၁၉၉၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ၂၅ နှစ်ကာလအတွင်းမှာ တန်ဖိုးမြင့် ၊ ဒီဇိုင်းခန့်နာရီတွေက ဈေးနှုန်းမြင့်တက်နေတဲ့ဘက်ကိုပဲ ဦးတည်နေပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက Lange 1 ၊ IWC Double Chronograph နဲ့ Audemars Piquet Royal Oak Offshore စတဲ့ နာရီတံဆိပ်တွေကို ဝယ်ထားတဲ့သူတွေဆိုရင် ဒီနာရီတွေရဲ့တန်ဖိုးက အဆမတန်မြင့်တက်လာတာကို သိကြမှာပါ။ ဒီကာလအတွင်း ငွေဖောင်းပွလာမှုက ၅၃ ရာခိုင်နှုန်းပဲရှိပေမယ့် ဒီနာရီဒီဇိုင်းတွေရဲ့ဈေးနှုန်းက နှစ်ဆဖြစ်လာပြီး Rolex Submariner နဲ့ Patek Philippe Jautilus နာရီတွေကတော့ ဈေးနှုန်းသုံးဆကနေ လေးဆယ်ထိတောင် မြင့်တက်လာပါတယ်။