News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
အမေရိကန်စီးပွားရေး၊ ကမ္ဘာ့စီးပွားရေးနှင့် ကမ္ဘာ့ရွှေဈေးနှုန်း
Editorial
October 24, 2013
Article
Feature
ကမ္ဘာ့စီးပွားရေးဟာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးနဲ့ ပတ်သက်ဆက်နွှယ်နေတယ်ဆိုတာကိုတော့ ငြင်းချက်ထုတ်စရာရှိမယ် မထင်ပါဘူး။ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကျဆင်းပြီး ဒေါ်လာတန်ဖိုး အားလျော့လာတဲ့အချိန်မှာ ရွှေဈေးတက်လာပြီး စီးပွားရေးသမားတွေက ရွှေကို ဝယ်စုပြီး ရင်းနှီးမြှုပ်နှံကြပါတယ်။ အမေရိကန်စီးပွားရေး အနည်းငယ်ပြန်ပြီးကောင်းလာ တဲ့ အခါမှာတော့ အမေရိကန်ဒေါ်လာ အနည်းငယ် ပြန်မာလာပြီး ရွှေဈေးကျဆင်းခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဧပြီလလယ်မှာ ရွှေဈေးဟာ အံ့သြလောက်စရာကောင်းလောက်အောင် တစ်အောင်စကို ဒေါ်လာ ၂၇၀ အထိ ကျဆင်းခဲ့ပါတယ်။ အခု ရွှေဈေးက တစ်အောင်စကို ဒေါ်လာ ၁ç၄၀၀ ခန့်ရှိနေပါတယ်။ အမေရိကန် စီးပွားရေးရဲ့ ကမ္ဘာ့စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု၊ ဒေါ်လာဈေးနှုန်းနဲ့ ရွှေဈေးနှုန်းအဆက်အစပ် စတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ပထမပုဂ္ဂလိက ဘဏ်ရဲ့ ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်နဲ့ တွေ့ဆုံမေးမြန်းခဲ့တာကို ဖော်ပြပေးလိုက်ပါတယ်။ ရွှေဈေးနှုန်းအတက်အကျအကြောင်းအရင်း ရွှေဈေးကျတဲ့အကြောင်းပြောရင် ဘာကြောင့်ရွှေဈေးတက် သလဲဆိုတာကို ပြန်ပြောဖို့ လိုပါလိမ့်မယ်။ ငွေကြေးအပိုင်းမှာ ဆိုရင် ရွှေ၊ ဒေါ်လာ၊ ယူရို၊ ယန်း စတဲ့အရေးပါတဲ့ငွေကြေး တွေ၊ Asset တွေရှိတယ်။ သူတို့နဲ့အပြိုင် ရေနံ၊ အိမ်ခြံမြေ စတာတွေရှိတယ်။ ပထမအချက်အနေနဲ့ ရွှေဈေးတက်သွား တာ ဘာကြောင့်လဲဆိုတာ အရင်ဆန်းစစ်ကြည့်ရမှာဖြစ်တယ်။ ရွှေနဲ့အနီးစပ်ဆုံးကတော့ ဒေါ်လာ ဖြစ်တယ်။ အမေရိကန် နိုင်ငံရဲ့စီးပွားရေးကြောင့် ဒေါ်လာက တော်တော်အခြေအနေ ယိုင်နေတယ်။ အမေရိကန်ရဲ့ ပြည်တွင်းစီးပွားရေးကိုကြည့် ရင် Budget Deficit ကလည်း တအားများနေပြီးCurrent Account Balance ကလည်း Deficit ဖြစ်နေတယ်။ ပြည်ပ ကြွေးမြီကလည်းအများကြီးပဲ။ အမေရိကန်စီးပွားရေးယိုင်နေ တဲ့အတွက် အမေရိကန်နိုင်ငံရဲ့ပါတီကြီးနှစ်ခုကလည်း ညှိ လို့မရဖြစ်ပြီး ဒေါ်လာအပေါ် ယုံကြည်မှုအင်မတန်ကျသွား တယ်။ တစ်ချိန်တည်းမှာပဲ ဒေါ်လာကို အစားထိုးဝင်ရောက် နိုင်တဲ့ယူရိုငွေကြေးကလည်း ဥရောပဇုန်အကျပ်အတည်းဖြစ် တော့ အခက်တွေ့သလို ရေနံဈေးတွေကလည်း တက်တဲ့အခါ Store of Value အနေနဲ့ ရွှေကို စုကြတယ်။ ကိုယ့်မှာရှိတဲ့ Wealth ကို Protect လုပ်ဖို့အတွက် ဒေါ်လာဆိုရင် ရှုံးမှာ သေချာနေတော့ ရွှေဘက်ကို အာရုံစိုက်ကြတာဖြစ်တယ်။ အဲဒီတော့ ရွှေဈေးက အမေရိကန်ဒေါ်လာ ၁ç၇၀၀ လောက်အထိ ခုန်တက်သွားပြီး အဲဒီကနေ ပြန်ကျလာတာ အခုဆိုရင် ၁ç၃၀၀ ဝန်းကျင်လောက်ဖြစ်သွားတယ်။ ရွှေဈေး ပြန်ကျသွားတာဟာ ဈေးတက်သွားရတဲ့ အခြေခံအကြောင်း အရာတွေနဲ့ ဆက်နွှယ်နေပါတယ်။ အမေရိကန်စီးပွားရေး ပြန်ကောင်းလာတဲ့အတွက် အခုဒေါ်လာက နည်းနည်းပြန် မတ်လာတယ်။ အမေရိကန်မှာ အလုပ်လက်မဲ့နှုန်းတွေ ကျဆင်းလာသလို Budget Deficit လည်း လျော့လာပြီး ပါတီကြီးနှစ်ခုကလည်း အခြေအနေနည်းနည်းပြန်ကောင်း လာတယ်။ ခြုံငုံသုံးသပ်ကြည့်ရင်တော့ ဂျပန်နဲ့ ဥရောပနိုင်ငံ တွေလို စီးပွားရေးအင်အားကြီးနိုင်ငံတွေရဲ့ စီးပွားရေး နည်း နည်းပြန်ပြီး ခိုင်မာသလိုဖြစ်လာတဲ့အတွက် ဒေါ်လာက အနည်းငယ် ပြန်မတ်လာတယ်။ ဒါကြောင့် ဒေါ်လာနဲ့ ရွှေဈေးက အပြန်အလှန်ဆက်စပ်နေတဲ့အတွက် ဒေါ်လာ ဈေးနှုန်းကျရင် ရွှေဈေးကတက်သွားတယ်။ အခုအမေရိကန်ရဲ့ စီးပွားရေးအခြေအနေ နည်းနည်းပြန်ကောင်းလာတဲ့အတွက် ဒေါ်လာကလည်း ပြန်မတ်လာတဲ့အခါ တစ်ဖက်မှာ ရွှေဈေး ကလည်း ပြန်ကျသွားတယ်။
ရွှေကို အသုံးချနည်းအမျိုးမျိုးရှိပြီး အဓိကအားဖြင့် ၅၀ ရာခိုင်နှုန်းလောက်က Jewellery အတွက် အသုံးပြုကြ တယ်။ နောက်တစ်ခု Investment လုပ်ကြတယ်။ နောက် တစ်ချက်အနေနဲ့ ဟိုတုန်းက ဗဟိုဘဏ်တွေဟာ ဒေါ်လာကို အများကြီးကိုင်ထားကြတယ်။ အခုတော့ ဒေါ်လာကိုင်ထား တာကို တဖြည်းဖြည်းလျော့ချပြီး ရွှေကိုဝယ်ကြတယ်။ ဥပမာ- အိန္ဒိယအစိုးရ၊ တရုတ်အစိုးရ၊ ဘရာဇီးအစိုးရတို့ဟာ ရွှေကို ပြန်စုကြတယ်။ အခုဗဟိုဘဏ်တွေရဲ့ ရွှေဝယ်နှုန်း တက်လာတယ်။ တစ်ချိန်တုန်းကဆိုရင် ၈၀ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်းလောက်ထိ ဒေါ်လာကို Reserve အနေနဲ့ထား ခဲ့ပေမဲ့ အခုအချိန်မှာ ၆၅ ရာခိုင်နှုန်းလောက်အထိ ကျသွား တယ်။ အခုအချိန်မှာ အမေရိကန် စီးပွားရေးအခြေအနေတိုး တက်လာပြီး ဒေါ်လာပြန်မတ်လာတဲ့အတွက် တစ်ဖက်မှာ ရွှေဝယ်တာ အနည်းငယ်ကျဆင်းသွားတယ်။ အမေရိကန် စီးပွားရေးပြန်တက်တော့ အမေရိကန်စတော့ဈေးကွက်လည်း ပြန်တက်လာတယ်။ ရွှေကအသေဖြစ်တဲ့အတွက် ရွှေကိုင်ထား တာ အတိုးမရဘူး။ တန်ဖိုးတက်မှပဲ အမြတ်ရမယ်။ စတော့ ဈေးကွက်မှာ Invest လုပ်ရင်တော့ ရှယ်ယာဈေးနှုန်းတွေ တက်ရင် အမြတ်အများကြီးရမယ်။ အနည်းဆုံးအမေရိကန် အစိုးရရဲ့ Bond ဝယ်ရင်တောင်မှ အတိုးနှုန်းနှစ်ဒေါ်လာ၊ သုံးဒေါ်လာရမှာဖြစ်တယ်။ ဒါကြောင့် အဲဒီဘက်ကိုလူတွေက ပြန်လှည့်လာတဲ့အတွက် ရွှေဈေးက ပြန်ကျလာတာဖြစ်တယ်။ အမေရိကန်စီးပွားရေး ပြန်မတ်စေတဲ့အခြားအကြောင်းတစ်ခု ကတော့ Shale Gas တွေအများကြီးတွေ့လာတဲ့အတွက် ဖြစ် တယ်။ အမေရိကန်အနေနဲ့ တစ်ချိန်တုန်းက စွမ်းအင်တွေ၊ Gas တွေကို အခြားနိုင်ငံတွေကနေ အများကြီးတင်သွင်းခဲ့ရ တာ ဖြစ်တယ်။ အခုလို Shale Gas တွေ တွေ့ရှိလာတာက လည်း အမေရိကန်စီးပွားရေး ပြန်လည်ကောင်းမွန်လာစေတဲ့ အချက်တွေထဲက တစ်ခုဖြစ်တယ်။ အဲဒါကတော့ ရွှေဈေးကွက်ကို Impact ဖြစ်လောက်တဲ့ အနေအထားမရှိဘူးလို့ ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ ရွှေထုတ်ရောင်းမယ်လို့ စဉ်းစားမယ်ဆိုရင် ရွှေဈေးကို မထိ ခိုက်အောင် ဘယ်လိုစည်းကမ်းမျိုးနဲ့ ရောင်းဝယ်ခွင့်ပြုမယ် ဆိုတာမျိုးက IMF ချမှတ်ထားတာရှိတယ်။ တရုတ်ပြည် မှာတော့ အရန်ငွေကြေးအနေနဲ့ ရွှေအနည်းအကျဉ်း ရှိမယ်။ ရွှေကိုစုတာကတော့ European Central Bank က အများ ဆုံးစုတယ်။ ဗဟိုဘဏ်တွေရဲ့ ကျင့်ဝတ်ရှိတဲ့အတွက် ရွှေ ရောင်းမယ်ဆိုရင်လည်း ရွှေဈေးကို အလွန်အမင်းထိခိုက်စေ တာမျိုးမလုပ်ရဘူး။ ရောင်းရင်တောင် နည်းနည်းချင်းပဲ ရောင်းရတယ်။
အမေရိကန်စီးပွားရေးရဲ့ကမ္ဘာ့ငွေကြေးစနစ်အပေါ် လွှမ်းမိုးနိုင်မှု အမေရိကန်စီးပွားရေးကကျနေတော့Quantative Easing (QE) လို့ခေါ်တဲ့စီးပွားရေး ပြန်လည်ကောင်းမွန်လာအောင် ထောက်ပံ့နှိုးဆွတဲ့အနေနဲ့ အစိုးရက သူရောင်းထားတဲ့ Securities တွေ၊Corporate Bonds တွေကို ဒေါ်လာတွေ ရိုက်ထုတ်ပြီးပြန်ဝယ်တယ်။ တစ်လကိုဒေါ်လာ ၈၅ ဘီလီယံ Inject လုပ်ဖို့ အမေရိကန်ဗဟိုဘဏ် (Federal Reserve) ကဆုံးဖြတ်ခဲ့တယ်။ အခုစီးပွားရေးအခြေအနေက နည်းနည်း ပြန်ကောင်းလာတော့Quantative Easing ကိုပြန်လျော့ဖို့ စဉ်းစားလာတယ်။ အမေရိကန်ရဲ့စီးပွားရေးက ကမ္ဘာ့ငွေကြေး စနစ်မှာ အခရာလိုဖြစ်နေတဲ့အတွက် သူက နည်းနည်းလေး လှုပ်လိုက်တာနဲ့ ဂယက်တွေ အများကြီးရှိလာတယ်။ အဲဒီ ဂယက်ကြောင့် လူတွေကဝိုင်းပြောတဲ့အခါ အမေရိကန်ဗဟို ဘဏ်ဥက္ကဋ္ဌ Ben Bernanke က ဒါကို ချက်ချင်းမလုပ်သေး ပါဘူးဆိုပြီး ပြန်ပြီးဘရိတ်အုပ်ရတယ်။ အဲဒီမှာ စည်းကမ်း ချက်နှစ်ခုရှိပြီး ပထမအချက်ကတော့ အလုပ်လက်မဲ့နှုန်း ၇.၅ ရာခိုင်နှုန်းကနေ ၆.၅ ရာခိုင်နှုန်းအထိ ကျသွားတော့မှ၊ အလုပ်လက်မဲ့ဦးရေးလျော့လာပြီး စီးပွားရေးဦးမော့လာမယ် ဆိုမှ ဒေါ်လာ ၈၅ ဘီလီယံကနေ ၆၅ ဘီလီယံစသဖြင့် တစ်စတစ်စလျော့မယ်ဆိုတာ ဖြစ်တယ်။ နောက်တစ်ချက် ကတော့ Securities တွေ၊ ဘာတွေကို ပြန်ဝယ်ဖို့အတွက် ဒေါ်လာကို ရိုက်ထုတ်ရတာဖြစ်တဲ့အတွက် တစ်ဖက်ကလည်း Inflation ထည့်သွင်းစဉ်းစားရတာရှိတယ်။ အခုသူတို့ Inflation ကို ၂ ရာခိုင်နှုန်းလောက်မှာ ထိန်းမယ်ဆိုပြီးလုပ် ထားတယ်။ ဘာကြောင့်လဲဆိုတော့ ဆက်ပြီးပိုက်ဆံတွေ ရိုက်ထုတ်နေမယ်ဆိုရင် Inflation က ဦးမော့လာမှာဖြစ် တယ်။ ဒါကြောင့် ခြုံငုံပြီးပြောရရင်Federal Reserve ရဲ့ Objective နှစ်ခုမှာ တစ်ခုက Inflation ထိန်းဖို့နဲ့ နောက် တစ်ခုက အလုပ်လက်မဲ့နှုန်းလျော့ချဖို့ ဖြစ်တယ်။ ဒါကြောင့် ကမ္ဘာ့ငွေကြေးစနစ်ဟာ Federal Reserve ရဲ့ Policy နဲ့ အများကြီးဆက်စပ်နေပါတယ်။ အခု QE ကို တဖြည်းဖြည်း လျော့မယ့်အလားအလာကြောင့် အိန္ဒိယရဲ့ Rupee နဲ့ အင်ဒို နီးရှားရဲ့ Rupiah တို့အပေါ် ဂယက်ရိုက်ခတ်မှုတွေ ဖြစ်ပေါ် နေသလို အာရှနိုင်ငံတွေရဲ့ ရှယ်ယာဈေးတွေအပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိနေတယ်။ အမေရိကန်စီးပွားရေးနှင့် ကမ္ဘာ့စီးပွားရေး ဟိုတုန်းက အမေရိကန်မှာ Full Employment Act ဆိုတာ ရှိတယ်။ Full Employement ဆိုတဲ့အဓိပ္ပာယ် က ဟိုတုန်းကတော့ ၄ ရာခိုင်နှုန်းလောက်ကို ဆိုလိုတာဖြစ် တယ်။ အခုကတော့စီးပွားရေးအခြေအနေတအားပြောင်းလာ တဲ့အတွက် ၆.၅ ရာခိုင်နှုန်းလောက်ဆိုရင် Normal ဖြစ် တယ်လို့ယူဆကြတယ်။ သူတို့ကတော့ဒါကို New Normal လို့ခေါ်တယ်။ ကမ္ဘာ့စီးပွားရေးနဲ့ နှိုင်းယှဉ်ကြည့်ရင် အမေ ရိကန်စီးပွားရေးဟာ Import လုပ်ရတာများနေတာနဲ့ ယှဉ် ပြိုင်မှုအားတွေ (Competitiveness) ကျဆင်းလာတဲ့အတွက် Budget Deficit ၊ Trade Deficit ၊ Current Account Deficit ဖြစ်နေတယ်။ ဟိုတုန်းက ကမ္ဘာ့စီးပွားရေးမီးရထား ခေါင်းတွဲကြီးလိုဆွဲနေတာက အမေရိကန်စီးပွားရေးဖြစ်ပေမဲ့ အခုကျတော့ ဆွဲအားကျဆင်းလာတယ်။ အခု အမေရိကား ရော EU ပါ ဆွဲအား မရှိတော့ဘူး။ အခုခေါင်းတွဲဆွဲနေတာ က တရုတ်၊ အိန္ဒိယ၊ ဘရာဇီး စတဲ့ BRICS နိုင်ငံတွေဖြစ် တယ်။ အခုတစ်ခါ တရုတ်စီးပွားရေးကလည်း Slowdown ဖြစ်လာပြီ။ အမေရိကန်ရဲ့ စီးပွားရေးအခြေအနေကြောင့် တရုတ်ကလည်း အမေရိကန်ကို Export သိပ်မလုပ်ရတဲ့ အတွက် Domestic Consumption ဘက်ကိုပြန်လှည့်နေ တယ်။ တစ်ကမ္ဘာလုံးရဲ့ စီးပွားအခြေအနေက Slowdown ဖြစ်နေတယ်။ ဂျပန်ဆိုရင်လည်း ဆယ်စုနှစ်နှစ်ခုလောက် Deflation ဖြစ်ခဲ့ပြီး Shinzo Abe တက်ပြီးမှ Monetary Policy နဲ့ Fiscal Policy အသစ်တွေချမှတ်ပြီး လုပ်တာ ကြောင့် နည်းနည်းပြန်ပြီး ဦးမော့လာတာဖြစ်တယ်။ အခု ဂျပန်လည်း အမေရိကန်လိုပဲQuantative Easing လုပ်နေ တယ်။ Inflation အဖြစ်ခံပြီး ပိုက်ဆံတွေရိုက်ထုတ်နေတယ်။ အဲဒါက ဘယ်လောက်အတိုင်းအတာထိ အောင်မြင်မလဲတော့ မသိဘူး။ ကမ္ဘာ့စီးပွားရေးက Globalized Economy ဖြစ် တဲ့အတွက် တစ်နိုင်ငံနဲ့တစ်နိုင်ငံ ငွေရေးကြေးရေးတွေလည်း ဆက်စပ်ချိတ်ဆက်(Financial Globalization) နေတဲ့အ တွက်ကြောင့် တစ်နိုင်ငံရဲ့လုပ်ရပ်က အခြားတစ်နိုင်ငံအပေါ် အကျိုးသက်ရောက်မှုရှိနေတယ်။ အမေရိကန်ကQE လုပ်ပြီး ပိုက်ဆံတွေရိုက်ထုတ်ရင် အခြားနိုင်ငံတွေမှာ Inflation Impact တွေရှိတယ်။ အခု ဂျပန်ကQE လုပ်မယ်ဆိုရင်လည်း အနည်း နဲ့အများတော့ ထိမှာပဲ။ ဒါပေမဲ့ သူတို့က အဲဒါကို ကြိုညှိ ပြီးမှ လုပ်ကြတာ ဖြစ်တယ်။ ဟိုတုန်းကလည်း အဲဒီလိုပဲ ဒေါ်လာဈေး အဆမတန်တက်ရင် စီးပွားရေးအင်အားကြီး နိုင်ငံ လေးငါးခုညှိပြီး Exchange Rate တွေညှိကြတာမျိုး ရှိတယ်။ ဒါကြောင့် ရွှေဈေးအပါအဝင် ကမ္ဘာ့စီးပွားရေးချင်း၊ ငွေကြေးစနစ်ချင်း အကုန်လုံးဆက်စပ်နေတယ်။ နိုင်ငံတကာစီးပွားရေးသမားတွေရဲ့ လုပ်နည်းလုပ်ဟန် စီးပွားရေးသမားတွေက အမြဲတွက်ချက်နေတယ်။ သူတို့နိုင်ငံ မှာက စတော့ဈေးကွက်ကြီးတွေရှိတယ်။ အတိုးမရပေမဲ့ ရွှေ ကိုပဲဆက်ကိုင်ထားမလား၊ စတော့ဈေးကွက်တွေ အခြေအနေ ပြန်ကောင်းလာတဲ့အတွက် စတော့ဈေးကွက်မှာပဲ Invest လုပ်မလား၊ အတိုးနည်းပေမဲ့ Bonds ဝယ်ရမလား စသဖြင့် သူတို့က အမြဲတွက်ချက်နေတယ်။ သူတို့က အမြတ်များများ ရချင်တော့ Alternative Investment ကိုအမြဲရှာနေတယ်။ ဒီမှာတော့ မြေနဲ့ ရွှေပဲရှိတယ်။ ဒေါ်လာကလည်း ဗဟိုဘဏ် ကထိန်းတာလေးတွေရှိနေတော့ သိပ်မကိုင်ရဲကြဘူး။ အခု ဒေါ်လာက အတော်အသင့် ပြန်အားကောင်းလာတော့ ကမ္ဘာ့ ရွှေဈေးကျပြီး ဒီမှာလည်း အထိုက်အလျောက်လိုက်ကျ တယ်။ ပြည်တွင်းရွှေဈေးနှုန်းကတော့ တရုတ်ဘက်ကလည်း ဝင်ထွက်နေတယ်၊ ဘန်ကောက်ဘက်ကလည်း ဝင်ထွက်နေ တာမျိုးရှိတဲ့အတွက် ဘန်ကောက်ရွှေဈေးနဲ့ရော၊ တရုတ် ရွှေဈေးနဲ့ပါ အားလုံးအဆက်အစပ် ရှိနေတယ်။ လက်ရှိအချိန်မှာ မြန်မာစီးပွားရေးသမားတွေအတွက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအကြံပြုချက် Investment ကတော့ အကုန်ဖြန့်ထားရမှာပဲ။ Diversify လုပ်ထားရမှာဖြစ်တယ်။ တစ်ခုတည်းမှာပြုံထည့် လို့မဖြစ်ဘူး။ ရွှေကိုလည်း ဝယ်သင့်သလောက်ဝယ်၊ အိမ်ခြံ မြေကောင်းတွေက ရှားသွားပြီဖြစ်ပေမဲ့၊ ဈေးမြင့်ပေမဲ့ တန်ဖိုးမကျနိုင်တဲ့ အလားအလာရှိတဲ့နေရာမျိုးတွေ အထိုက် အလျောက်ဝယ်တာမျိုး လုပ်နိုင်တယ်။ အလားအလာရှိတဲ့ ကုမ္ပဏီတွေမှာလည်း Invest လုပ်ထားနိုင်တယ်။ တစ်ခုရှုံး ရင် တစ်ခုနဲ့ ထေမိဖို့အတွက် Risk ကို Balance လုပ်ထား ရမှာဖြစ်တယ်။ ဒေါက်တာစိန်မောင်
Facebook
Twitter
LinkedIn
RELATED POSTS
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
လူငယ်ခေါင်းဆောင်များအတွက် ခေါင်းဆောင်မှုဆိုင်ရာထိပ်တန်းအကြံပြုချက်များ
Posted On August 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း