မပျံနိုင်ဘဲ အမြင့်ရောက်နိုင်သလား

decynn2

ကြက်ဆင်တစ်ကောင်က နွားတစ်ကောင်နဲ့ စကားစပ်မိချိန်မှာ ကျွန်တော် သစ်ပင်ထိပ်ကို တက်ချင်လိုက်တာဗျာလို့ ပြောတော့ နွားက ''အေး၊ မင်း ငါ့ချေးကို စားရင်တော့ အားဖြစ်တာ သေချာတယ်ကွ၊ ဒါဆို သစ်ပင်ပေါ် အလွယ်ရောက်လိမ့်မယ်'' လို့ အကြံပေးသတဲ့။ ဒီတော့ ကြက်ဆင်လည်း နွားအကြံပေးတဲ့အတိုင်း စားကြည့်တော့ မယုံနိုင်စရာကောင်းအောင် တကယ်အားဖြစ်ပြီး သစ်ပင်ပထမကိုင်းကို ရောက်သွားသတဲ့။ ဒါနဲ့ သဘောကျပြီး နောက်ရက်မှာ နွားချေးကို ထပ်စားပြန်တော့ ဒုတိယကိုင်းအထိ ရောက်ပြန်ရော။ နောက်ရက် ထပ်စား၊ ထပ်တက်ပေါ့။ ဒီလိုနဲ့ မကြာခင် သူဟာ သစ်ပင်ထိပ်ဖျားအထိ ရောက်သွားပါရောတဲ့။ အဲဒီမှာ လယ်သမားတစ်ယောက်က သစ်ပင်ထိပ်က သူ့ကို မြင်သွားပြီး သေနတ်နဲ့ ပစ်ချလိုက်တာ မြေကြီးပေါ် ဗုန်းခနဲ ပစ်ကျသွားပါရောတဲ့။

ဥပဒေသ ။ ။ မလျော်မကန် ညစ်ထေးသော ကူညီမစမှုမျိုးဖြင့် သင်သည် ထိပ်ဖျားအထိ တက်ကောင်းတက်နိုင်ပါမည်။ သို့သော် ယင်းအကူအညီက သင့်ကို ထိပ်ဖျားမှာ ထာဝရရှိနေအောင် ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပါ။

အပြုံးဖြင့် စီမံ၊ အပြုံးဖြင့် နာခံနိုင်ကြပါစေ။

ရီနေနိုင်