[caption id="attachment_10893" align="alignnone" width="370"]
ဒေါ်မြပွင့်ဖြူ
Managing Director
Pyinsaman Laban CO LTD[/caption]
စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics ရဲ့ အရေးပါပုံ
ကျွန်မအနေနဲ့ Business Ethics က ဘာကိုသွားထင်ဟပ်လည်းဆိုရင် Business ရဲ့ Philosophy တစ်ခုပဲ ဖြစ်တယ်လို့ပြောချင်ပါတယ်။ အတွေးအခေါ်ပိုင်းနဲ့ ကျင့်ဝတ် တစ်ခုပေါ့။ ဒါကြောင့် Ethics ဟာ ကိုယ့်စီးပွားရေးလုပ်ငန်းမှာ အရေးပါပါတယ်။ ဘယ်လို Business ပဲဖြစ်ဖြစ် သူ့ရဲ့ Professional အလိုက်၊ ကုမ္ပဏီအလိုက် သူ့ Ethics နဲ့ သူရှိပါတယ်။ ကျင့်ဝတ်တစ်ခု၊ ဒါမှမဟုတ် Philosophy တစ်ခုအနေနဲ့ စီးပွားရေးမှာ အရေးပါတယ်။ ကျွန်မတို့ ကုမ္ပဏီမှာဆိုရင် Customer နှစ်မျိုးရှိပါတယ်။ Internal Customer နဲ့External Customer နှစ်မျိုးပါ။ Internal Customer က ကိုယ့်အတွင်းကဝန်ထမ်းဖြစ်ပြီး၊ External Customer ကတော့ ကိုယ်နဲ့ Trade လုပ်နေတဲ့ ကုမ္ပဏီ တွေ၊ကိုယ့်ဆီမှာ အားပေးနေတဲ့ Retail Customer တွေပဲ ဖြစ်ပါတယ်။ Internal Customer တွေကိုလည်း Ethics နဲ့ပတ်သက်တဲ့ Knowledge တွေကို Sharing လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှလည်းExternal Customer တွေနဲ့ ဆက်ဆံတဲ့ နေရာမှာ ကိုယ်ပိုင်သတ်မှတ်ထားတဲ့ ကျင့်ဝတ် စံနှုန်းတွေနဲ့ အညီလုပ်ဆောင်နိုင်မှာပါ။ ဒါကြောင့် Business Ethics က ကုမ္ပဏီရဲ့အတွင်းကဝန်ထမ်းမှာရော အပြင်က Customer တွေနဲ့ ဆက်ဆံတဲ့နေရာမှာပါ အရေးကြီးပါ တယ်။ ဒါတွေအကုန်လုံးက Ethics တွေပဲဆိုတော့ စီးပွား ရေးမှာ နအ့ငချ က အလွန်အရေးပါတယ်လို့ ဆိုချင်ပါ တယ်။
စီးပွားရေးလုပ်ရာမှာ Ethics မရှိရင်ဖြစ်လာနိုင်မယ့် အကျိုး ဆက်
Ethics မရှိတဲ့သူနဲ့ စီးပွားရေးအရဆက်ဆံမယ်ဆိုရင်၊ ဝန်ထမ်းအနေနဲ့ အလုပ်ခန့်ထားမယ်ဆိုရင် သူ့ရဲ့ Manners နဲ့ Ethics ကို လေ့လာသင့်ပါတယ်။ နိုင်ငံတော်တော် များများမှာ ကလေးတွေကို ငယ်စဉ်က တည်းက High School Level ကတည်းက ဒီ Manners တွေ Ethics နဲ့ပတ်သက်ပြီး သင်ပေးတာပါ။ ဒါပေမဲ့ Business Ethics တော့ မဟုတ်ဘူးပေါ့။ Business Ethics ကUniversity Level တွေမှ သင်ရတာဖြစ်ပါတယ်။ Ethics က ဘယ် လောက်ထိ အရေးကြီးလဲဆိုတာကို သိဖို့လိုပါတယ်။ တချို့ တွေဆိုရင် Ethics ကိုသိပ်နားမလည်ကြဘူး။ အဲလိုမျိုးတွေ မသိကြတဲ့အတွက် လုပ်ငန်း ခွင်တွေထဲမှာ ပြဿနာတွေဖြစ်ကြ တယ်။ လူတစ်ယောက်မှာ မကြာခဏ ပြဿနာတက်နေ တာတွေ့လို့ကြည့်လိုက်ရင် သူ့မှာ အဲဒီ ကျင့်ဝတ်သိက္ခာ ပိုင်းဆိုင်ရာမှာ အားနည်းချက်ရှိတာကိုတွေ့ရတယ်။ သူက တော့ မသိဘဲနဲ့ လုပ်တာမျိုးဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ မကြာခဏဖြစ်နေတော့ သူ့ကိုလူတွေက မဆက်ဆံချင် တော့ဘူး။ အဲဒီလိုဖြစ်လာရင် သူ့အနေနဲ့ လုပ်ငန်းခွင်မှာ အောင်မြင်နိုင်မှာမဟုတ်တော့ဘူး။လူဆိုတာကလည်း ကျင့် ဝတ်သိက္ခာတွေ ကို စောင့်ထိန်းမှ ယုံကြည်မှုဆိုတာရှိလာတာ ပါ။ Positive Thinking နဲ့ တရားဥပဒေအရ ကောင်း တဲ့အတွေးအခေါ်တွေကို ကြိုးစားမွေးမြူသင့်ပါတယ်။ အ လုပ်တစ်ခုဆိုတာ ယုံကြည်မှုနဲ့တည်ဆောက် တာ ဖြစ်တဲ့အ တွက် Ethics မရှိတဲ့သူနဲ့ဆိုရင် ဘယ်သူဖြစ်ဖြစ် လက်တွဲပြီး အလုပ်လုပ်ချင်မှာမဟုတ်ဘူး။ ဒါကြောင့် လူတိုင်းဟာ ဒီလိုမျိုး Ethics နဲ့ Manner တွေကို သိထားသင့်တယ်။ သိထားမှလည်း ထိန်းသိမ်းလိုက်နာနိုင်မှာ ဖြစ်ပါတယ်။ ဒါမှ အောင်မြင်တဲ့ ီးပွားရေးသမားအဖြစ် ရေရှည်ရပ်တည်နိုင်မှာပါ။
Manner ရှိ၊ မရှိဆိုတာ ကိုယ့်ရဲ့ Role Model နဲ့ ဆိုင်၊ မဆိုင်
Ethics ရှိတယ်၊ မရှိဘူးဆိုတာ Role Model နဲ့မဆိုင်ဘူး ဆိုပြီး ပြောလို့မရဘူး။ Business Role Model မှာလည်း သူ့ရဲ့ နေထိုင်ပုံ၊ သွားလာပုံတွေ ဒါတွေအားလုံးက အတု ယူစရာတွေချည်းပဲဆိုတော့ Role Model နဲ့ဆိုင်တယ်လို့ ဆိုချင်ပါတယ်။ အပြင်မှာရှိနေတဲ့ Role Model တွေဆိုရင် လည်း သူတို့တွေ ရှေ့ကလုပ်ပြတာကို လူတွေက အတုယူ ကြတာပါ။ နောက်တစ်ခုက တအားအောင်မြင်တိုင်းလည်း သူ့မှာ Ethics ရှိတယ်၊ ကျင့်ဝတ်သိက္ခာတွေ ရှိတယ်ဆိုပြီး ပြောလိုမရပါဘူး။ ဒါကြောင့် သေသေချာချာသိအောင် လေ့လာဖို့ အင်မတန်အရေးကြီးပါတယ်။ အင်မတန်လည်း သက်ဆိုင်ပါတယ်။
Ethics နဲ့ပတ်သက်လို့ လေးစားရတဲ့ပုဂ္ဂိုလ်
Ethics နဲ့ပတ်သက်ပြီးလေးစားရတဲ့ပုဂ္ဂိုလ်ဆိုရင် Designer အမျိုးသမီးထဲမှာတော့ Danna Karan ပဲဖြစ်ပါ တယ်။ DKNY Brand ကို စတင်တည်ထောင်တဲ့သူပါ။ သူ့ရဲ့ Clothing Line နဲ့ Business က သိပ်ပြီး အားကျအတုယူချင်စရာကောင်းပါတယ်။ နောက်တစ်ယောက်ကတော့The Baby shop ရဲ့ Founder ဖြစ်တဲ့ Anita Roddick ပါ။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအများကြီးပါ။ သီးသန့် ပုံစံမျိုး ထုတ်ပြရင်တော့ Dragon Co Ltd က မသီတာသန့်ပါ။ သူကလည်း သူ့ Product လုပ်တဲ့နေရာ၊ ဝန်ထမ်းတွေကို ထိန်းသိမ်းတဲ့နေရာ၊ အုပ်ချုပ်တဲ့နေရာ၊ Market ပိုင်း စတဲ့နေရာတွေမှာ သူ့ကိုအတုယူစရာ ဖြစ်စေပါ တယ်။ နိုင်ငံ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ယဉ်ကျေးမှုအရ၊ ဘာသာတရား အရ Business Ethics က ကွာခြားတာတွေလည်း ရှိပါ တယ်။ ထားတဲ့စံနှုန်းပေါ်မှာ မူတည်တာပေါ့။
စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လိုက်နာထားရှိသင့်တဲ့ Ethics
စီးပွားရေးလုပ်ငန်းမှာဆိုရင် ကိုယ့်ရဲ့ပြိုင်ဘက်တွေ၊ ကိုယ့် ရဲ့ရှယ်ယာဝင်တွေ၊ Internal Customer နဲ့ External Customer တွေရှိမယ်။ အဲဒါတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ယုံကြည်မှုကို ရအောင်လုပ်ဖို့ လိုပါတယ်။ ယုံကြည်မှုရနေ မှပဲ ရေရှည်မှာအဆင်ပြေမှာ ဖြစ်ပါတယ်။ အဲဒီယုံကြည်မှု ဆိုတာလည်း ဒီကျင့်ဝတ်တွေ၊ သိက္ခာတွေနဲ့ပဲ တည်ဆောက် ရတာပါ။ အပေါ်ယံတည်ဆောက်လို့ရတာ မဟုတ်တဲ့ အ တွက် Ethic က အရေးကြီးပါတယ်။ စီးပွားရေးလုပ်မယ် ဆိုရင် အရင်ဦးဆုံးဝန်ထမ်းတွေကို လူတွေနဲ့ ဘယ်လိုစကား ပြောရမယ်၊ Customer တွေနဲ့ ဘယ်လိုဆက်ဆံရေးတွေ တည်ဆောက်ရမယ်ဆိုတာကို အရင် Training ပေး သင့်ပါ တယ်။ကိုယ့်ဘက်ကလည်း စံနမူနာဖြစ်အောင် နေပြရမှာ ပါ။
Ethical မဖြစ်တဲ့သူတွေကို တွေ့ရင်
လူ့ကျင့်ဝတ်မှာ အတိမ်းအစောင်းဖြစ်ရင် လက်တွဲရတာ အဆင်မပြေပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အတွက် လည်း ဒုက္ခရောက်နိုင်သလို Business တစ်ခုလုံးလည်း ပျက်စီးနိုင်တယ်လေ။နောက်တစ်ခုက အဲလို Ethical မဖြစ် တဲ့သူနဲ့ကိုယ်နဲ့ လုပ်ငန်းတွေကို တွဲလုပ်နေတဲ့အတွက် ကိုယ့် ရဲ့ Image ပါထိုးကျသွားနိုင်တယ်။ ကိုယ်ပါရေရှည်ရပ် တည်ဖို့ ခက်ခဲသွားလိမ့်မယ်ထင်ပါတယ်။ Ethics က ကျသွား ခဲ့ရင်ပြန်တက် ဖို့အတွက် ယုံကြည်မှုကိုပြန်ပြီး တည်ဆောက် ရတာဖြစ်တာကြောင့် တော်တော်လေးကို အချိန်ပေးရမှာဖြစ် တယ်။ ဒါကြောင့် သူတို့တွေနဲ့ လက်တွဲလုပ်ဖို့ မသင့်လျော် ဘူးလို့ ထင်ပါတယ်။
နိုင်ငံတကာကဝင်လာရင် Ethics ဖောက်တာတွေပိုများနိုင်တဲ့ အတွက် ကြိုတင်ပြင်ဆင်ထားသင့်ပုံ
နိုင်ငံတကာမှာလည်း နိုင်ငံအလိုက် သူတို့ရဲ့ Ethical Law တွေရှိပါတယ်။ သူတို့စံနှုန်းနဲ့လုပ်ထားတာပါ။ ကိုယ့်ဆီက Ethics နဲ့တူချင်မှတူမယ်။ ဒါပေမဲ့ ဒီဘက်ကနေပြီးတော့ သူနဲ့ကိုယ်နဲ့ ညှိနှိုင်းမှုတွေ လုပ်ရမှာပါ။ သူ့ဘက်ကနေ ဘာတွေကိုလုပ်ပေးနိုင်လဲ၊ ကိုယ့်ဘက်ကရော ဘယ်လောက် ထိလျှော့ချပေးနိုင်မလဲစသဖြင့်ပေါ့။ ဒီမှာလည်း လုံးဝလျှော့ ချပေးလို့မရတဲ့ ကျင့်ဝတ်အစဉ်အလာတွေ၊ ရိုးရာဓလေ့တွေ ရှိနေပါတယ်။ ဒါတွေကိုအတတ်နိုင်ဆုံး ညှိနှိုင်းရမှာပေါ့။ သူတို့လက်ခံနိုင်ဖို့လည်းလိုသလို ကိုယ့်ဘက်ကလည်း ပြန်ပြီး တော့မှ သူတို့ဆီက သင့်လျော်တဲ့ Ethics တွေကို လည်း လက်ခံနိုင်ရမှာပါ။ အဲဒါမျိုးညှိနှိုင်းပြီးတော့မှ အဆင်ပြေ အောင် လုပ်ကိုင်သင့်ပါတယ်။
စီးပွားရေးလုပ်ငန်းစလုပ်မယ့်သူတွေကို Ethics နဲ့ပတ်သက်ပြီး အကြံပြုချင်တာရှိရင်
Ethics ဆိုတာ ကိုယ့်ကုမ္ပဏီရဲ့ Philosophy နဲ့ Image ဖြစ်တဲ့အတွက် စီးပွားရေးစလုပ်မယ့် သူတွေကလည်း ကိုယ့် ကုမ္ပဏီကို ဘယ်လိုအတွေးအခေါ်ပုံစံတွေ၊ Trends တွေနဲ့ တည်ဆောက်မလဲဆိုတာ အရင်ဆုံး ခိုင်မာစွာရေးဆွဲသင့်ပါ တယ်။ ဘယ်လို Ethics မျိုးတွေကို Internal Customer တွေကို သင်ကြားပေးမယ်၊External Customer တွေနဲ့ ဆိုရင် Business ကို ဘယ်လောက်ထိ Compromise လုပ် မယ်ဆိုတာ သေချာရေးဆွဲသင့်ပါတယ်။ Ethics ဆိုတာ လည်း Business ရဲ့ Philosophy ပဲဆိုတော့ အလေး ထားပြီး ဆောင်ရွက်သင့်ပါတယ်။ ချမှတ်ပြီးသား Ethics တွေကို မိမိနဲ့တကွဝန်ထမ်းတွေအားလုံး လိုက်နာ စောင့်ထိန်း အာင် လမ်းညွှန်ပြသပေးရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင် ရင် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့် Customer၊ ကိုယ့် Business အောင်အောင်မြင်မြင် အဆင်ပြေမယ်လို့ ယူဆပါ တယ်။