိုင်ငံများ ပါဝင်ပတ်သက်နေ သည့်အတွက် ဤကဲ့သို့အခြေအနေမျိုးတွင် အာဆီယံဥက္ကဋ္ဌတာဝန်ယူမည့်မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ရေးရာများကို ကိုင်တွယ်ဖြေရှင်းရာတွင် အကျပ်အတည်းကြုံ ရဖွယ်ရှိသည်ဟု သုံးသပ်ကြခြင်းဖြစ်သည်။ Chulalongkorn University ? Institute of Strategic and International Studies rSSenior Fellow ဖြစ်သူ Kavi Chongkittavorn ၏သုံးသပ်ချက်အရ မြန်မာ နိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌတာဝန်ယူစဉ် ကြုံတွေ့ရမည့် အခြားစိန်ခေါ်မှုတစ်ရပ်မှာ မြန်မာနိုင်ငံ၏လက်ရှိပြည်တွင်း ရေးအခြေအနေများသည် ဥက္ကဋ္ဌရာ ထူးတာဝန်ယူချိန် အာဆီယံ လုပ်ငန်းစဉ် (ASEAN Agenda) အပေါ် ကျိန်းသေလွှမ်းမိုးမှု ရှိမည်ဖြစ်သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စဖြစ် သည်။ မလေးရှား၊ ဘရူနိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံ တို့မှ အဆို ပါအရေးကိစ္စနှင့်ပတ်သက်၍ တင်ပြဆွေးနွေးလာနိုင်သည်ကို မြန်မာနိုင်ငံအနေဖြင့် ရှောင်လွှဲ၍မရနိုင်ဟု Chongkittavorn က သုံးသပ်ထားသည်။ အာဆီယံပဋိညာဉ်အရ ၂၀၁၅ ခုနှစ်တွင် အာဆီယံ အသိုက်အဝန်း (ASEAN Community) တည်ထောင်ရန် သတ်မှတ်ထားရာ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူစဉ်ကာလတွင် အပြီးသတ်ပိုင်းကို ကိုင်တွယ် တာဝန်ယူရမည့်သဘောရှိနေပါသဖြင့် အလွန်အရေးပါသည့် ကာလဟုဆိုရပေမည်။ အာဆီယံ အသိုက်အဝန်း အကောင် အထည်ဖော်ရန်အရေးပါသည့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံ ရေးမဏ္ဍိုင် (ASEAN Political and Security Pillar) ၊ အာဆီယံစီးပွားရေးမဏ္ဍိုင် (ASEAN Economic Pillar) နှင့် အာဆီယံလူမှု ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာမဏ္ဍိုင် (ASEAN Social and Cultural Pillar) စသည့် အဓိကမဏ္ဍိုင်သုံးရပ် နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ် ကာ စနစ်ကျကောင်းမွန်သည့်စီမံကိုင်တွယ်မှုများနှင့် မြန်မာ နိုင်ငံ၏စွမ်းဆောင်နိုင်ရည်ကို လှစ်ဟပြသနိုင်မည့်အခွင့် အရေးတစ်ရပ်ဟု ဆိုနိုင်မည်ဖြစ်သည်။ အချုပ်အားဖြင့်ဆိုရလျင် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းပြဿနာများ ရောပြွမ်းနေသည့်အာဆီယံ ၏ဥက္ကဋ္ဌ ရာထူးကိုတာဝန်ယူရာတွင် စိန်ခေါ်မှုများစွာ ကြုံတွေ့ရမည် ဖြစ်သော်လည်း အခြားတစ်ဖက်၌ ငြိမ်းချမ်းပြီး သာယာ၀ ပြောသည့် အာဆီယံအသိုက်အဝန်း ဖြစ်ပေါ်ရေးအတွက် အာဆီယံအဖွဲ့ဝင်အားလုံးက ကြိုးပမ်းအားထုတ်နေချိန်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူခွင့်ရခြင်းအပေါ် အမြော် အမြင်ရှိစွာ (Wise Vision) ကိုင်တွယ်စီမံနိုင်မည်ဆိုပါက အာဆီယံအတွက်သာမကဘဲ မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ် အတွက်ပါ ကြီးမားသည့် အထောက်အကူတစ်ရပ်ဖြစ် လာမည်ဟု ယူဆမိပါသည်။
ဦးအောင်လင်း
ညွှန်ကြားရေးမှူးချုပ်
အာဆီယံရေးရာဦးစီးရာဌာန
နိုင်ငံခြားရေးဝန်ကြီးဌာန
အာဆီယံအဖွဲ့ဝင်ဖြစ်လာပြီဆိုရင် အာဆီယံဥက္ကဋ္ဌတာဝန်ကို အလှည့်ကျတာဝန်ယူ ရပါတယ်။ မြန်မာနိုင်ငံ အနေနဲ့တစ်ချိန် က အာဆီယံဥက္ကဋ္ဌတာဝန်ယူဖို့ အခွင့်ရေးရခဲ့ပါတယ်။ ဒါ ပေမဲ့ အဲဒီအချိန်တုန်းက မြန်မာ့နိုင်ငံ ရေးအခြေအနေက ဒီမို ကရေစီလမ်းကြောင်းအတွက် Seven Steps Road Map ကို အကောင်အထည်ဖော်နေ တဲ့အချိန်၊ ပြည်တွင်းရေးအတွက် ဦးစားပေးကိစ္စတွေကို ဆောင်ရွက်နေရတဲ့အချိန်ဖြစ်တဲ့ အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ရာထူးကိုတော့ အခုလောလောဆယ် တာဝန်ယူနိုင်ခြင်း မရှိသေးပါဘူး၊ အဆင်သင့် ဖြစ်တဲ့ အခါကျရင် တာဝန်ယူပါ့မယ်ဆိုပြီး အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေကို ပြောခဲ့ပါတယ်။ အာဆီယံနိုင်ငံခြား ရေးဝန်ကြီးတွေကလည်း အဲဒါကို လက်ခံ ခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ အဆင်သင့်ဖြစ်တဲ့အခါကျရင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကိုယူဖို့ သူတို့အနေ နဲ့ ထောက်ခံအသိအမှတ်ပြုပါတယ်ဆိုပြီး ကြေညာခဲ့တာ ရှိပါတယ်။
နောက်တော့ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်လာ ခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူး တာဝန်ကိုယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်၊ မေလမှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာပြုလုပ် ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ဆက်လက်ကျင်းပတဲ့ထိပ်သီး အစည်းအဝေးမှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူဖို့ အဆိုပြုချက်ကို သူတို့စဉ်းစား ပြီး ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှာ ဘာလီကျွန်းမှာလုပ်မယ့် အစည်းအဝေးမှာ နောက်ဆုံး ဆုံးဖြတ်ချက်ချမယ်လို့ ပြောခဲ့ပါတယ်။ တစ်ချိန်တုန်း ကတော့ မြန်မာနိုင်ငံအနေနဲ့ အဆင်သင့်ဖြစ်ရင် အာဆီယံဥက္ကဋ္ဌတာဝန်ယူနိုင်တယ်လို့ ထောက်ခံ ပြောကြားမှုတွေရှိခဲ့ပေမဲ့ တကယ်တမ်း ကြိုးပမ်းတဲ့အခါကျတော့ လွယ်လွယ်ကူကူနဲ့ အကောင်အထည်ပေါ်လာခဲ့တာ မဟုတ်ပါဘူး။ အဲဒီတုန်းက အာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့အင်ဒိုနီးရှားက နိုင်ငံခြားရေးဝန်ကြီး၂၀၁၁ ခုနှစ်၊ သြဂုတ်လမှာ မြန်မာနိုင်ငံကိုလာပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူနိုင်မယ့်အခြေအနေနဲ့ပတ်သက်ပြီး လာရောက်လေ့လာခဲ့ပါ တယ်။ အဲဒီနောက် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ မြန်မာနိုင်ငံကို လက်ခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာမှ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူဖို့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်ချက်မျိုးဖြစ်လာဖို့ ဆိုတာဟာ ကျွန်တော်တို့နိုင်ငံအတွက် လွယ်ကူတဲ့ဖြစ်စဉ်မျိုး မဟုတ်ပါဘူး။ နိုင်ငံတွင်း ပြောင်းလဲဖြစ်ပေါ်တိုးတက်မှုတွေရဲ့ ရောင်ပြန်ဟပ်မှုကြောင့်သာ မြန်မာနိုင်ငံအနေ နဲ့ အခုလိုအလှည့်ကျအာဆီယံဥက္ကဋ္ဌ တာဝန်ယူဖို့ အခြေအနေဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။
ဒေါ်မိုးသူဇာ ISEAS Fellow Lead Researcher, Socio-Cultural Affairs ASEAN Studies Centre Institute of Southeast Asian Studies မြန်မာနိုင်ငံအနေနဲ့ အာဆီယံဥက္ကဋ္ဌတာဝန်ယူပြီဆိုရင် တာ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အာဆီယံအနေနဲ့လည်း အလားတူပဲဖြစ်တယ်။ မြန်မာနိုင်ငံ လက်ရှိသွားနေ တဲ့ လမ်းကြောင်းအသစ်ပေါ်မှာ ထိထိရောက်ရောက် ကူညီနိုင်ဖို့ အာဆီယံ ဟာ မြန်မာနိုင်ငံနဲ့ အပြန်အလှန်ဆက် ဆံရေးမဟာဗျူဟာ ကို မြှင့်တင်ရတော့မှာ ဖြစ်တယ်။ မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌအနေနဲ့ ဦးစားပေးမှုတွေချမှတ်ရာမှာ ဦးဆောင်ရမှာဖြစ်တဲ့အတွက် အာဆီယံထုံးတမ်း ဓလေ့နဲ့ အစုအဖွဲ့တွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ အပြောင်းအ လဲဖြစ်ပေါ်စေဖို့ လှုံ့ဆော်ပေးတဲ့အင်အားတွေအကြား အာဆီယံရဲ့ အခန်း ကဏ္ဍတွေကို နက်နက်ရှိုင်းရှိုင်း နားလည်ဖို့က တော်တော်ကို အရေးကြီး ပါတယ်။ မကြာသေးခင်ကာလအထိ အာဆီယံ မှာ မြန်မာနိုင်ငံပေါင်း စည်းရေးကို အထက်တန်း အစိုးရအရာရှိတွေအဆင့်မှာ အဓိက တွန်း အားပေးနေပြီး သာမန်အရာထမ်းနဲ့ အများပြည်သူတွေ ကိုသတင်းပေးရာမှာ ကျယ်ပြန့်နက်ရှိုင်းမှုကတော့ အကန့်အသတ်ရှိနေပါတယ်။ ဒါပေ မဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့ အရှိန်အဟုန်၊ အောင်မြင်မှုနဲ့ တည်တံ့ခိုင် မြဲရေးတို့နဲ့ပတ်သက်ပြီး မြန်မာလူထုသာမကဘဲ နိုင်ငံတကာအသိုက်အဝန်း ကပါ မျော်လင့်ချက် ကြီးကြီးထားနေပါတယ်။ ၂၀၁၅ ခုနှစ်မှာ အာဆီယံအသိုက်အဝန်း (ASEAN Community) ဖြစ်ထွန်းဖို့ ဇယားဆွဲထားတဲ့အတွက် မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မယ့် ၂၀၁၄ ခုနှစ် အာဆီယံအစည်းအဝေးတွေမှာ အဲဒီလိုဖြစ်ထွန်းစေမယ့် အခရာကျတဲ့ ပဏာမခြေလှမ်းတွေ (Key Initiatives) ပါဝင်သင့်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အာဆီယံအသိုက်အဝန်း ပေါ်ပေါက်ရေးဆိုင်ရာ အာဆီယံရှုထောင့် (ASEAN Perspective) ထွက်ပေါ်လာအောင် ကြိုးပမ်းရာမှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ ဥက္ကဋ္ဌအဖြစ်ရှိနေစဉ်မှာ အသေအချာဦးဆောင်နိုင်မှာ ဖြစ်တယ်။ ၂၀၁၄ ခုနှစ် အာဆီယံအစည်းအဝေးတွေအတွက် ထောက်ပံ့ပို့ဆောင်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းပြင်ဆင်မှုတွေကို မြန်မာနိုင်ငံအနေနဲ့ အထူးအလေးထားဖို့လိုပါတယ်။ အစည်းအဝေးတွေအောင်မြင်အောင် ညှိနှိုင်းမှုတွေကို အခြားအာဆီယံအသင်းဝင်နိုင်ငံတွေ၊ ပြည်တွင်းကဝန်ကြီးဌာနတွေ၊ အစိုးရမဟုတ်တဲ့ကဏ္ဍတွေ၊ ဟိုတယ်နဲ့ အခြားဝန်ဆောင်မှု လုပ်ငန်းအဆင့်တွေမှာ ပြုလုပ်ရမှာဖြစ်တယ်။ ဒါနဲ့ဆက်စပ်ပြီး မီဒီယာဆက်ဆံရေး စီမံကိုင်တွယ်မှုကလည်း အရေး ကြီးပါတယ်။ ၂၀၁၄ ခုနှစ် အာဆီယံအစည်းအဝေး ကိုယ် စားလှယ်တွေ မရောက်သေးခင်မှာ သူတို့တွေအတွက် သယ်ယူပို့ဆောင်ရေး၊ နေရာထိုင်ခင်းနဲ့ ဆက်သွယ်ရေး လိုအပ် ချက်တွေကို ဖြည့်ဆည်းပေးဖို့ လက်ရှိ ရှိနေတဲ့အခြေခံ အဆောက်အအုံ မွမ်းမံအဆင့်မြှင့်တင်ရေးကို စူးစိုက်ဆောင်ရွက်ဖို့ လိုပါတယ်။
Dr Tanya Laohathai ASEAN Associate Fellow Singapore Institute of International Affairs အာဆီယံနိုင်ငံရေးနဲ့ လုံခြုံရေးမဏ္ဍိုင် (ASEAN Political and Security Pillar ) ရှုထောင့်ကသုံးသပ်ရရင် မြန်မာနိုင်ငံ အနေနဲ့ ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်ယူတဲ့အခါမှာ ပဋိပက္ခကြိုတင်ကာကွယ်ရေး (Conflict Prevention) နဲ့ ပဋိပက္ခ အလွန်ငြိမ်းချမ်းရေးတည်ဆောက်မှု (Post-conflict peace building) ကို ပိုပြီး ကိုင်တွယ်ရလိမ့်မယ်လို့ မြင်မိ ပါတယ်။ အဲဒီအထဲကတစ်ခုကတော့ အာဆီယံရေပိုင်နက် လုံခြုံရေးကိစ္စဖြစ်ပြီး လူပြောများနေတဲ့ အာဆီယံနိုင်ငံတွေ နဲ့ တရုတ်နိုင်ငံအကြား တောင်တရုတ်ပင်လယ်ရေပိုင်နက် အငြင်းပွားမှုပြဿနာ ဖြစ်ပါတယ်။ ဒီကိစ္စအရေးပါရတဲ့ အကြောင်းအရင်းနှစ်ရပ် ရှိပါတယ်။ ပထမတစ်ချက်ကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံလေးနိုင်ငံနဲ့ တရုတ်နိုင်ငံကြားဖြစ်ပွား နေတဲ့ရေပိုင်နက်အငြင်းပွားမှုအပေါ်မှာ အာဆီယံရဲ့စွမ်းဆောင် နိုင်မှု ဘယ်အတိုင်းအတာအထိရှိတယ်ဆိုတာကို အစမ်း အသပ်ခံရနိုင်ပါတယ်။ ဒါဟာ အာဆီယံဒေသတွင်းစည်းလုံး ညီñွတ်မှုနဲ့ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းဆွေးနွေးပြီး အတူတကွ လုပ်ဆောင်နိုင်မှုကို အစမ်းသပ်ခံရဖို့ရှိနေတဲ့သဘောပါပဲ။ ဒုတိယအချက်ကတော့ အထူးသဖြင့် အမေရိကန် လို ပြင်ပအင်အားစုတွေနဲ့ အကျိုးရှိရှိထိရောက်စွာ ဆက်ဆံ နိုင်ဖို့ အာဆီယံရဲ့စွမ်းဆောင်ရည်အပေါ်မှာ အစမ်းသပ်ခံရ နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်အနေနဲ့ လည်း အခုချိန်မှာ အာဆီယံရေးရာတွေကို အလေးထားစိတ် ဝင်စားနေတဲ့ အချိန်ဖြစ်တဲ့အတွက်ပါပဲ။ အာဆီယံအနေနဲ့ အင်အားကြီးနိုင်ငံတွေနဲ့ ဆက် ဆံရေးကို ကောင်းစွာ ကိုင်တွယ်နိုင်မလားဆိုတာကတော့ တကယ့်ကို စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူမယ့် မြန်မာနိုင်ငံဟာ အင်အားကြီး နိုင်ငံတွေနဲ့ ဆက်ဆံရာမှာ သူတို့တွေမျက်စိကျဖို့အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ကိုင်တွယ်ဆောင် ရွက်ဖို့ အရေးကြီးပါတယ်။